HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကြည့်မြင်တိုင် ငါးဈေးတွင် တရားဝင် ကုန်တင်ကုန်ချ လုပ်သားများ အလုပ်ရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရဟုဆို

ရန်ကုန်၊ မတ် ၂ဝ

ကြည့်မြင်တိုင်စံပြငါးဈေးအတွင်း ငါးတောင်းဌာနခွဲမှ တရားဝင်ကုန်တင်၊ ကုန်ချအလုပ်သမားများအနေဖြင့် အလုပ်ရရှိရန် အခက်အခဲများနှင့်ကြုံတွေ့ နေရကြောင်းသိရသည်။ ''ကြည့်မြင်တိုင်မြို့နယ်၊ ကုန်တင်၊ ကုန်ချကော်မတီရုံး၊ ငါး တောင်းဌာနခွဲ၊ လုပ်သားသစ်ခန့်ထားခြင်းကိစ္စ''နှင့်ပတ်သက်ပြီး တရားဝင်မှတ်ပုံတင်လုပ်သားများ ဖြစ်သည့် ဦးမင်းဇော်၊ ဦးကျော် သန်း၊ ဦးအောင်မြင့်ထွေး၊ ဦးထွန်း လင်းနှင့် ဦးဝင်းအေးတို့ ငါးဦးက ရန်ကုန်မြို့၊ MJN ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို မတ် ၂ဝ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ဘေးရှောင်ဒေသရှိ ကလေးသူငယ်များအပြင် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးရန် ရည်ရွယ်သည့် The DeBoer Project များကို ဆောင်ရွက်သွားမည်

ရန်ကုန်

စစ်ဘေးရှောင်ဒေသများရှိ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ရေးကဏ္ဍများအပြင် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးရန် ဆောင်ရွက်လျက်ရှိသည့် The DeBoer Project များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ ကျောင်းသားဟောင်းများ စုပေါင်း၍ GDG Project များကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်များထဲတွင် ကလေးကစားကွင်းများ ဆောက်လုပ်ရန်၊ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ထောက်ပံ့ပေးရန်၊ စာကြည့်တိုက်ဆောက်လုပ် ပေးရန်၊ နယ်စွန်အဖျားရှိ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်ပေးသည့်သင်တန်းများ သင်ကြားပေးရန်၊ ချင်းပြည်နယ်တွင် ကော် ဖီစိုက်တောင်သူများကို အဆင့်မြှင့်တင်သည့် သင်တန်းများ ပေးအပ်ပေးရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အိမ်သာများ ဆောက်လုပ်ပေးရန် အပါအဝင်နယ်အစွန် အဖျားရှိ ကလေးငယ်များကို နွေရာသီ English စာသင်ကြားရန် စသည့် Projects များ ပါဝင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြိတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာလူနေအိမ် ၅၆လုံးနှင့် မွေးမြူရေးခြံတစ်ခြံတို့ ပြိုကျပျက်စီး

မြိတ်၊ မတ် ၁၉ - တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် တုံဗျော ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် မိုးသက်လေပြင်း များတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၆ လုံးနှင့် မွေးမြူရေးခြံတစ်ခြံ ပြိုကျပျက်စီးသွားကြောင်း တုံဗျော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သင်္ကြန်ကာလနီးလာသည့်အချိန်တွင် မြဝတီမြို့အနီးရှိ လေးကပေါ်ရေတံခွန် အပန်းဖြေစခန်းသို့ လာရောက်အနားယူအပန်းဖြေသူများဖြင့် စည်ကားနေ

မြဝတီ၊ မတ် ၁၉ - သင်္ကြန်ကာလ နီးလာသည့်အချိန်တွင် ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၂ မိုင်ခန့် ကွာဝေးပြီး လေးကေကော် မြို့သစ် နှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိ သည့် ''လေးကပေါ်ရေတံခွန်'' အပန်းဖြေစခန်းသို့ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာ ရောက်လည်ပတ်အပန်းဖြေသူများ များပြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ့အကြီးဆုံး အတိမဟန္တဒုန္ဒုဘစည်တော်ကြီး ရွှေဘိုမြို့မှ စစ်ကိုင်းရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်သို့ ဆက်လက်ပင့်ဆောင်

ရွှေဘို၊ မတ် ၁၉ - စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့ ချမ်းသာကြီး ဘုရားသို့ မတ် ၁၈ ရက် ည ၈ နာရီကရောက်ရှိခဲ့သော ကမ္ဘာ့အကြီးဆုံး အတိမဟန္တဒုန္ဒုဘ စည် တော်ကြီးမှာ ချမ်းသာကြီးဘုရားတွင် တစ်ညတာအပူဇော်ခံပြီး မတ် ၁၉ ရက် နံနက် ၆ နာရီ မိ နစ် ၄ဝ တွင် ရွှေဘိုမြို့မှ စည်တော် ကြီးထားရှိမည့် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီ တော်သို့ ဆက်လက်ပင့်ဆောင်သွား ပြီဖြစ်ကြောင်း ချမ်းသာကြီးဘုရား ဂေါပကအဖွဲ့မှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တိုင်ကြားခံ စည်ပင်ကိုယ်စားလှယ်လောင်း ငါးဦး သတ်မှတ်အရည်အချင်းနှင့် မညီသဖြင့် ပယ်ဖျက်

ရန်ကုန်၊ မတ် ၁၈

တိုင်ကြားခံရသောရန်ကုန်စည်ပင် ကိုယ်စားလှယ်လောင်း ငါးဦးကို စိစစ်ခဲ့ရာ သတ်မှတ်အရည်အချင်းနှင့် မညီသဖြင့် ပယ်ဖျက်လိုက်ကြောင်းရန် ကုန်မြို့တော် စည်ပင်သာယာရွေး ကောက်ပွဲကော်မရှင်မှသိရသည်။ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီဝင်နှင့် မြို့နယ် အဆင့်များအတွက် ကိုယ်စားလှယ်လောင်းအဆိုပြု လျှောက်လွှာတင်သူ၂၇၇ဦးရှိခဲ့ပြီး ယင်း၂၇၇ ဦးစလုံးအား ကိုယ်စားလှယ် လောင်းများ အဖြစ်ဝင်ရောက်ယှဉ် ပြိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရွေးကောက်ပွဲ ကော်မရှင် ကရွေးချယ်ခဲ့ကြောင်း ယင်းကိုယ် စားလှယ်၂၇၇ဦးရှိသည့် အနက် ငါး ဦးအားပြည်သူအချို့က ကန့်ကွက် စာပေးပို့သဖြင့် စိစစ်ရာမှန်ကန် သောကြောင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်ခဲ့ကြောင်းယှဉ် ပြိုင်လိုခြင်းမရှိ၍ နုတ်ထွက်သူ တစ်ဦးလည်းရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သီတဂူဆရာတော်ကြီး သက်တော် (၈၂)နှစ်ပြည့် မွေးနေ့အလှူ ပထမရက်တွင် သီလရှင်အပါး ၁ဝဝဝ အား ဆွမ်းကြီးလောင်းလှူ

စစ်ကိုင်း၊ မတ် ၁၈

သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်နိ ကာယဥပဥက္ကဋ္ဌတွဲဖက်ရွှေကျင် သာသနာပိုင်သီတဂူဆရာတော် ဒေါက်တာအရှင်Óဏိဿရ၏ သက်တော်(၈၂)နှစ်ပြည့် မွေးနေ့ မင်္ဂလာအဖြစ် မတ် ၁၈ ရက် နံနက် က စစ်ကိုင်းတောင်ရိုးသီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီလရှင်ဆရာ လေးအပါး ၁ဝဝဝ တို့အား ဆွမ်း ဟင်းအစုံ၊ သင်္ကန်း၊ တဘက်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးစသည့် ပစ္စည်းများ ကို ပထမနေ့တွင် စတင်လောင်း လှူခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ အိမ်ဖော်ကို နှိပ်စက်ညှဉ်းပန်းသည့် လင်မယားကို စင်ကာပူတရားရုံးက ပြစ်ဒဏ်များ ချမှတ်  

စင်ကာပူ၊ မတ် ၁၈

မြန်မာအိမ် ဖော်ကို နှိပ်စက်ညှဉ်းပန်းမှုဖြင့် တရား ရင်ဆိုင်နေရသော လင်မယားကို စင်ကာပူတရားရုံးက ထောင်ဒဏ် များချမှတ်ခဲ့ကြောင်း CNA သတင်း ဌာနတွင်ဖော်ပြခဲ့သည်။ စင်ကာပူ နိုင်ငံတွင် မြန်မာလူမျိုးအိမ်ဖော်ဖြစ် သော အသက်(၃၂)နှစ်ရှိ မမိုးမိုး သန်းအား အိမ်ရှင်လင်မယားဖြစ် သော အထက်တန်းအရောင်းမန်နေ ဂျာဖြစ်သော ချာယွန်လင်း(၄၃)နှစ် နှင့် ¤င်း၏ယောက်ျားဖြစ်သူ အိုင်တီ မန်နေဂျာ တေဝီကတ်(၄၁)နှစ်တို့ သည် လူ့ဂုဏ်သိက္ခာပျက်ယွင်း အောင် နှိပ်စက်ညှဉ်းပန်းမှုဖြင့် ခရိုင် တရားသူကြီး အိုလီဗီယာကိုးက မတ် ၁၈ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချာယွန်လင်းသည် ထောင်ဒဏ် သုံးနှစ်နှင့် ၁၁ လ ငွေဒဏ် ဒေါ်လာ ၄ဝဝဝ နှင့် မမိုးမိုးသန်းအား လျော်ကြေးငွေ အဖြစ် ဒေါ်လာ ၆၅ဝဝ ပေးရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...