ရန်ကုန်၊ ဒီဇင်ဘာ ၁၇
ကုန်ကျစရိတ် အဆပေါင်းများစွာကွာ ခြားသော်လည်း လူမှုဆက်ဆံရေး ကောင်းမွန်သဖြင့် မြန်မာများ နိုင်ငံခြားတွင် ဆေးကုသမှုခံယူနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိဆေးရုံများအနေဖြင့် လူမှုဆက်ဆံရေးပိုမို ကောင်းမွန်အောင် ပြုပြင်ရမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါအကြောင်းကို ”မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း” မှ ကြီးမှူး၍ ဒီဇင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၌ ကျင်းပသည့် ‘How to Strengthen Myanmar Healthcare’ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆေးကောင်စီဒုဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေးက ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
”နိုင်ငံခြားကိုဘာလို့ သွားကု သသလဲဆိုတာရှိပါတယ်။ ဘန် ကောက်ကို ဗီဇာအခမဲ့နဲ့ သွား လည်ရင်း တစ်ခါတည်း စစ်ခဲ့ကြတယ်။ မြန်မာပြည်မှာစစ်ဆေးတာ ထက်လေးဆကုန်ပေမယ့် ကျေနပ် ကြတယ်။ ဗမာလူမျိုးတွေ ကတုံးတိတိ၊ ပကာသနသိပ်မရှိဘူး။ ချွဲပျစ် မပြောတတ်ဘူး။ ဟိုနိုင်ငံသွားလိုက်တဲ့အခါ ကျွန်တော့်ယောက်ဖ ဆေးရုံတက်တော့ လိုက်သွားတယ်။ ဆေးရုံမှာ ကောင်မလေး တစ်ယောက် ရောက်လာတယ်။ နောက် ၁ဝ မိနစ်ဆို လာခေါ်မယ်ပြောတယ်။နောက်ကျသွားတယ်။ နောက်ကျသွားလို့ တောင်းပန်တဲ့အကြောင်း ပြောတယ်။ ပင်ပန်းသွားလားမေးတယ်။ ဘယ်နေရာမှာဘာလေးတွေ ဘယ်လိုဆောင်ရွက်ရမလဲ သေ သေချာချာပြောပြ ဆောင်ရွက် ပေးတယ်။ အဲဒီလိုမျိုးဂရုစိုက်တာကို လူနာကကျေးဇူးတင်လို့မဆုံး ဘူး။ ဆေးရုံလာတက်တဲ့အခါ ဆောင်ရွက်ရမှာတွေကို နားလည် တဲ့သူရှိတယ်။ နားမလည်တဲ့သူရှိတယ်။ လူအမျိုးမျိုးနဲ့ဆက်ဆံရ တော့ Communication Skill က အရေးကြီးတယ်။ ဒါဖြစ်ရင်ဒါလုပ် ရမယ်လို့ပြောရင်မကြိုက်ကြဘူး။ ယုယုယယနဲ့ ပြောဆိုလုပ်ကိုင် ပေးတာကြိုက်တယ်။ ကျွန်တော် တို့ဒီမှာ တုံးတိတိနဲ့ ပြောတာတွေ ပြုပြင်ရမယ်။ ယုယမှုတွေမြှင့်တင် ပေးရင်ပိုကောင်းမယ်”ဟု ၎င်းက ဆွေးနွေးသည်။
မြန်မာနိုင်ငံမှ ငွေကြေးပြည့် စုံသူများအနေဖြင့် မြန်မာနိုင်ငံမှာ ထက် နိုင်ငံခြားတွင် ဆေးကုသမှုပို များနေသော်လည်း တစ်နိုင်ငံလုံး အရေအတွက်ဖြင့် နှိုင်းယှဉ်လျှင် သိပ်မများသေးကြောင်းသိရသည်။ ”နိုင်ငံခြားကို မြန်မာနိုင်ငံက ဆေးသွားကုနေသူ သုတေသနတွေ အရ ၂ဝ ရာခိုင်နှုန်းရှိပါတယ်။ဖေ့စ်ဘွတ်စ်ပေါ်မှာ တွေ့နေရလို့ သာများတယ်လို့ ထင်နေရတာဖြစ် ပါတယ်။ မြန်မာ့လူဦးရေ ၅၂ သန်းနဲ့ နှိုင်းယှဉ်ရင်တော့ ပြည်တွင်းကို အားကိုးနေရဆဲဆိုတာကို မီးမောင်း ထိုးပြနေတာဖြစ်ပါတယ်”ဟု Business Consultant and Corporate Trainer,Lecturer -Retired, Management Studies Deparment,YUE မှ ဒေါ်စန်းစန်းလှက ဆွေးနွေးပွဲတွင် ပြောသည်။
”ကျွန်တော်မြင်တာကပြီးခဲ့တဲ့ ၁၅ နှစ်လောက်တော့ ဒီမြန်မာနိုင်ငံမှာ မရှိဘူးဟုတ်တယ်။ အခု တော်တော်များများ ဒီမှာရှိနေပြီ။ Medical Check က စလုပ်တာ လောက်တော့ မြန်မာနိုင်ငံမှာလုပ်လို့ရပါတယ်။ နိုင်ငံခြားအထိသွား စရာမလိုတော့ပါဘူး။ Check က စတင်မကဘူး။ ကုသမှုပါလုပ်နိုင်တယ်။ ရန်ကုန်မှာရော မန္တလေးမှာ ရော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပဲလေ။ တော်တော်လေး ကိုလုပ်လို့ရတယ်။ ဟိုမှာသွားလုပ် တယ်ပြီးတော့ ဘာမှမသိဘူး။ ဆရာကြီးရှင်းပြပါဦးဆိုပြီးတော့ ဒီပြန် ရောက်လာကြတယ်”ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်းဥက္ကဋ္ဌဒေါက်တာ ရဲမြကဒီမိုကရေစီတူဒေးသို့ပြောသည်။
TTHL
#democracytoday
Discussion about this post