HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြဝတီမြို့ ဖလူးကျေးရွာဘက်တွင် ဝဥ သွားတူးသည့် ဒေသခံရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

မြဝတီမြို့ ဖလူးကျေးရွာဘက်တွင် ဝဥ သွားတူးသည့် ဒေသခံရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

မြဝတီ၊ နိုဝင်ဘာ ၁၁

ကရင် ပြည်နယ် မြဝတီမြို့နယ် ဖလူး ကျေးရွာအုပ်စု မင်းလက်ပံကျေး ရွာမှ ရွာသားတစ်ဦး တောထဲသို့ ဝဥသွားတူးရာမှ မြေမြှုပ်မိုင်းတစ် လုံးနင်းမိပေါက်ကွဲကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့နယ် ဖလူး ကျေးရွာအုပ်စု မင်းလက်ပံကျေးရွာ နေ ဇော်ဝင်းဌေး(၃၇)နှစ်သည် ¤င်း နှင့်တစ်ရွာတည်းနေ သူငယ်ချင်း မောင်နိုင်နှင့်အတူ ဖလူးကျေးရွာ ၏ အနောက်တောင်ဘက် ငါးမိုင် ခန့်အကွာ ကျောက်တောင်နောက် ကျောနေရာတွင် နိုဝင်ဘာ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်က ဝဥ သွားတူးရာမှ မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲပြီး ဘယ်ဘက်ခြေ ထောက်တွင် ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။

''အဲဒီနေရာတွေက အရင်တုန်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာတွေပါ။ နှစ်ဖက်တပ်တွေက နင်းမိုင်းတွေထောင်ထားကြတာ နှစ်တွေကြာပေမယ့် နင်းမိရင် ပေါက် ကွဲနိုင်ပါတယ်။ ဒါကြောင့် သတိပေး ဆိုင်းဘုတ်တွေရေးသားပြီး စိုက်ထူ ထားပါတယ်။ ဒါပေမဲ့ ရွာသား တွေက မဖြစ်သေးတော့ အလေး မထားကြဘူး။ အဲဒီနယ်မြေဒေသ တွေကိုလည်း မိုင်းရှင်းလင်းရေးတွေ မလုပ်နိုင်သေးတော့ သတိပေးဆိုင်း ဘုတ်တွေတော့ ထောင်ပေးထားပါတယ်''ဟု တပ်မတော်မှ အရာရှိ တစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ် ရာရရှိသူ ဇော်ဝင်းဌေးအား မြဝတီ မြို့နယ် သင်္ဃန်းညီနောင်ရှိ အမှတ် (၇) တပ်မတော်စစ်ဆေးရုံ (၂၅ ခုတင်ဆံ့) တွင် ဆေးကုသမှုခံယူပြီး ညနေ ၄ နာရီခန့်တွင် မြဝတီပြည် သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top