HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားသည့်ဥပဒေတွင် အားနည်းချက်များရှိဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂- မြန်မာနိုင်ငံတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို အပြည့်အဝရှုတ်ချရန်လိုအပ်ပြီး ပြဋ္ဌာန်းထား သည့် ရာဇသတ်ကြီးပုဒ်မတွင် အားနည်းချက်များရှိနေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြော သည်။

ဆက်လက်ဖတ်ရှုရန် ...

အခြေခံပညာ မူလတန်းကျောင်းများအတွက် မူလတန်းပြ တစ်သောင်းဝန်းကျင် ခန့်ထားရန် လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂- အခြေခံ ပညာမူလတန်းကျောင်းများအတွက် မူလတန်းပြရာထူးနေရာ တစ်သောင်း ဝန်းကျင်ကိုခန့်ထားရန် လိုအပ်နေ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရမည် ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

ရန်ကုန်တက္ကသိုလ်တွင် လူငယ်ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးပွဲတော်ကို စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အနာ ဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များ၏ စွမ်းပကားကိုမြှင့် တင်ပေးရမည်ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးပွဲတော်ကြီးကို ၂ဝ၁၇ ခုနှစ် ဒီ ဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ဝန်ကြီးဌာနငါးခုပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်တွင်ကျင်းပလျက်ရှိပြီး ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိသူ နှစ်သိန်းကျော်ရှိ၊ တစ်ရက်လျှင် လူဦးရေ ၃ဝ ခန့် အိတ်ခ်ျအိုင်ဗွီပိုး အသစ် ကူးစက်ခံနေရဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁

 

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုးရှိသူနှစ်သိန်း ကျော်ရှိပြီး တစ်ရက်လျှင် လူဦးရေ ၃ဝခန့် အိတ်ခ်ျအိုင်ဗွီပိုးအသစ်ကူး စက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်၏ပြောကြားချက်အရသိရသည်။ အဆိုပါအကြောင်းကို ဒီဇင်ဘာ ၁ရက်တွင် သူနာပြုတက္ကသိုလ်၌ပြုလုပ်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား မန္တလေးမြို့ မနော်ရမ္မံကွင်း၌ ကျင်းပ

မန္တလေး၊ ဒီဇင်ဘာ ၁

 

ကမ္ဘာ့ခုခံ အားကျဆင်းမှု ကူးစက်ရောဂါတိုက် ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ပေါ်ရှိ မနော်ရမ္မံကွင်း၌ ဒီဇင်ဘာ ၁ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုမှ ပျောက်ဆုံးသူ ၁၈ ဦးအတွက် အာမခံကြေး ပေးနိုင်ရန်စီစဉ်နေ

မုံရွာ၊ နိုဝင်ဘာ ၃ဝ

 

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ်နစ် မြုပ်မှု၌သေဆုံးခဲ့ကြသူများအနက် အလောင်းမရဘဲ ပျောက်ဆုံးသူ ၁၈ ဦးအတွက် အာမခံကြေးပေးနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံရုံးမှ စောင့်ဆိုင်းနေရကြောင်း သိရသည်။  ရေယာဉ်နစ်မြုပ်စဉ်က အလောင်းဆယ်ယူရရှိပြီးအတည် ပြုနိုင်ခဲ့သူ အယောက် ၃ဝ အတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းချက်ချင်းပေးအပ်နိုင်ခဲ့ပြီး ယခုနှစ်နိုဝင်ဘာလထိ စုစုပေါင်းသေဆုံးသူ ၅ဝ ဦးအတွက် သူတစ်ပါးထိခိုက်မှုအာမခံကြေးအကျိုးခံစားခွင့်များပေး အပ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ-ထိုင်း နယ်စပ်ကိုဖြတ်ကျော်၍ ကန့်သတ်နယ်မြေသို့ သွားရောက်ခဲ့သည့် နိုင်ငံခြားသားနှစ်ဦးကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေကာ မဲဆောက်မြို့သို့ ပြန်လည်စေလွှတ်

မြဝတီ၊ နိုဝင်ဘာ ၃ဝ

 

ဆလိုဗက်ကီးယားနိုင်ငံသူတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးသည် ကန့်သတ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာသို့သွားရောက်ခဲ့ သောကြောင့် သက်ဆိုင်ရာမှ ၎င်းတို့နှစ်ဦးကိုခေါ်ယူ၍ ခံဝန်ကတိလက် မှတ်ရေးထိုးစေကာ မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်စေ လွှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဇွန်တောင်မြို့နယ်မှ လမ်းအချို့ကို တစ်လမ်းမောင်း သတ်မှတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်အတွင်းရှိ နှစ်လမ်းမောင်းလမ်းများကို တစ်လမ်းမောင်းစနစ်သို့ပြောင်း လဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၃၀ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ်မဲ ဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ပုဇွန်တောင်မြို့နယ်အတွင်းရှိ နှစ်လမ်းမောင်းလမ်းများကို တစ်လမ်း မောင်းစနစ်သို့ ပြောင်းလဲပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့်စပ် လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က အထက်ပါအတိုင်း ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...