HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၈

 

မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၁၉၄ မိုင် ၃ ဖာလုံရှိ မိုင်းလီကျေးရွာအနီး မသင်္ကာဖွယ်ရပ်တန့်ထားသည့် Dyna  ခြောက်ဘီးကားပေါ်မှ ငွေကျပ်သိန်း ၁၃ဝ တန်ဖိုးရှိ တရားမဝင်သစ်များကို အောက်တိုဘာ ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။  မန္တလေးမှ မူဆယ်သို့သွားရောက်မည့် ယာဉ်များအား သတင်းအရ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ် ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်စဉ် ယင်းသို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရသည်။

 

 

ဆက်လက်ဖတ်ရှုရန် ...

ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ် မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၈

 

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေကာ ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လာမည့်ရက်အနည်းငယ်အတွင်း မိုးများရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘောဇသာဒီ နန်းတော်မြေနန်းကို ပြာသာဒ်ဆောင် ပြန်လည်တူးဖော်စဉ် တွေ့ရှိခဲ့သော ရှေးဟောင်း ကျွန်းတိုင်လုံးများကို အများပြည်သူ လေ့လာနိုင်ရန် ပြသထား

ပဲခူး၊ အောက်တိုဘာ ၈

 

ဘုရင့်နောင်မင်းတရားကြီးတည်ထားခဲ့ သော ကမ္ဘောဇသာဒီနန်းတော် မြေနန်းပြာသာဒ်ဆောင် ပြန်လည်တူးဖော်စဉ်တွေ့ရှိခဲ့သော ရှေး ဟောင်းကျွန်းတိုင်လုံးများအား အများပြည်သူလေ့လာသိရှိနိုင်ရန် ပဲခူးမြို့ အဆိုပါမြေနန်းပြာသာဒ် ဆောင်၌ ပြသထားရှိကြောင်း သိရသည်။ အဆိုပါကျွန်းတိုင်များသည် သက္ကရာဇ် ၁၅၅၃ ခုနှစ် ဘုရင့် နောင်မင်းတရားကြီးလက်ထက် ကမ္ဘောဇသာဒီနန်းတော်တည် ဆောက်စဉ်ကအသုံးပြုခဲ့သော ကျွန်းတိုင်ကြီးများဖြစ်ပြီး သက္ကရာဇ် ၁၅၉၉ ခုနှစ်တွင် ဤနန်းတော်ကြီး မီးလောင်ဖျက်ဆီးခံခဲ့ရပြီးနောက် နှစ်ပေါင်းလေးရာကျော် မြေအောက်၌ ကြွင်းကျန်နေခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ဗိုလ်တထောင်-အင်းစိန် Yangon Water Bus စတင်ပြေးဆွဲသည့် ပထမနေ့တွင် စီးနင်းသည့် ခရီးသည်များပြား

ရန်ကုန်၊ အောက်တိုဘာ ၇

 

ဗိုလ်တထောင်-အင်းစိန် Yangon Water Bus  ခရီးစတင်ပြေးဆွဲသည့် ပထမနေ့တွင် စီးနင်းသည့် ခရီးသည်များပြားခဲ့ကြောင်း သိရသည်။ စတင်ပြေးဆွဲခဲ့သည့် အောက်တိုဘာ ၇ ရက် တစ်ရက်လုံးကို အခမဲ့ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ပြေးဆွဲသည့် သင်္ဘောခေါက်ရေတိုင်းတွင်စီးနင်းသည့် ခရီးသည်များအပြည့် ကို သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း Tint Tint Myanmar ကုမ္ပဏီမှ Product Manager ဦးထွန်းနိုင် လင်းက ပြောသည်။

 

ဆက်လက်ဖတ်ရှုရန် ...

မန်းကျုံး အရှေ့ဘက် ပလက်ဖောင်းပေါ်တွင် အရက်ထိုင်သောက်သူ သုံးဦးကို ဆိုင်ကယ် ၁ဝ စီးဖြင့် ရောက်ရှိလာသူများ သံတုတ်ဖြင့် ဝင်ရောက် ရိုက်နှက်

မန္တလေး၊ အောက်တိုဘာ ၇

 

မန္တ လေးမြို့၊ ကျုံးအရှေ့ဘက်ပလက် ဖောင်းပေါ်တွင် အရက်ထိုင်သောက်သူသုံးဦးအား ဆိုင်ကယ် ၁ဝ စီးဖြင့် ရောက်ရှိလာသော အမည်မသိလူများက သံတုတ်ဖြင့်ဝင်ရောက်ရိုက်နှက်ရာမှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။ 

 

ဆက်လက်ဖတ်ရှုရန် ...

မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၂၂)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူ

မကွေး၊ အောက်တိုဘာ ၇

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီး မှူး၍ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၂၂)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂နာရီတွင် မြသလွန်စေတီတော်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ''နမောတဿ''သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ ရာဇမုနိ တောင်ပေါ်ကျောင်းတိုက်၊ မဓာနနာယက၊ နိုင်ငံတော်သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တကေလာသ (မဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူ မြတ်တို့ချီးမြှင့်တော်မူသော ပရိတ် တရားတော်များကိုနာယူကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း မြဝတီ ခရိုင်ဆေးရုံကြီးသို့ သွားရောက်၍ လူနာများကို ထောက်ပံ့ငွေပေးအပ်

မြဝတီ၊ အောက်တိုဘာ ၆

 

ပြည် ထောင်စုလွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် အောက်တို ဘာ ၆ ရက် နံနက် ၉ နာရီက မြဝတီခရိုင်ဆေးရုံကြီးသို့လာရောက်ပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လိုက်လံကြည့်ရှု အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စံနှုန်းပြည့်မီရန် ရေဝင်ရေထွက် စနစ်ကို ပြုပြင်မည်

ရန်ကုန်၊ အောက်တိုဘာ ၆

 

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်ရွေးချယ်ထားသည့် စံနှုန်းသတ်မှတ်ချက်များထဲမှ ရေဝင် ရေထွက်စနစ်နှင့်ပတ်သက်၍ မြောက်ဦးရှိလက်ရှိရေစီးရေလာစနစ်များကိုပြန်လည်ပြင်ဆင်ပြုပြင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရေဝင်ရေထွက်စနစ်ကိုပြုပြင်ရန်ယူနက်စကို၏ အကူအညီဖြင့် ဗီယက်နမ်နိုင်ငံမှပညာရှင် မှာသြဂုတ်လအတွင်းက မြောက်ဦးသို့လာရောက်လေ့လာခဲ့ပြီးဖြစ် ကာပြုပြင်မှုများကိုမိုးကုန်သည့်အချိန်တွင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြောက်ဦးကမ္ဘာ့အမွေ အနှစ်တင်သွင်းရေးအဆိုပြုလွှာမူ ကြမ်းရေးဆွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌဒေါ်နုမြဇံကပြောသည်။

 

ဆက်လက်ဖတ်ရှုရန် ...