HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နှလုံးရောဂါ ဖောက်မှုအတွက် သွေးစမ်းသပ်မှု ချက်ချင်းပြုလုပ်နိုင်

လန်ဒန်

 

နှလုံးရောဂါဖောက်မှုကို မိနစ် ၂ဝ အတွင်း သွေးစစ်ဆေးစမ်းသပ်ခြင်းဖြင့် ကုသပေးနိုင်မည်ဖြစ်ကြောင်း ဗြိတိန်သုတေသီတို့က ပြော ကြားခဲ့သည်။ လန်ဒန် King ကောလိပ်မှ သုတေသီအဖွဲ့က လူနာများနှင့် စမ်းသပ်မှုပြု ပြီးနောက် cMyC စမ်းသပ်မှုက နှလုံးဖောက် ပြန်မှုကို ငါးနှစ်အတွင်း ရှင်းလင်းပေးနိုင်ဖွယ် ရာရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါချက်ချင်းသွေးစမ်းသပ်စစ်ဆေးမှုက နှလုံးရောဂါဝေဒနာရှင်များကို သက်သာရာရစေပြီး ကျန်းမာရေးကောင်းမွန်လာစေမည်ဖြစ်ကြောင်း သုတေသီတို့က ထုတ်ဖော် ပြောကြားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

အားကစားသမားများ အရက်ကို ပိုမိုသောက်လာဖွယ်ရှိ

ကာဒစ်

 

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူများအနေနှင့် အကြံပြုထားသည့် အယ်လ်ကိုဟောပမာဏထက် ပိုမိုသောက်သုံးလာဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှုတစ်ခုက ဖော်ပြခဲ့သည်။ ဝေးလ်နိုင်ငံဆိုင်ရာ အမျိုးသားလေ့လာဆန်းစစ်ရေး အဖွဲ့၏ တွေ့ရှိချက်အရ ရက်သတ္တတစ်ပတ်လျှင် လေ့ကျင့်ခန်းပြုလုပ်သူ ၅၈ ရာခိုင်နှုန်း သည် ကန့်သတ်ပမာဏအတိုင်းသာ အယ်လ်ကိုဟော သောက်သုံးကြောင်း တွေ့ရှိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

လိပ် မျိုးစိတ်များသည် သစ်တောများ ရှင်သန်ရေး အကျိုးပြုနေသောကြောင့် ထိန်းသိမ်းရန် လိုအပ်နေ

မုံရွာ

 

မြန်မာမျိုးရင်းဖြစ်သော လိပ်မျိုးစိတ်များသည် သဘာဝပတ်ဝန်းကျင် သစ်တော သစ်ပင်များ ရှင်သန်ရေးကို အထောက်အကူပြုနေသောကြောင့် ¤င်းတို့ရှင်သန်ရေးအတွက် ထိန်းသိမ်းရန် လိုအပ်နေကြောင်း WCS(Myanmar) ၏ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒေါက်တာကလျာက ပြောသည်။ မြန်မာနိုင်ငံတွင် ရှင်သန်ပေါက်ပွားသော ရေချိုလိပ်မျိုးစိတ် ၂၆ မျိုးအနက် ကြယ် လိပ်၊ တိုက်လိပ်၊ ရခိုင်တောင်လိပ်၊ ရှမ်းကြီးလက်မောင်းလိပ်၊ လိပ်ကြက်တူရွေးတို့မှာ မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသောလိပ်များဖြစ်ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

ကျပ်သိန်း ၁ဝဝ ကျော်ဖိုး ရွှေ ၁၄ ကျပ်သားကျော်ခန့် ခိုးယူမှုဖြင့် သမီးအရင်းအား မိခင်ဖြစ်သူက အမှုဖွင့်

ကန့်ဘလူ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မိခင်အရင်းက သမီး ဖြစ်သူအား ရွှေ ၁၄ ကျပ်သားကျော် ခိုးယူမှု ဖြင့် အောက်တိုဘာ ၁ ရက်က ကန့်ဘလူမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကန့်ဘလူမြို့ အမှတ်(၄)ရပ် ကွက်တွင် နေထိုင်သည့် ဒေါ်ခင်ဝင်းဌေးသည် လက်ဝတ်ရတနာမျိုးစုံ ရွှေထည်ပစ္စည်း ၁၄ ကျပ် ၂ ပဲ ၂ ရွေး ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ ကျော်ဖိုးအား သြဂုတ် ၁၁ ရက်တွင် သမီး ဖြစ်သူ မရွှေဇင်ထွန်းနှင့်အတူ ရန်သူငါးပါး ဘေးအန္တရာယ်ကို စိုးရိမ်သဖြင့် ၎င်းပစ္စည်း များအား လက်ကိုင်ပဝါဖြင့်ထုပ်ပိုး၍ ယင်းတို့ နေထိုင်ရာ နေအိမ်အောက်ထပ် ကြောင်အိမ် အောက်တွင် မြေကျင်းတူးဝှက်ထားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ကျောက်တံခါးမြို့တွင် အမျိုးသမီးများ ပါဝင်သော ဖဲဝိုင်းအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ကျောက်တံခါး၊ အောက်တိုဘာ ၃

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့မရဲစခန်းအပိုင်တွင် တရားမဝင် ဖဲရိုက်လောင်းကစား ပြုနေကြောင်းသတင်းအရ အဆိုပါ ဖဲဝိုင်းအား ဝင်ရောက်ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်တွင် နေအိမ်အချို့ကြောင့် လမ်းပျက်စီးမှုအား ထိရောက်စွာ အရေးယူမည်ဟု မြို့တော်ဝန်ဆို

ရန်ကုန်၊ အောက်တိုဘာ ၃

 

ရန် ကုန်မြို့ရှိ အချို့နေအိမ်များကြောင့် လမ်းများပျက်စီးနေခြင်းကို ရန်ကုန် မြို့တော်စည်ပင်က ထိထိရောက် ရောက်အရေးယူနိုင်ရန် စီစဉ်နေ ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးကပြောသည်။ အောက်တိုဘာ ၃ ရက် ရန်ကုန် တိုင်းလွှတ်တော်အစည်းအဝေး တွင် ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းဝင်း၏ ''လမ်း ဘေးဝဲယာရှိ နေအိမ်၊ အဆောက် အအုံပိုင်ရှင်များသည် လမ်းပျက်စီး မှုမရှိစေရန် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊ မရှိ''မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန် မြို့တော်ဝန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

အများပြည်သူတို့၏ ဧည့်ခံပွဲများအတွက် မုံရွာမြို့တော်ခန်းမ ငှားရမ်း အသုံးပြုခွင့်ပြန်ရ

မုံရွာ၊ အောက်တိုဘာ ၂

 

ဆယ်စုနှစ်တစ်ခုကြာ အများပြည်သူများ ငှားရမ်းအသုံးပြုခွင့်နည်းခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တော်ခန်းမအား ယခုနှစ်မှစ၍ ပြည်သူများဧည့်ခံပွဲများအတွက် ပြန်လည် ငှားရမ်းအသုံးပြုခွင့်ရပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။ မုံရွာမြို့တော်ခန်းမသည် ယခင်ကမင်္ဂလာပွဲများ၊ ညစာစားပွဲများ၊ တက္ကသိုလ်ကျောင်းသားဟောင်းများတွေ့ဆုံပွဲများ ငှားရမ်းအ သုံးပြုခွင့်ရခဲ့ပြီး ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် အစိုးရဌာနများမှပြုလုပ် သည့်အခမ်းအနားများနှင့် တိုက်ဆိုင်ပါက ခန်းမငှားရမ်းထားသူမှ ရွှေ့ပြောင်းပေးရခြင်း၊ ပွဲဖျက်ပေးရခြင်းများကြောင့် အများပြည်သူ ငှားရမ်းသုံးခွင့်မရဖြစ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသမီး မောင်းနှင်သော အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရန်း ဝင်တိုက်၊ တိမ်းမှောက်ရာမှ လူသေဆုံးမှုဖြစ်ပွား

ရေတာရှည်၊ အောက်တိုဘာ ၂

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သာဂရအမြန် လမ်းမကြီးရဲစခန်းအပိုင်တွင် အမျိုးသမီး မောင်းနှင်သော အိမ်စီးကားတစ်စီးတိမ်း မှောက်ရာမှ လူသေဆုံးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...