HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

M Bwe

M Bwe

Website URL:

ဂိုလန် ကုန်းမြင့်ဒေသကို အစ္စရေး ပိုင်ဆိုင်ကြောင်း အမေရိကန်က အသိအမှတ်ပြု

ဂျေရုဆလင်၊ မတ် ၂၂

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အငြင်းပွားလျက်ရှိနေ သော ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးတို့က ပိုင်ဆိုင်ကြောင်းကို အမေရိကန်အသိအမှတ်ပြုမည် ဖြစ်ကြောင်း မတ် ၂၂ ရက်က ထုတ် ဖော်ပြောဆိုလိုက်သည်။ ၁၉၈၇ ခုနှစ်က ဆီးရီးယားတို့ထံမှ အစ္စရေးတို့က သိမ်းပိုက်ထားပြီး မဟာဗျူဟာအချက်အချာကျသော ယင်းကုန်းမြင့်ဒေသအား အစ္စရေးတို့ပိုင်ဆိုင်ကြောင်းအတည် ပြုနိုင်ရန် အမေရိကန်အစိုးရက စဉ်းစားနေကြောင်းလည်း ထုတ် ဖော်ပြောဆိုလိုက်သည်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် နောက်ရက်သတ္တပတ်အတွင်း အ မေရိကန်သို့ သွားရောက်လည်ပတ် မည်ဖြစ်သည်။ ဝန်ကြီးချုပ်နေတန် ယာဟုသည် ဂိုလန်ကုန်းမြင့်ဒေသအား အစ္စရေးပိုင်ဖြစ်ကြောင်း အသိ အမှတ်ပြုပေးရန် ကမ္ဘာ့နိုင်ငံများသို့ မေတ္တာရပ်ခံပန်ကြားခဲ့သည်။

Read more...

အမေရိကန်၏ နှစ်ဦးနှစ်ဖက် အကျိုးတူဆွေးနွေးရန် တောင်းဆိုမှုကို ပါလက်စတိုင်းခေါင်းဆောင်အဖွဲ့က ပယ်ချ  

ဂျေရုဆလင်၊ မတ် ၂၂

ပါလက်စတိုင်း ဒုတိယဝန်ကြီး ချုပ်နှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သူ နာဘီလ်အဘူရူဒင်နားက အလည်အပတ်ရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို၏ နှစ်ဖက်အကျိုး တူဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပါလက်စတိုင်း ခေါင်းဆောင်အဖွဲ့က လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း ပြောကြားခဲ့သည်ကို ဆင်ဟွာသတင်းက မတ် ၂၂ရက်တွင်ဖော်ပြ ခဲ့သည်။ အနောက်ဘက်ကမ်းမြို့ ရာမာလာ၌ သတင်းစာရှင်းလင်းပွဲပြု လုပ်ရာတွင် အဘူရူဒင်နားက ပွန်ပီယို၏ ကမ်းလှမ်းချက်ကို ပြန်ကြားလိုက်ကြောင်း ပါလက်စတိုင်းဦး သျှောင်အဖွဲ့က အမေရိကန်က ဂျေရုလဆလင်ကို အစ္စရေးနိုင်ငံ မြို့တော်ဖြစ်သည်ဆိုသည့် ကြေညာ ချက်ကိုမရုပ်သိမ်းမချင်း ပါလက်စတိုင်းက အမေရိကန်နှင့် ဆက်ဆံမှုပြုလုပ်မှာမဟုတ်ကြောင်း ပြန်ကြားလိုက်သည်ဟု ပြောကြားခဲ့သည်။

Read more...

UNODC မှ ထောက်ပံ့ကူညီသည့် မြန်မာနိုင်ငံ၏ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း ထုတ်ကုန်ကော်ဖီကို ပြင်သစ်နိုင်ငံ ပါလီမန်တွင် စတင်မိတ်ဆက်

ပဲရစ်၊ မတ် ၂၂

မြန်မာနိုင်ငံ၏ အရှိန်အဟုန် မြင့်မားစွာကြီးထွား လာသော ကော်ဖီကုန်ထုတ်လုပ်ငန်း ၏အရေးကြီးသော အရွေ့တစ်ခုတွင် UNODC နှင့် ပြင်သစ်ကော်ဖီကုမ္ပဏီ(Malongo) တို့ပူးပေါင်း၍ ရှမ်း တောင်တန်းဒေသထွက် အရည်အ သွေးမြင့် ကော်ဖီအမှတ်တံဆိပ်အသစ် တစ်ခုကို မတ် ၂၂ရက်က ပြင်သစ် ပါလီမန်တွင် စတင်မိတ်ဆက်ခဲ့သည်။ ပထမဆုံးသော ရှမ်းတောင် တန်းဒေသထွက် ကော်ဖီ အရသာ မြည်းစမ်းခြင်းနှင့် အစီရင်ခံတင်ပြ ခြင်းကို ပါလီမန်ရှိသမ္မတခန်းမဆောင်တွင်ကျင်းပခဲ့ပြီး President of the National Assembly Richard Ferrand နှင့် အခြားထင်ရှားသည့် ဧည့်သည်တော် ဆယ့်နှစ်ယောက် တက်ရောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှမ်းတောင်တန်းဒေသထွက် ကော်ဖီဖွင့်လှစ်ရောင်းချခြင်းကို ပဲရစ် မြို့နှင့် နိုက်စ်မြို့ရှိ Malongo အ ရောင်းဆိုင်များတွင် ပြုလုပ်ခဲ့သည်။

Read more...

တရုတ်အရှေ့ပိုင်း ဓာတုစက်ရုံ ပေါက်ကွဲ၊ ၄၄ ဦးသေဆုံး  

ယန်ချင်း၊ မတ် ၂၂

တရုတ်နိုင်ငံအရှေ့ပိုင်း၌ ဓာ တုဗေဒစက်ရုံတစ်ရုံတွင် ကြီးမား သော ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား ခဲ့ရာ သေဆုံးသူ ၄၄ ဦးရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက မတ် ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ နိုင်ငံပိုင်ပြည်သူ့ နေ့စဉ်သတင်း စာက ဖော်ပြရာတွင် ပေါက်ကွဲ မှုကြောင့် ကြီးကြီးမားမားဒဏ်ရာ ရရှိသူ ၉ဝ ရှိကြောင်း၊ ပေါက်ကွဲမှု ပြင်းထန်လွန်းသဖြင့် အနီးအနားရှိ နေအိမ်များမှ ပြတင်းပေါက်များ အားလုံးပိတ်ပြီးဖြစ်သားခဲ့ရ သည်ဟုဆိုသည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် တုန်လှုပ်မှုမှာ မဂ္ဂနီကျု ၂ ဒသမ ၂ ရှိ ငလျင်တုန်လှုပ်သည်နှင့် တူ ညီကြောင်း သက်ဆိုင်ရာက ပြော ကြားလိုက်သည်။

Read more...

အာကာသစစ်စခန်း တည်ဆောက်ရေးကိစ္စ ဆွေးနွေးရန် အမေရိကန်က ငြင်းပယ်ခြင်းအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး စိုးရိမ်  

ဂျီနီဗာ၊ မတ် ၂၁ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဖ်ကတာလတ် ပစ်နျူကလီးယားလက်နက် (INF) အရေးအခင်းနှင့် အမေရိကန်က အာကာသ၌ စစ်စခန်းတည်ဆောက် ရေးကိစ္စဆွေးနွေးရန် ငြင်းဆန်မှုအ ပေါ် ၎င်းအနေဖြင့် စိုးရိမ်မိကြောင်း ပြောကြားလိုက်သည်ဟု ဆင်ဟွာသတင်းက မတ် ၂၁ ရက်တွင် ရေးသားခဲ့သည်။ ကုလသမဂ္ဂ၏နိုင်ငံပေါင်းစုံ ပါဝင်သည့်လက်နက်ဖျက်သိမ်းရေး (ဂျီနီဗာမြို့)ညီလာခံတွင် လက်ဗ ရော့ဖ်က အမေရိကန်ပြည်ထောင်စုသည် နျူကလီးယားစမ်းသပ်မှုကို ပြန်လည်ပြုလုပ်လိုပုံရကြောင်း ပြောကြားလိုက်သည်။

Read more...

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ် နှစ်သစ်ကူးပွဲတွင် ဗုံးပေါက်၊ နှစ်ဦးသေဆုံး၊ များစွာဒဏ်ရာရ

ကဘူးလ်၊ မတ် ၂၁ 

အာဖဂန်နစ္စတန် ကဘူးလ်မြို့ အနောက်ပိုင်း ဘုရားကျောင်းတစ် ကျောင်းအနီး နှစ်သစ်ကူးပွဲတော် ကျင်းပနေစဉ် ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သက်ဆိုင်ရာက ပြောကြားလိုက်သည်။ သေဆုံးသူနှစ်ဦးနှင့်ဒဏ်ရာရသူ ၁၄ ဦးကို အလီအာဘက် ဆေး ရုံကို ပို့ပေးခဲ့ကြောင်း၊ ပေါက်ကွဲမှုမှာ ဂျမ်မင်မီနာအရပ်၌ မတ် ၂၁ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး အရာရှိက ဆင်ဟွာသတင်းကို ပြောခဲ့သည်။

Read more...

ယာဉ်မောင်းက ကျောင်းကားကို မီးရှို့၊ အီတလီရဲတပ်ဖွဲ့က ကလေး ၅၁ ဦးကို ကယ်တင်ခဲ့

ရောမ၊ မတ် ၂၁

မတ် ၂ဝ (ဗုဒ္ဓဟူးနေ့)က အီတလီနိုင်ငံတွင် ကျောင်းဘတ်စ် ကားတစ်စီးအား ကားဒရိုင်ဘာက ပြန်ပေးဆွဲသွားခဲ့သည်။ ထို့နောက် အဆိုပါဒရိုင်ဘာက ဘတ်စ်ကားကို ဓာတ်ဆီများ ပက်ဖျန်းကာ မီးတင်ရှို့ခဲ့သည်။ ၎င်းက ဤသို့မီးရှို့ ရခြင်းမှာ မြေထဲပင်လယ်၌ ရွှေ့ ပြောင်းလာသူများ ရေနစ်သေဆုံးရမှုအတွက် လက်စားချေခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

Read more...

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု သုံးနှစ်အတွင်း အကြီးမားဆုံး ကျဆင်း

ပေကျင်း

တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ဖေဖော်ဝါရီလအတွင်းက သုံးနှစ်အတွင်း အကြီးမားဆုံးကျဆင်းခဲ့ကြောင်း၊ တရားဝင်အချက် အလက်များတွင် ပြသချက်အရ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခုနှစ်အစောပိုင်းမှ စတင်၍ ၂ဝ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ ယင်းသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးပဋိပက္ခကြောင့်ဖြစ်ကြောင်း သိရသည်။

Read more...

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်

ဆိုးလ်

အမေရိကန် ထောက်လှမ်းရေးအကြီး အကဲသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစစ်ဆင်ရေး ဆိုင်ရာ အရေးကိစ္စကို ဆွေးနွေးရန်အတွက် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြောင်း တောင်ကိုရီးယား အစိုးရအရာရှိတို့က ပြောကြားခဲ့သည်။

Read more...

EU က ဘရက်ဇစ် အစီအစဉ်သစ်ကို ချပြရန် ဗြိတိန်ကို ဖိအားပေး

ဘာလင်

ဥရောပသမဂ္ဂ (EU) စေ့စပ်ညှိနှိုင်းရေး အကြီးအကဲက ဗြိတိန်နိုင်ငံအနေနှင့် အီးယူမှ မတ် ၂၉ ရက်တွင် နုတ်ထွက်မည့် မူလအစီအစဉ်သစ်ကို တင်ပြရမည်ဖြစ်ကြောင်း သတိ ပေးပြောကြားခဲ့သည်။ ဘရက်ဇစ်ဆိုင်ရာ အီးယူစေ့စပ်ညှိနှိုင်း ရေးအကြီးအကဲ မိုက်ကယ်ဘာနီယာက အီးယူအဖွဲ့ဝင်နိုင်ငံမှ ဝန်ကြီးများနှင့် တွေ့ဆုံပြီး နောက် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed