HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား၊ အထိမ်းအမှတ်ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲ မုခ်ဦးဖွင့်ပွဲ စည်ကားစွာ ကျင်းပ

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား၊  အထိမ်းအမှတ်ပြခန်းများနှင့် ပျော်ပွဲရွှင်ပွဲ မုခ်ဦးဖွင့်ပွဲ စည်ကားစွာ ကျင်းပ

ဘားအံ၊ နိုဝင်ဘာ ၇

(၆၃)နှစ် မြောက် ကရင်ပြည်နယ်နေ့အခမ်း အနားကို နိုဝင်ဘာ ၇ ရက် နံနက် ၇ နာရီက ကရင်ပြည်နယ်၊ ဘားအံ မြို့ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့ ရုံးရှေ့မြက်ခင်းပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပ တိအဖွဲ့ဝင်များအဖြစ် ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစော ချစ်ခင်၊ ပြည်နယ်တရားသူကြီးချုပ် ဦးစောစံလင်းတို့ကဆောင်ရွက်ကြ ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်အပေါင်းအား အလေး ပြုကြကာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် ၂ဝ၁၈ ခုနှစ် (၆၃)နှစ် မြောက် ကရင်ပြည်နယ်နေ့ သဝဏ် လွှာကို ဖတ်ကြားသည်။

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်ပြည် နယ်နေ့ အထိမ်းအမှတ် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်ဝန်ကြီးများက ပြည် နယ်ဂုဏ်ထူးဆောင်ထူးချွန်ဆုရရှိ သူများကို ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။

 

ဆက်လက်၍ အမျိုးသားလွှတ် တော်ဒုတိယဥက္ကဋ္ဌဦးအေးသာ အောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသားလွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးနိုင်သက်လွင်၊ ပြည်နယ်ဝန် ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ် ခင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က ပြခန်းများ နှင့် ပျော်ပွဲရွှင်ပွဲမုခ်ဦးဖွင့်ပွဲကို ဖဲ ကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ကရင်ပြည်နယ်နေ့ကို ၁၉၅၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာ ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၆၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း သိ ရသည်။ 

ZMT

#democracytoday

Rate this item
(0 votes)
back to top