HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကဗျာဆရာ၊ စာရေးဆရာ၊ ငြိမ်းချမ်းရေးသမား ဆရာကြီးဒဂုန်တာရာ နှစ်(၁ဝဝ)ပြည့် ဂါရဝပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်

ရန်ကုန်၊ မေ ၅

ကဗျာဆရာ၊ စာ ရေးဆရာ၊ ငြိမ်းချမ်းရေးသမား ဆရာ ကြီး ဒဂုန်တာရာ နှစ် (၁ဝဝ) ပြည့် ဂါရဝပြုပွဲကို မေ ၅ ရက်တွင် ရန်ကုန်မြို့၊ စာပေဗိမာန်ခန်းမ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆရာကြီးဒဂုန်တာရာ နှစ် (၁ဝဝ) ပြည့်ဂါရဝပြုပွဲကို ကဗျာဆရာ၊ စာ ရေးဆရာ ဦးတင်ဦး(ကလောင် တင် ငြိမ်းဦး) အပါအဝင် စာပေမြတ် နိုးသူ ငယ်သူငယ်ချင်းတစ်စုမှ စီစဉ် ကျင်းပပေးခြင်းဖြစ်ပြီး ၂ဝ၁၉ ခု နှစ် မေ ၁ဝ ရက်တွင် အသက် ၁ဝဝ ပြည့်မည်ဖြစ်၍ နှစ် (၁ဝဝ) ပြည့် ဂါ ရဝပြုပွဲ ကျင်းပပေးခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်၊ တစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

ရန်ကုန်၊မေ ၅

မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းသုံးကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်တွင်ပိုမို အားကောင်းလာကာမုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မိုးဦးကာလခန့်မှန်း ချက်များအရသိရသည်။ ယခုနှစ် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အနောက် တောင်မုတ်သုံလေ စတင်ဝင်ရောက် သည့်နေ့မှ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ကုန်အထိဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယတွင် ဖန်နီ မုန်တိုင်းကြောင့် မြို့အများအပြားပျက်စီး၊ ရှစ်ဦးသေဆုံးခဲ့ရ

ကိုးလ်ကတ္တား၊ မေ ၎

အိန္ဒိယနိုင်ငံသမိုင်းတွင်း ကြီး မားဆိုးရွားစွာဖြင့် မြို့ကြီးများ၌ ပြင်းထန်စွာတိုက်ခတ်ခဲ့သော ဆိုင် ကလုန်းမုန်တိုင်းဖန်နီသည် မေ ၃ ရက်က သြရိဿပြည်နယ်အရှေ့ပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအပါအဝင် အနည်းဆုံးလူရှစ်ဦးသေဆုံး ခဲ့ရသည်ဟု အာဏာပိုင်များက မေ ၄ ရက်တွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။ တစ်နာရီလေ တိုက်နှုန်း ကီလိုမီတာ ၂ဝဝ ကြောင့် အုန်းပင်များ အများအပြားပြိုလဲကာ ဒေသတွင်း၌ ရေပြတ်လပ်ပြီး ဆက်သွယ်ရေးများလည်း ပြတ် တောက်နေဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ၁၉၉၉ ခုနှစ်က တိုက်ခတ်ခဲ့သော လေမုန်တိုင်း ကြီးကြောင့် လူ ၁ဝဝဝဝ ခန့်သေ ဆုံးခဲ့ရပြီး လူတစ်သန်းခန့်ကို ကယ်ဆယ်ပေးခဲ့ရသည်ဟု သြရိ ဿပြည်နယ် အာဏာပိုင်များက သတင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် ကိုးမိနစ်လျှင် လူတစ်ဦး ခွေးကိုက်ခံနေရ၊ ခွေးလေခွေးလွင့်များကို အဆိပ်ချဖြေရှင်းခြင်းထက် အခြားနည်းလမ်းများဖြင့် ဖြေရှင်းသင့်ဟုဆို

ရန်ကုန်၊ မေ ၄ 

မြန်မာနိုင်ငံတွင် ကိုးမိနစ်လျှင် လူတစ်ဦးခွေးကိုက်ခံ နေရကြောင်း၊ အစိုးရအဆက်ဆက်၌ ခွေးလေခွေးလွင့်ပြဿနာကို ဖြေရှင်းရာတွင် အဆိပ်ချသုတ်သင် ခြင်းနည်းလမ်းဖြင့် ဖြေရှင်းခဲ့မှု သည် အောင်မြင်မှုမရှိခဲ့ကြောင်း မေ ၄ ရက် ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သော ''ခွေး လေခွေးလွင့်ပြဿနာ စိုးရိမ်နေရ ပြီလား'' ခေါင်းစဉ်ဖြင့်ပြုလုပ်သော ဒီဗွီဘီဒီဘိတ်အစီအစဉ်တွင် ပါဝင် ဆွေးနွေးသူအချို့က ပြောကြားခဲ့ ကြသည်။ ''ခွေးလေခွေးလွင့်တွေကို အဆိပ်ချခဲ့တာ နှစ် ၅ဝ ရှိသွားပြီ။ ခုထိမအောင်မြင်ပါဘူး။ ဒါဟာ အဖြေမဟုတ်ပါဘူး'' ဟု ပါဝင် ဆွေးနွေးသူ မင်္ဂလာမြန်မာ CEO ဒေါက်တာဖုန်းဝင်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အပူချိန်မြင့်မားမှုကြောင့် ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောရှိ ရွှေသမင်များ ရေအခက်ကြုံ  

ရန်ကုန်၊ မေ ၎

အပူချိန်မြင့်မား မှုကြောင့် ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအတွင်း နေ ထိုင်ကျက်စားနေသည့် ရွှေသမင် များ ရေအခက်အခဲနှင့်ကြုံတွေ့နေ ရသည့်အတွက် ရေကန်များအတွင်း ရေများဝယ်ယူဖြည့်ပေးနေရကြောင်း ရွှေစက်တော်ဘေးမဲ့တော အုပ်ချုပ် ရေးမှူး ဦးသိန်းလွင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ဘေးရှောင် စခန်းများမှ ပြည်သူများနှင့် ဒေသခံပြည်သူများကို ပရဟိတအဖွဲ့က အခမဲ့ဆေးဝါးကုသပေးပြီး စားသောက်ကုန်များလှူဒါန်း

မန်စီ၊ မေ ၃ 

ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ မန်ဝိန်းကြီးစစ်ဘေး ရှောင်စခန်း၌ တိမ်းရှောင်နေသည့် ပြည်သူများနှင့် ဒေသခံပြည်သူ များအား ရန်ကုန်မြို့မှ မဏိနယ် လှည့်ပရဟိတ၊ ကျန်းမာရေးအ ထောက်အကူပြုအဖွဲ့မှ အခမဲ့ဆေး ကုသရေးအစီအစဉ်များ ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြန်လည် အသုံးပြုနိုင်သော နေရောင်ခြည်သုံး စွန့်ပစ်ဆိုလာပြားစက်ရုံ ထိုင်းတွင် တည်ဆောက်မည်  

ဘန်ကောက်၊ မေ ၃


ပြန်လည်အသုံးပြုနိုင်သော နေရောင် ခြည်သုံးဆိုလာပြားများ ထုတ်လုပ်သော စက်ရုံများ ထိုင်းနိုင်ငံတွင် တည်ဆောက် ရန် လုပ်ငန်းရှင်များက စိတ်ဝင်စားနေကြသည်ဟု မေ ၃ ရက်သတင်းများအရသိရသည်။ အရှေ့ဖျား စီးပွားရေးစင်္ကြံစီမံကိန်းအရ ထိုင်းနိုင်ငံတွင် နေရောင်ခြည်သုံးဆိုလာပြားများ တပ်ဆင်အသုံးပြုမှုများ ဖြစ်ထွန်းလာတော့မည် ဖြစ်သည်။  လယ်ယာလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ က မိုးပျံအဆောက်အအုံများတွင် နေရောင်ခြည်သုံး ဆိုလာပြားများတပ်ဆင်ကာ လျှပ်စစ်ဓာတ်အား များ ထုတ်ယူအသုံးပြုကြမည်ဖြစ်သည်။


နေရောင်ခြည်ခံဆိုလာပြား များသည် ဆီလီကွန်ဆဲလ်များက ဓာတုဗေဒကက်မီယံများ သုတ်လိမ်း ထားပါက ယင်းဆိုလာပြားများ အား ပြန်လည်အသုံးပြုနိုင်မည် ဖြစ်သည်။ ဆိုလာပြားများသည် အနှစ် ၂ဝ အသုံးခံသည်။ ငါးနှစ်မှ ဆယ်နှစ်အတွင်း ဆို လာပြားများ ၁၈ သန်း(သို့မဟုတ်) တန် ၅ဝဝဝဝဝ အသုံးပြုရန်လို အပ်မည်ဖြစ်သည်''ဟု စက်မှုလုပ် ငန်းဌာန ညွှန်ကြားရေးမှူးချုပ် သွန်ဆိုင်းချာ ဝါလစ်မီချတ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းစက်ရုံအား ချာချွန်ဆာ အို ဒေသတွင် တည်ဆောက်မည် ဖြစ်ပြီး စက်ရုံတည်ဆောက်မှုကုန် ကျစရိတ်နှင့် အသုံးပြုမည့် မြေအ ကျယ်အဝန်းပမာဏတို့အား ယခု အခါ တွက်ချက်နေပြီဖြစ်သည်။


''ဆိုလာပြားများပြန်လည်အ သုံးပြုနိုင်ရေးထုတ်လုပ်မှုစက်ရုံ ၁ဝဝခန့်လိုအပ်နေပါတယ်''ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။ ''စွမ်းအင်ဝန်ကြီးဌာနအနေ နဲ့ ဒီစီမံကိန်းအတွက် ဘတ်သန်း ၂ဝ အသုံးပြုဖို့ ဘတ်ဂျက်လျာ ထားပါတယ်''ဟု ဆက်လက်ပြော ကြားလိုက်သည်။ ''၂ဝ၁၈ ခုနှစ်တုန်းက နေ ရောင်ခြည်သုံးစွမ်းအင်ကနေ မဂ္ဂါ ဝပ် ၈၆ဝဝ ထုတ်လုပ်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားအတွက် ၅၆ဝ၃၄ မဂ္ဂါဝပ် (၁၅ ရာခိုင်နှုန်း) ဖြစ်ပါ တယ်''ဟု စွမ်းအင်ဝန်ကြီးက ထုတ် ဖော်ပြောဆို လိုက်သည်။  ၂ဝ၃၇ ခုနှစ်မှာ ထိုင်းနိုင်ငံ အတွက် နေရောင်ခြည်စွမ်းအင် ၁၂၇၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်လိမ့် မယ်လို့ ခန့်မှန်းထားပါတယ်''ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။

Ref ; The Bangkok Post

#democracytoday

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းသို့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖန်နီဝင်ရောက် တိုက်ခတ်၊ လူနှစ်ဦးသေဆုံး

ပူရီ၊ မေ ၃

မေ ၃ ရက်တွင် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ တစ် နာရီလျှင် လေတိုက်နှုန်းကီလိုမီ တာ ၂၄ဝ နှုန်းဖြင့် ဆိုင်ကလုန်း မုန်တိုင်းကြီး ဖန်နီဝင်ရောက်တိုက် ခတ်ခဲ့ပြီးနောက် လူနှစ်ဦးသေဆုံး ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သြရိဿပြည် နယ် အထူးကယ်ဆယ်ရေးကော်မ ရှင်နာမင်းကြီး ဘိရှိနူပါဒါဆက်တီ က''အခုတော့ လူနှစ်ဦးသေဆုံး တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ နှလုံးရောဂါကြောင့် ခိုလှုံရေးစခန်း တစ်ခုမှာ သက်ကြီးပိုင်းအရွယ်အ မျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ အခြားတစ်ဦးကတော့ ကျွန်တော် တို့ သတိပေးနေတဲ့ကြားထဲက မုန် တိုင်းထဲထွက်မိလို့ သစ်ပင်ပိပြီး သေဆုံးခဲ့ရပါတယ်''ဟု အေအက်ဖ် ပီသတင်းသို့ ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...