HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဖျာပုံမြို့နယ် အမာမြို့၌ မီးလောင်၊ အိမ် ၁၆၇ လုံးဆုံးရှုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

ဖျာပုံမြို့ နယ် အမာမြို့ ချောင်းဝကျေးရွာ၌ မီးလောင်ကျွမ်းခဲ့ရာ အိမ် ၁၆၇ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာ ပုံမြို့နယ် အမာမြို့ ချောင်းဝကျေး ရွာရှိ နေအိမ်တစ်အိမ်တွင် ဇန်န ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ် ယာဉ်နှစ်စီးနှင့် ကျေးရွာသူကျေး ရွာသားများက ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီကျော်ခန့်တွင် မီးငြိမ်းခဲ့ ကြောင်း ဖျာပုံခရိုင်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦး စီးမှူး ဒေါ်သီသီချိုက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဖွား တရုတ်ကုန်သည်များ အသင်းသည်လည်း အဓိကကျသည့် မဏ္ဍိုင်တစ်ခုတွင် ရှိနေဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ၂ 

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဖွား တရုတ်ကုန်သည် များအသင်းသည်လည်း အဓိကကျသည့်မဏ္ဍိုင်တစ်ခုတွင်ရှိနေ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြော ကြားသည်။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့တွင် ကျင်းပပြုလုပ်သော မြန်မာ နိုင်ငံ တရုတ်ကုန်သည်များ အသင်းနှစ် ၁၁ဝ ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် သင်းလုံးကျွတ် အစည်းအဝေးဂုဏ်ပြုညစာ စားပွဲကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ ပြီး အဖွင့်အမှာစကား ပြောကြား ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်အတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းကို တိုက်တွန်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုသည် တရုတ်ကုန်သည် များအသင်း၏ အဓိကကျသည့် မဏ္ဍိုင်တစ်ခုတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ခရီးသွားဧည့်သည် အလာများသည့် တောင်သမန် ဦးပိန်တံတား၌ အင်းအတွင်း ရေစပ်အထိ မြင်းလှည်းစီး ဝန်ဆောင်မှုစတင်

မန္တလေး၊ ဇန်နဝါရီ ၂

မန္တလေး ဝန်းကျင်နေရာများထဲမှ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်အလာ များသည့် အမရပူရ တောင်သမန် ဦးပိန်တံတားတွင် မြင်းလှည်းဖြင့် လှည့်လည်နိုင်သည့်ဝန်ဆောင်မှုကို ဇန်နဝါရီ ၁ ရက်မှ စတင်ဆောင် ရွက်ပေးနေကြောင်း သိရသည်။ တောင်သမန်ဦးပိန်တံတား မှာ မန္တလေးခရီးစဉ်လာရောက်သည့် ပြည်တွင်းနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်အများဆုံးလာ ရောက်သည့်နေရာဖြစ်ပြီး ယခုအ ချိန်အခါသည် ဘုရားဖူးရာသီ၊ ရုံး ပိတ်ရက်၊ ကျောင်းပိတ်ရက် ဆက် နေသဖြင့် ပြည်တွင်းခရီးသည်လာ ရောက်မှု ပိုမိုများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့မှု ယမန်နှစ်များထက် အကြိမ်ရေတစ်ရာခန့် ပိုခဲ့ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂

၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်ရေမှာ ယမန်နှစ်များထက်တစ်ရာခန့်ပိုမိုခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမြေငလျင်ဌာနခွဲမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဇန်နဝါရီ ၂ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ သတင်းထုတ် ပြန်ချက်အရ ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အကြိမ်ရေ ၇ဝ ခန့်သာရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အင်ဒိုနီးရှား အနောက်ပိုင်း မြေပြိုမှုဖြစ်ပွား ရှစ်ဦးသေ၊ ၄၁ ဦးပျောက်ဆုံးနေ

ဂျကာတာ၊ ဇန်နဝါရီ ၁

အင်ဒိုနီးရှားနိုင်ငံ အနောက် ဂျာဗားပြည်နယ်၌ ကြီးမားသော မြေ ပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ ဆူကာဘူမိ ခရိုင် ကျေးရွာသား ရှစ်ဦးသေဆုံး ကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိ ကြောင်း ဘေးဒုက္ခများဆိုင်ရာအေ ဂျင်စီက ဇန်နဝါရီ ၁ ရက်တွင်ပြော ကြားလိုက်သည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဌာနနှင့် ဘေးဒုက္ခများအေဂျင်စီမှ တာဝန်ရှိသူများက ကျေးရွာသား များနှင့်အတူ ပျောက်ဆုံးသူများကို ကယ်တင်နိုင်ရန် ရှာဖွေရေး လုပ် ဆောင်နေကြောင်း၊ ဆီနာရက်စမီ ကျေးရွာမှ လူများမှာ မြေအောက် တွင် ပိတ်မိနေသည်မှာ ၃၄ နာရီ ကျော် ရှိပြီဖြစ်ကြောင်း၊ အမျိုးသား ဘေးဒုက္ခများ စီမံခန့်ခွဲရေးအေဂျင် စီမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပါဂိုနျူ ဂရိုဟိုက ပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

လူတို့၏ အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်ရန် အစ္စရေး သုတေသီများက ကြွက်များဖြင့် စမ်းသပ်

ဂျေရုဆလင်၊ ဇန်နဝါရီ ၁

အစ္စရေး သုတေသီများသည် လူတို့၏ ဇရာကို တားဆီးနိုင်ရန် ကြွက်များ၏ အသက်ရှည်မှုကို စမ်းသပ်ခြင်းဖြင့် ပြုလုပ်နိုင်ကြောင်း သု တေသန ပြုလုပ်ခဲ့ကြသည်ဟု ဇန်နဝါရီ ၁ ရက် သတင်းများအရ သိရသည်။ လူတို့၏ အိုမင်းရင့်ရော်ခြင်း ဇရာကို တားဆီးနိုင်ရန် ခန္ဓာကိုယ်၏ ခံနိုင်ရည်အား immune များ အဓိကအားဖြင့် ပါဝင်ပတ်သက်နေ ခြင်းကြောင့် ကြွက်များတွင် ခံနိုင် ရည်အား မျိုးဗီဇ (Gene)များ လျော့ နည်းလာပါက နာတာရှည်အကျိုး သက်ရောက်မှုများ ဖြစ်ပွားကာ ခန္ဓာ ကိုယ်အတွင်း လုပ်ဆောင်မှုများ လျော့နည်းလာခဲ့ရကြောင်း သုတေ သနပြုတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ချောင်းသာကမ်းခြေ သန့်ရှင်းမှု မရှိဆိုသည့် ပုံရိပ်ချေဖျက်ရန် ယခုနှစ်တွင် သန့်ရှင်းရေး ဦးစားပေးဆောင်ရွက်သွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁

ချောင်းသာကမ်းခြေသန့်ရှင်းမှုမရှိဆိုသည့် ပုံ ရိပ်ကိုချေဖျက်ရန် ယခုနှစ်တွင် သန့် ရှင်းရေးဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် ကမ်းခြေနှင့်ပင် လယ်ရေပြင်သန့်ရှင်းရေး၊ အမှိုက်ကင်းစင်စေရေးနှင့်ဈေးသည်များ စည်းကမ်းမဲ့ရောင်းချမှုများကို ထိန်းသိမ်းနိုင်မည့် စည်းကမ်းထိန်း သိမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး သန့်ရှင်းရေးလုပ်ငန်းများနှင့်စည်း ကမ်းပိုင်းဆိုင်ရာထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဟို တယ်လုပ်ငန်းရှင်များအသင်း (ချောင်း သာဇုန်)မှ အတွင်းရေးမှူး ဦးနိုင် ဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ပတ်အတွင်း ပြည်ပပို့ ဆန်တစ်အိတ်လျှင် ကျပ် ၅ဝဝ ခန့် ဈေးပြန်ကျ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

အမေရိကန်ဒေါ်လာနှင့်မြန်မာငွေလဲလှယ် နှုန်းကျဆင်းမှုကြောင့် တစ်ပတ်အတွင်းပြည်ပပို့ဆန်တစ်အိတ်လျှင် ကျပ် ၅ဝဝ ခန့်ဈေးပြန်ကျသွား ကြောင်း ဆန်စပါးကုန်စည်ဒိုင်ဘုရင့်နောင်မှသိရသည်။ ဒီဇင်ဘာ ၂၃ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၅၇ဝ/ ၁၅၈ဝ ပတ်ချာလည်ရှိ ခဲ့ရာမှ ဒီဇင်ဘာ၂၄ ရက်မှဒီဇင် ဘာ ၃၁ ရက်အထိ ကန်တစ်ဒေါ် လာလျှင်ကျပ် ၁၅၄ဝ သို့ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၄ ရက်မတိုင်ခင် က ၂၅ မတ်တန်ပြည်ပပို့ဆန်တစ် အိတ်လျှင် ကျပ် ၁၉၂ဝဝ/ ၁၉၃ဝဝ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၄ ရက်မှ ဒီ ဇင်ဘာ ၃၁ ရက်အတွင်း ဆန်တစ် အိတ်လျှင် ကျပ် ၁၈၈ဝဝ/၁၉ဝဝဝ ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...