ရန်ကုန်၊ ဩဂုတ် ၁၈- လေးလ ကျော်ကြာ ဖမ်းဆီးခံထားရသည့် ဆုထူးစံကုမ္ပဏီမှ အင်ဂျင်နီယာ ချုပ်အပါအဝင် အရပ်သားကိုးဦး ကို AA လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၈ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် ပလက်ဝမြို့နယ် ရှင်မဒိန်အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ပြန်လွှတ်ပေးခဲ့သည့် အင်ဂျင်နီယာချုပ် ဦးလှမျိုး အောင်၊ ဦးသိန်းဇော်ထွန်း၊ ဦး ဇော်မျိုးသူ၊ ဦးစိုးကိုကိုနိုင်၊ ဦး ဇော်နိုင်ထွန်း၊ ဦးသိန်းဟန်၊ ဖြိုး မင်းအောင်၊ ဦးထွန်းလင်းအောင် နှင့် ဦးကျော်မျိုးထွန်း တို့ကိုးဦးကို သက်ဆိုင်ရာတပ်ရင်းသို့ လာ ရောက်အပ်နှံပေးခဲ့ကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရ သည်။
ဗဗ လက်နက်ကိုင်အဖွဲ့မှအင် အား ၇၀ ခန့်သည် ゞင်းတို့ဖမ်း ဆီးခေါ်ဆောင်ခဲ့သည့် ဆုထူးစံ ကုမ္ပဏီမှ အင်ဂျင်နီယာချုပ် ဦး လှမျိုးအောင် အပါအဝင် ကိုးဦး တို့ကို ခေါ်ဆောင်လာ၍ ပလက်ဝ မြို့နယ်၊ ရှင်မဒိန်အုပ်စု၊ ကင်းတ လင်းကျေးရွာ၏ အနောက်ဘက်မှ ဝင်ရောက်လာပြီး ဩဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကျေး ရွာဆယ်အိမ်မှူးထံသို့ အဆိုပါ ကိုးဦးအား ပြန်လည်အပ်နှံပြီး နောက် ယင်းနေ့ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့် မြင့်ရဲအရာရှိကြီးတစ်ဦးက ]]လမ်း လုပ်နေတဲ့ ဆုထူးစံကုမ္ပဏီကလူ တွေကို AAက ဖမ်းသွားတဲ့ သူ တွေကို ပြန်လွှတ်လိုက်တယ်။ ဒီ နေ့ နေ့လယ်မှာ နှုံးဘူးရှေ့တန်း တပ်မ ၁၁ ရဲ့ အမှတ် ၃ ဗျူဟာကို ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့က လာအပ်တယ်။ အခု လက်ခံပြီးတော့ ပလက်ဝကို လေ ယာဉ်နဲ့ ပို့ပေးတယ်}}ဟု ဒီမိုကရေစီ တူဒေး၏ မေးမြန်းမှုကို ဩဂုတ် ၁၈ ရက်တွင် ဖြေကြားသည်။
ပြီးခဲ့သည့် မတ် ၃၀ မွန်းလွဲ ၂ နာရီခန့်က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပလက်ဝ-ဇိုရမ်ပူရ် (၂)လမ်းသွားလမ်းသို့ လက်နက်ကိုင်အဖွဲ့အင်အား ၇၀ ခန့် ရောက်ရှိလာပြီး ကားလမ်း ဖောက်လုပ်ရေးဆောင်ရွက်နေ သည့် (EPI-C & C) (JV) ကုမ္ပဏီ ပိုင် မြေတူးစက်တစ်စီး၊ ဆိုင်ကယ် ငါးစီး၊ Hilux ကားတစ်စီး၊ စုစု ပေါင်း ကာလတန်ဖိုးငွေ ကျပ် ၈၆၅ သိန်းခန့်အား မီးရှို့ဖျက်ဆီး ခဲ့ပြီး (EPI-C & C)(JV) ကုမ္ပဏီ နှင့် တွဲဖက်လုပ်ကိုင်နေလျက်ရှိ သော ဆုထူးစံကုမ္ပဏီမှ အင်ဂျင် နီယာချုပ် ဦးလှမျိုးအောင်အပါအ ဝင် ဝန်ထမ်းကိုးဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရ သည်။
အလားတူ ယခုနှစ် ဇူလိုင် ၃၁ ရက်ကလည်း ဗဗ လက် နက်ကိုင်အဖွဲ့က ဖမ်းဆီးထား သည့် ကင်းတလင်းကျေးရွာသား ၅၄ ဦးကိုလည်း ပြန်လွှတ်ပေးခဲ့ သည်။
WYHW/Democracytoday