HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အကြမ်းဖက် ခံရခြင်းကြောင့် ခိုကိုးရာမဲ့ဖြစ်နေသည့် မောင်တောက ဟိန္ဒူကလေးငယ်နှင့် သက်ကြီး ရွယ်အိုများကို ရန်ကုန်သို့ ခေါ်ယူစောင့်ရှောက်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၁

 

မောင်တော ဒေသအတွင်း မိသားစုများအသတ်ခံရသဖြင့် ခိုကိုးရာမဲ့ဖြစ်သွားသည့် ဟိန္ဒူကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ရန်ကုန်သို့ခေါ်ယူစောင့်ရှောက်ခွင့်ရရန်အစိုးရနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။ အောက်တိုဘာ ၁ ရက်ကပြုလုပ်သည့် ''ရခိုင်ဒေသတွင် အကြမ်းဖက်အုပ်စု ARSA  ၏လက်ချက်ဖြင့်သေဆုံးခဲ့ရသော ဒေသခံတိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများအတွက် အထူးဝမ်းနည်းကြေကွဲခြင်းအစီ အစဉ်နှင့် ဟိန္ဒူဓလေ့ဆုတောင်းခြင်း အခမ်း အနား''အပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်သူက ဒီမိုကရေစီတူဒေးသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျောင်းထွက်နှုန်းများလျော့နည်းစေရန် ကျောင်းထွက်လက်မှတ်ယူသည့် ကျောင်းသား၊ ကျောင်းသူများကို စိစစ်တော့မည်

ရန်ကုန်၊ စက်တင်ဘာ ၃ဝ- ကျောင်းသား၊ ကျောင်းသူများ ကျောင်းထွက်နှုန်းများလျော့နည်းစေရန် ကျောင်းထွက်လက် မှတ်ယူသည့် ကျောင်းသား၊ ကျောင်းသူများကို စိစစ်သွား မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လှည်းကူးတွင် ဖယ်ရှားခံရသည့် အိမ်ထောင်စု ၁ဝဝ ကျော်နေထိုင်ရန် မြေအလှူရှင်တစ်ဦးက မြေဧက ၇ဝ ကျော်လှူဒါန်းမည်

ရန်ကုန်၊ စက်တင်ဘာ၃ဝ-လှည်း ကူးမြို့နယ်၊ အမြန်လမ်းအနီးမှ ကျူးကျော်ဟုဆိုကာ ဖယ်ရှားခံခဲ့ရ သော ဒုက္ခသည်မိသားစုများနေ ထိုင်နိုင်ရန် ဧက ၇ဝ ကျယ်ဝန်းသော ဥယျာဉ်ခြံမြေလှူဒါန်းမည့် အလှူ ရှင်တစ်ဦး ပေါ်ပေါက်လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကသာမြို့နယ်တွင် ဆရာတစ်ဦးက ငါးတန်းကျောင်းသားနှစ်ဦးကို သစ်သားချောင်းဖြင့် ရိုက်နှက်ဆုံးမမှုကြောင့် ဒဏ်ရာများရ

ရန်ကုန်၊ စက်တင်ဘာ ၃ဝ-အ ခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို မည်သည့်အရာ နှင့်မျှ မရိုက်ရန်ညွှန်ကြားချက် ထွက်ပြီး တစ်ပတ်ခန့်အကြာတွင် ဆရာတစ်ဦးက ငါးတန်းကျောင်း သားနှစ်ဦးကို သစ်သားချောင်းဖြင့် ပြင်းထန်စွာ ရိုက်နှက်ဆုံးမမှုတစ်ခု ကသာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အတွက် ¤င်းဆရာကိုစုံစမ်းစစ်ဆေး မှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တရုတ်နှင့် အာဆီယံတို့အကြား ပိုမိုနီးစပ်လာစေရန် မြန်မာနိုင်ငံက ကမကထပြုလုပ်ပေး

မြန်မာနိုင်ငံ၏ Infrastucture အားနည်းမှုသည် တရုတ်နိုင်ငံ၏ ကြီးမားသော ကုန်သွယ်ရေး ရည်မှန်းချက်ကို အဟန့်အတား ပြုစေသည်ဟု စီးပွားရေးနှင့် စက်မှုလုပ်ငန်း ကျွမ်းကျင်သူများက သတိပေးထားသည်။ အပေးအယူသဘောတူညီမှု မှတစ်ဆင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခွင့်အလမ်းများရရှိနိုင်f Transport and Logistics in line to benefit from deal)  တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အာရှတစ်ခွင်လုံးနှင့် ကြီးမားသော ကုန်သွယ်ရေးရည်မှန်းချက်ကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် အရေးပါသော အခရာကျ သောဗဟိုချက် မဏ္ဍိုင်ပေါ်တွင် တည်ရှိလျက်ရှိကြောင်း Belt & Road Summit သို့ တက်ရောက်လာသော ကိုယ်စားလှယ်များကို စီးပွားရေးနှင့် စက်မှုလုပ်ငန်း ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ Infrastructure အားနည်းမှုကြောင့် ယင်းရည်မှန်းချက်ကို အဟန့်အတား ဖြစ်စေမည်ဟုလည်း ပြောဆိုထား သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗားကရာချောက်ကို သပ်ရပ် လှပအောင်ပြုပြင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၉

 

ကြည့် မြင်တိုင်မြို့နယ်ရှိ ဗားကရာချောက် ကို စက်တင်ဘာ ၃ဝ ရက်မှ စတင်ကာ သပ်ရပ်လှပအောင် ပြုပြင်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ပြောသည်။ စက်တင်ဘာ ၂၉ ရက် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေး၌ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ် ဦးကျော်နန္ဒအောင်၏ ''ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ချောက်အား မြို့နယ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပအောင် ပြုပြင်တည် ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်၌ ဖယောင်းတိုင် လဲကျရာမှ နေအိမ်ထရံကို မီးစွဲကာ မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

ဝမ်ပုံ၊ စက်တင်ဘာ ၂၉

 

ရှမ်းပြည် နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် နေအိမ်၌ ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေလီမြို့တွင် ကျင်းပမည့် (၁၇)ကြိမ်မြောက် မြန်မာ-တရုတ်ဆွေမျိုး ပေါက်ဖော်ပွဲသို့ မြန်မာအဖွဲ့ တက်ရောက်မည်

မူဆယ်၊ စက်တင်ဘာ ၂၈

 

(၁၇) ကြိမ်မြောက် မြန်မာ- တရုတ် ဆွေမျိုးပေါက်ဖော်ပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်တယ်ဟုန် ပြည်နယ်ခွဲ ရွှေလီမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ''ဆွှေမျိုးပေါက်ဖော်ပွဲတော်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဌာနဆိုင်ရာအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စာပေယဉ်ကျေးမှုနဲ့ လမ်းလျှောက်အဖွဲ့နှစ်ရာဦး၊ အလှပြနွားလှည်းသုံးစီး၊ အလှ ခြင်းခတ်အဖွဲ့နဲ့ ခြင်းလုံးအသင်း တွေ၊ လွန်ဆွဲအသင်းတွေ တက် ရောက်ပါဝင်ဖို့ ပြင်ဆင်ထားပါတယ်''ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...