HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အိပ်ပျော်နေပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် နောက်ကျကျောင်းသားနှစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့က နေအိမ်အထိ သွားရောက်ခေါ်ယူကာ ကျောင်းသို့အချိန်မီပို့ဆောင်

ရန်ကုန်၊မတ်၇-တက္ကသိုလ်ဝင်စာ မေးပွဲဒုတိယနေ့ဖြစ်သည့် မတ်၇ ရက်က ညပိုင်းစာကျက်ပြီးအိပ် ပျော်နေ၍ စာမေးပွဲဖြေဆိုရန် နောက်ကျခဲ့သည့် ကျောင်းသား နှစ်ဦးကို ကျောင်းသားများနေ အိမ်သို့ သွားရောက်ခေါ်ယူကာ ဖြေဆိုမည့်ကျောင်းသို့ အချိန်မီပို့ ဆောင်ပေးခဲ့ကြောင်း အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး ဆန်းထူးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှစ်ရက်ဖြေဆိုပြီးချိန်တွင် လာရောက်ဖြေဆိုရန် ပျက်ကွက်သူ ၄၇၇ဝဝ ကျော်အထိရှိလာ

ရန်ကုန်၊ မတ် ၇ - တက္ကသိုလ်ဝင် တန်းစာမေးပွဲနှစ်ရက်ဖြေဆိုပြီးသည့် အချိန်တွင် လာရောက်ဖြေဆိုရန် ပျက်ကွက်သူမှာ ၄၇၇ဝဝ ကျော် အထိရှိလာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ . . . မင်း ဘာကြောင့်သေတာလဲ  

ကမ္ဘာမြေကို လိမ္မော်ရောင်စုတ်ချက်များ ဖြင့် ခြယ်သထားသည့် မနက်ခင်းမြင်ကွင်းက နှစ်လိုဖွယ်ရာပန်းချီကားတစ်ချပ်ပမာ ...။ သို့သော်လည်း လူအများစုက မနက်ခင်းအလှကို လျစ်လျူရှုလျက် မိမိတို့ လက်ဝါးပေါ်က မိုဘိုင်းဖုန်းများကိုသာ ပွတ်နေ လေသည်။ ဒီနေ့မနက်မှာတော့ သူတို့လက်ဝါးပေါ်ရှိ ဖုန်းကလေးများက အကျဉ်းတန်လွန်းလှ သောသတင်းတစ်ပုဒ်ကို ဆောင်ကြဉ်းယူဆောင်လာခဲ့ပေသည်။ ဝမ်းနည်းဖွယ်ရာကောင်းသောသတင်း။ အနုပညာကို ချစ်မြတ်နိုးတတ်သည့် သူတို့အတွက်တော့ ပို၍ပင်ဝမ်းနည်းစရာ ကောင်းလွန်းလှပေသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ကျောင်းမှားရောက်လာသည့် ကျောင်းသားသုံးဦးကို မီးတန်းယာဉ်/ ဆိုင်ကယ်တို့ဖြင့် ဖြေဆိုမည့်ကျောင်းများသို့ လိုက်ပို့ပေးခဲ့ရ  

ရန်ကုန်၊ မတ် ၆

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဖြေဆိုရန် ကျောင်းလွဲမှားရောက်လာသောကျောင်းသားသုံးဦးကို မီးတန်းယာဉ်/ဆိုင်ကယ်တို့ဖြင့် ဖြေဆိုမည့်ကျောင်းများသို့ လိုက်ပို့ပေးခဲ့ရကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီးသိန်းဦးက ပြောသည်။ ''စာမေးပွဲဖြေဆိုမယ့်ပထမ နေ့မှာ ဖြေဆိုမယ့်ကျောင်းလွဲမှား ရောက်လာတဲ့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း သုံးဦးတို့ကို စာစစ်ဌာနတွေရှေ့မှာ တာဝန်ထမ်း ဆောင်ပေးနေတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကဖြေမယ့် ကျောင်း တွေဆီကိုအချိန်မီ ရောက်အောင်လိုက်ပို့ကူညီပေးခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ တိုက်ရိုက်လျှောက်ထားနိုင်မည့် ဆေးတက္ကသိုလ် အပါအဝင် တက္ကသိုလ် ၂၈ ခု ရှိမည်ဟုဆို  

ရန်ကုန်၊ မတ် ၆

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ တိုက်ရိုက်လျှောက်ထားနိုင်မည့် ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ် ၂၈ ခုရှိမည်ဖြစ်ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေးအဖွဲ့အနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သီးခြားတိုက် ရိုက်လျှောက်ထားခွင့်ပြုမည့် တက္ကသိုလ်အရေအတွက်မှာ ၁၃ ခုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္က သိုလ် ၁၅ ခုတို့အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် လျှောက်လွှာတစ်ခု တည်းအတွက်သာ ဦးစားပေးအစီအစဉ်အတိုင်း ဖြည့်စွက်လျှောက်ထားစေမည် ဖြစ်ကြောင်း ယခုလ ၆ရက်နေ့ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်း အဝေးမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မေးခွန်းပုံစံ ပြောင်းလဲထားခြင်းအပေါ် ကျောင်းသား၊ ကျောင်းသူများထက် မိဘများက ပိုစိတ်ပူနေကြသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် အခြေခံပညာကျောင်းများ၏အရှေ့၌ ဘုရား စာရွတ်ဖတ်နေသော အမျိုးသမီးများစွာကိုတွေ့မြင်ရသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့သည် ၂ဝ၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကြီး စတင်ကျင်းပသည့်နေ့ဖြစ်ပြီး ထုံးစံအတိုင်း စာဖြေခန်းအတွင်းဖြေဆိုနေသော သားသမီးများ၏ စိတ်သောကမီးထက် မဖြေနိုင်မည်ကို စိုးရိမ်နေသည့် မိဘ၊ညီ အစ်ကိုမောင်နှမများ၏စိတ်သောကမီးများ က ပိုမိုတောက်လောက်နေကြသလို အ ဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအပေါ်တွင် ဆုတောင်းရွတ်ဖတ်မှုများကိုပြုလုပ် နေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းနိုင်ငံရှိ နို့ဖိုးမြန်မာ ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၈၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူ၂ဝဝ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

အုန်းဖန်၊ မတ် ၅

ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင်အုန်းဖန်မြို့နယ် မဲ့ကျန်းစီရင်စုတွင် တည်ရှိသည့် 'နို့ဖိုး' မြန်မာဒုက္ခသည်စခန်းတွင် မတ် ၄ ရက် ညနေ၄ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အတွက် မတ် ၅ ရက်စစ်တမ်းများအရ အိမ်ခြေ ၈၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦး ရေ ၂ဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Myanmar Drift Championship 2019 ကားပြိုင်ပွဲကို မန္တလေးမြို့၌ ကျင်းပမည်

မန္တလေး၊ မတ် ၅

Motor Sport Association of Mandalay မှ ကြီးမှူး၍ Myanmar Drift Championship 2019 (MDC) ကားပြိုင်ပွဲကို မတ် ၃ဝရက်မှ ၃၁ရက်ထိ မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်လိုသူများအွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ကျင်းပရ ခြင်းမှာ မြန်မာနိုင်ငံရှိ ပြိုင်ကား Drift လောက အောင်မြင်တိုးတက်ရန်၊ မြန်မာနိုင်ငံတွင် ပြိုင်ကား အားကစားတစ်ရပ် ပေါ်ထွက်လာ စေရန်၊ မြန်မာနိုင်ငံရှိ ပြိုင်ကားအားကစားသမားများ၏ စွမ်းရည်မြင့်တက်စေရန်နှင့် ပြိုင်ကားအားကစားကို ပြည်သူများ လက်ခံလာစေရန် ရည်ရွယ်၍ ယခု ပြိုင်ပွဲကိုကျင်းပ ရခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...