ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဖြူးမြို့အနီးတွင် ပဲခူးရိုးမကို ဗဟိုပြုပြီး အင်အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့ကာ ငလျင်ကြောင့် ဆည်တမံများပြိုကျမည်ကို ဒေသခံများ စိုးရိမ်ခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိခဲ့ဘဲ အခြားထိခိုက်ပျက်စီးမှုလည်း မရှိခဲ့ဟု တာဝန်ရှိသူများက ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောကြားခဲ့သည်။ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ဝဝ နာရီ ၅၆ မိနစ် ၂၃ စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှမြောက်ဘက် ၁ဝ၇ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း ဖြူးမြို့၏အနောက်-အနောက် တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ သုညအဆင့်ရှိ အင် အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဆင်းရဲနွမ်းပါးသူများ၊ ပြည်သူများကို အလေးထားသော တရားမျှတသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ စာရွက်ပေါ်တွင်သာ ရှိနေရုံမဟုတ် ဘဲ အမြန်ဆုံးလက်တွေ့အကောင် အထည်ဖော်ရန် လိုအပ်နေပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာသန်းထွန်းစိန်က တိုက်တွန်းပြောကြားလိုက်သည်။

ဖိုးရာဇာ(မအူပင်)

********************

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က (၂ဝ၁၂ ခုနှစ် ပြည်ထောင်စုလွှတ် တော်ဥပဒေအမှတ်-၁) အဖြစ်ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေ အခန်း(၉) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူ ၏ တာဝန်ဝတ္တရားများအခန်း၊ ပုဒ်မ။ ၁၇ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ပုဒ်မ။ ၁၇။ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအတွင်းနေထိုင်သူသည် အောက်ပါကိစ္စတစ်ရပ်ရပ်ပေါ်ပေါက်ပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်များနှင့်အညီ တိုင်ကြားရမည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်း ပြည်နယ် သီပေါပြည်သူ့ဆေးရုံတွင် လူနာများကို နေ့စဉ် အခမဲ့အာဟာရကျွေးခြင်းအပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူများကိုလည်း အခမဲ့ ခွဲစိတ်ကုသပေးနိုင်ရန် စာရင်းကောက်ခံနေကြောင်းသိရသည်။ အဆိုပါပြောကြားချက်ကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် (၄၆)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာညီလာခံတွင် စာတမ်းလာဖတ်သည့် သီပေါဆေးရုံ အုပ်ကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောခဲ့ခြင်းဖြစ်သည်။

အင်းဝ၊ ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ အင်းဝရှေး ဟောင်းသုတေသနပြတိုက်ကို ပြု ပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြတိုက်၌ပြကွက်နှစ်ကွက်ကို ထပ်မံတိုးချဲ့သွားမည့်အပြင် အင်းဝမြို့ပုံစံငယ်အပါအဝင် အင်းဝခေတ်၏အထင်ကရ နေရာဓာတ်ပုံများနှင့် ပစ္စည်းများပါ ထပ်မံဖြည့်တင်း၍ စုစု ပေါင်းအမျိုး ၁ဝဝ တိုးချဲ့ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁

HIV/AIDS ကူးစက်ခံထားရသော ကိုယ်ဝန်ဆောင် မိခင်များအတွက် ART ဆေးဝါးထုတ်ယူနိုင်မည့်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ART Center ကို ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ဇန်နဝါရီ ၁၁ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ မိခင်မှ ကလေးသို့ HIV  ပိုးကူးစက်မှု ကာကွယ်ရေးစီမံချက်ဖြင့် ကိုယ်ဝန်ဆောင် မိခင်များအများဆုံးတက်ရောက်သည့် ဗဟိုအမျိုးသမီးဆေးရုံတွင် HIV/AIDS ကူး စက်ခံထားရသည့် မိခင်များအတွက် နှစ်သိမ့် ဆွေးနွေးအသိပညာပေးခြင်းနှင့် ဘဝတစ်သက်တာလုံး သောက်သုံးသွားရမည့် ART ဆေးဝါးကို အခမဲ့ထုတ်ယူနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ဖြစ်ကြောင်း ဗဟိုအမျိုးသမီးဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၁ ရက်က ပြောသည်။

ကလေး၊ ဇန်နဝါရီ ၁ဝ

ပျက်စီးပြုန်းတီးမှုနှင့်ကြုံနေသော ချင်းပြည်နယ်၏နှလုံးသားဟုခေါ်ဆိုနိုင်သည့် တောင်ဇလပ်ပန်းပင်နှင့်ချယ်ရီပင် အပါအဝင် မြေပေါ်မြေအောက် သယံဇာတများနှင့်ရှားပါးသား ငှက်တိရစ္ဆာန်များကို ချင်းပြည် နယ်အစိုးရက အလေးပေးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ချင်း ပြည်နယ်ဝန်ကြီးများရုံးမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

ကသာ၊ ဇန်နဝါရီ ၁ဝ

ဧရာဝတီ မြစ်အလယ်မှ ရေစီးနှင့်အတူ သေဆုံးမျောပါလာသော လင်းပိုင်တစ် ကောင်ကို ဇန်နဝါရီ ၁ဝ ရက် နံနက် ၁၁ နာရီ မိနစ် ၂ဝ က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အောင်ချမ်းသာကျေးရွာဆိပ်ကမ်း၌တွေ့ရှိခဲ့ကြောင်း ဆိပ်ကမ်းရှိ ရှုခင်းသာစားသောက်ဆိုင်ပိုင်ရှင် ကိုအဒိုးက ပြောသည်။

Page 3 of 44