HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မဟာဗျူဟာရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၈

မြန်မာ နိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ မဟာဗျူဟာ ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီခွဲက စစ်ကိုင်းမြို့ ရွှေသမား ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ''မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းများ မဟာဗျူဟာရေးဆွဲရေး တစ်နိုင်ငံလုံး ညီလာခံကို လာမယ့် မေလအတွင်းမှာ ရှမ်းပြည်နယ်(တောင် ပိုင်း) ဟိုပုန်းမြို့နယ် နောင်တော ကျေးရွာမှာ ကျင်းပပါမယ်။ အဲဒီ ညီလာခံမှာ စစ်ကိုင်းတိုင်းဒေသ ကြီးကိုယ်စားပြု တင်သွင်းနိုင်ဖို့ ဒီ နေ့ စစ်ကိုင်းတိုင်း ညှိနှိုင်းအစည်း အဝေးပြုလုပ်တာပါ''ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာသင်ကြား မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ရွှေသမားကျောင်း ဆရာတော်ဘဒ္ဒန္တကောသလ္လာဘိ ဝံသက မိန့်ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မန်ဝိန်းကြီး တိမ်းရှောင်စခန်း၌ လူဦးရေများပြားနေပြီး ရေ၊ အိမ်သာနှင့် လျှပ်စစ်မီး အခက်အခဲဖြစ်ပေါ်နေ  

မန်စီ၊ ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီး တိမ်းရှောင်စခန်း၌ တိမ်းရှောင်လာသူများပြားနေပြီး ရေနှင့် အိမ်သာအခက်အခဲဖြစ်နေကာ ကျောင်းသားကျောင်းသူများ စာကြည့်နိုင်ရန်အတွက်လည်း လျှပ်စစ်မီးအခက်အခဲဖြစ်နေကြောင်းသိရသည်။ ''အခုလောလောဆယ်အရေးကြီးဆုံးကတော့ လူဦးရေကများ ပြီးအိမ်သာကလည်း ၁၆လုံးသာရှိတာနဲ့ အိမ်သာလည်း ပြည့်လျှံနေတယ်။ ဒါကြောင့်ကျန်းမာရေးနည်းနည်းထိခိုက်တာပေါ့။ ဆန်က WFP ကပေးတော့ ဘာမှမလိုဘူး။ ရေကလည်း နည်းနည်းပြော ရင်တော့ မီးစက်နှိုးဖို့ဓာတ်ဆီလိုတယ်''ဟု မန်ဝိန်းကြီး KBC (၁)တိမ်းရှောင်စခန်းကော်မတီ ဒုအတွင်းရေး မှူးဒေါ်လဖိုင်နန်ဒွဲက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

တရားမဝင်လုပ်သားများကို စီမံချက်ဖြင့်ဖမ်းဆီးမည်ဟု သတိပေးထားသည့် တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအိုဗာစတေးလုပ်သား ၂ဝဝဝ ကျော်အထိရှိနေ ၊ ဖမ်းဆီးမှုကြောင့် ထွက်ပြေးသူအချို့ တိုက်ပေါ်မှပြုတ်ကျသေဆုံးလျက်ရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇-မတ်လကုန်အထိ စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု သတိပေးထားသည့် တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအိုဗာစ တေးလုပ်သား ၂ဝဝဝ ကျော်အထိရှိနေပြီး ကိုရီးယားလဝက၏လိုက်လံဖမ်းဆီးမှုတို့ကြောင့် တိုက် ပေါ်မှပြုတ်ကျသေဆုံးမှု၊ ကိုယ်အင်္ဂါထိခိုက်မှုတို့ အထိရှိနေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်မြို့လယ်ကောင်ရှိ ဧည့်ရိပ်မွန်တစ်ခုတွင် ဆရာဝန်တစ်ဦး ဒဏ်ရာမဲ့သေဆုံးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇- ရန်ကုန် မြို့လယ်ကောင်ရှိ ဧည့်ရိပ်မွန်တွင် တည်းခိုနေသော ဆရာဝန်တစ်ဦး ဒဏ်ရာမဲ့သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇-မြန်မာ စကားပြောစွမ်းရည်ပြိုင်ပွဲ၏ဆီမီးဖိုင်နယ်အဆင့်ပြိုင်ပွဲများကို ဆက် လက်ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဧရာဝတီမြစ်အတွင်း မန္တလေး-ညောင်ဦးရေလမ်း၌ ရေယာဉ်များ ဘေးကင်းစွာ သွားလာနိုင်ရန် ရေလမ်းပြ အမှတ်အသားချထားမှု မတ်လအတွင်း အပြီးဆောင်ရွက်မည်  

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

ဧရာဝတီမြစ်အတွင်း မန္တလေးမှ ညောင်ဦးရေလမ်းကြောင်း၌ ရေယာဉ်များ ၂၄ နာရီဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ရေ ကြောင်းပြအမှတ်အသား (Aids to navigation) ချထားခြင်းလုပ် ငန်းကို မတ်လအတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မုံရွာနှင့် မန္တလေးမြို့မှ ဝယ်လက်များက ဈေးပြိုင်လာရောက် ဝယ်ယူမှုကြောင့် ကလေးဒေသ၌ နေကြာစိုက်ပျိုးမှုများလာ

ကလေး၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသ ထွက် နေကြာဆီနှင့် နေကြာစေ့ကို မုံရွာနှင့် မန္တလေးမြို့မှ ဝယ်လက် များက ဈေးပြိုင်လာရောက်ဝယ်ယူမှုများ ရှိနေသည့်အတွက် ဒေသ တွင်း နေကြာစိုက်တောင်သူများ ယခုနှစ်တွင် ဆောင်းသီးနှံနေကြာ ကို စိုက်ပျိုးသူများပြားလာကြောင်း သိရသည်။ ကလေးဒေသတွင် ဆောင်းသီးနှံအဖြစ် မြေပဲ၊ နှမ်း၊ ပဲနီ၊ ပဲဖြူ တို့ စိုက်ပျိုးမှုရှိသော်လည်း ယခုနှစ်တွင် နေကြာဆီနှင့် နေကြာစေ့ ဈေးကောင်းသည့်အတွက် နေကြာစိုက်ပျိုးမှုကို နှစ်တိုင်းထက် စိုက် ပျိုးမှုများလာသည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန် အော်ရီဂွန်မှ မွန်တားနားပြည်နယ် တစ်လျှောက် နှင်းမုန်တိုင်း တိုက်ခတ်၊ သစ်ပင်များလဲပြို

ရီနို၊ ဖေဖော်ဝါရီ ၂၆ 

အမေရိကန်နိုင်ငံ ဆီရာနီဗား ဒါးမြို့တွင် ဖေဖော်ဝါရီ ၂၅ရက်က တစ်နာရီမိုင် ၁ဝဝ (ကီလိုမီတာ၁၆ဝ) နှုန်းဖြင့် မုန်တိုင်းတိုက်ခတ်ခဲ့ကာ လမ်းများပေါ်တွင် ဆီးနှင်းထုရှစ် ပေအမြင့်အထိ ကျဆင်းခဲ့သည် ဟုဖေဖော်ဝါရီ ၂၆ ရက်သတင်း များအရသိရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...