အောင်လံ၊ ဖေဖော်ဝါရီ ၂ဝ

မကွေးတိုင်းဒေသကြီး အောင်လံတစ်မြို့နယ်လုံးတွင် စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူလေး ထောင်ကျော်နှင့် အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူနှစ်ထောင် ကျော် ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ''အခုနှစ် ၂ဝ၁၈ခုနှစ် ပညာသင်နှစ်မှာ စတုတ္ထတန်းမှာ ကျောင်းသား၊ ကျောင်းသူ လေးထောင်ကျော်နှင့် အဋ္ဌမတန်းမှာ နှစ်ထောင် ကျော် ဖြေဆိုမှာဖြစ်ပါတယ်''ဟု အောင်လံမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၂၀

မန္တလေး မြို့ရှိ မြို့တော်ဆေးရုံတွင် တက် ရောက်ကုသခဲ့သည့် လူနာတစ်ဦး HIV ရောဂါပိုးတွေ့ရှိကြောင်း မှားယွင်းစွာဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး တရားစွဲဆိုခဲ့သည့်လူနာရှင်မိသားစုကို မြို့တော်ဆေးရုံအ နေဖြင့် တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်းသုံးရာပေးရန် မန္တလေးခရိုင်တရားရုံးက ဖေ ဖော်ဝါရီ ၂၀ ရက်တွင် အပြီးသတ်အမိန့်ချခဲ့ကြောင်း သိရသည်။

အေးမြတ်မြတ်ဖြိုး(ကံမ)

**************************

'' မေက ပညာရေးကောလိပ်လျှောက်စေချင်တာ။ ဘာမှ အောက်ဆိုက်မရှိတဲ့ ကျောင်းဆရာတော့ မလုပ်ချင်ပါဘူး ဦးလေးရာ။ ကျူရှင်သင်သင်ပြန်ပြီ ဘာလုပ်လုပ်ပြန်ပြီနဲ့ စီးပွားမဖြစ်တဲ့အပြင် အခန့်မသင့်ရင် အတိုင်ခံရလို့ အလုပ်က ပြုတ်ချင်ပြုတ်ဦးမှာ''တဲ့။ ကြားကြားချင်း ကျွန်မတအံ့တသြ လှည့်ကြည့်လိုက်မိပါတယ်။

ကိုပေါက်(ကမာရွတ်)

--------------------------------

(၁)

မြန်မာသက္ကရာဇ် ၁၂ လမှာ ၁၁ လမြောက် တပို့တွဲလဟာ ဆောင်းနှောင်းရာသီ၊ ဆောင်းအကုန်နွေကူးတော့မယ့်ကာလ။ နေ့ပူညချမ်းမယ့်ရာသီ။ ဒီနှစ်ဆောင်းတွင်းက ဒီဇင်ဘာလအထိ လေအေးမတိုက် ချမ်းလည်းမချမ်း၊ နှင်းလည်းမဝေ အချိန်အခါမဟုတ် မိုးသေးမိုးဖွဲတွေရွာလေတော့ ဆောင်းပျောက်ပြီ လားလို့ တွေးလက်စမကုန်ခင် လျှပ်တစ်ပြက်အ အေးလှိုင်းဝင်လာပြီး အေးလိုက်တဲ့ဖြစ်ခြင်း။ အနွေးထည်အထပ်ထပ်ပြန်ဝတ်ရ နံနက်ခင်း ရေချိုးနိုင်ဖို့ လမ်းပြန်လျှောက်ထွက်ရ လေ့ကျင့်ခန်းလုပ်ရနဲ့ အလုပ်တွေရှုပ်ကုန်ပြီ။

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

၂ဝ၁၈ ခုနှစ်အတွက် ပထမဦးဆုံး ဧရာဝတီလင်းပိုင်းစစ်တမ်းကောက်ယူ ခြင်းနှင့် လေ့လာရေးခရီးစဉ်အတွင်း လင်းပိုင်ကောင်ရေ ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ထပ်မံကျယ်ပြန့်စွာလုပ်ဆောင်နိုင်ရန် လက်ရှိထိန်းသိမ်းရေးဧရိယာကို အမြန်ဆုံးတိုးချဲ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၁၉

ယခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မြို့မတူရိယာအသင်းနှင့်အတူ မြန်မာ့ဆိုင်း ပညာရှင်စိန်တင့်လွင် တို့တွဲဖက်၍ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။

လွိုင်လင်၊ ဖေဖော်ဝါရီ ၁၉

ရှမ်း ပြည်နယ် (တောင်ပိုင်း) လွိုင်လင် မြို့နယ် ပင်လုံမြို့ဆဟောင်းကျေးရွာအုပ်စုပေခြောက်ထောင်ကျော်အမြင့်ရှိသော ပန်းတင်ဗော်ကုန်း တော်ပေါ်တွင် ပအိုဝ်းတိုင်းရင်းသားများစုပေါင်း၍ သိန်းတစ်ထောင် ကျော်လှူဒါန်းငွေဖြင့် ဥာဏ်တော် အမြင့် ၅၄ ပေရှိသော စေတီတော်၏အရံစေတီလေးဆူကို ဖေဖော် ဝါရီ ၁၉ ရက်နံနက်ပိုင်းက ပန်းရထားဖြင့်ထီးတော်တင်လှူရာဒေသ ခံတိုင်းရင်းသားများဖြင့် စည်ကားလျက်ရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ငှက်မြတ်နားတော်နှင့်စိန်ဖူး တော်ကိုဆက်ကပ်တင်လှူသွားမည်ဟု သိရသည်။

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့ နယ် ရတနာပုံမြို့သစ် (၄) ရပ်ကွက်၊ လမ်း (၆ဝ) နှင့် (၆၁) လမ်း၊ ကံ့ကော်လမ်းနှင့် အောင်မင်္ဂလာလမ်း၊ ပိတောက်လမ်းနှင့် ဇွန်လမ်းကြားရှိ ဒေါ်---- (၃၈)နှစ်၏ နေအိမ်တွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Page 1 of 59