ရန်ကုန်၊ မတ် ၃
ထိုင်းနိုင်ငံရွေး ကောက်ပွဲကြောင့် အလုပ်ရှင်အချို့ခွင့်ပြုချက်ဖြင့် သင်္ကြန်ကာလမ တိုင်မီ မြန်မာနိုင်ငံသို့ကြိုတင်လာရောက်ကြသည့် လုပ်သားနေ့စဉ် လူဦးရေထောင်ချီရှိနေကြောင်းသိရသည်။ မတ်၂၄ ရက်တွင် ပြုလုပ်မည့် ထိုင်းနိုင်ငံရွေးကောက်ပွဲ ကြောင့် မလိုလားအပ်သည့် ပြ ဿနာများမဖြစ်ပေါ်စေရန် ထိုင်းအလုပ်ရှင်အချို့၏ခွင့်ပြုချက်ဖြင့် ထိုသို့ပြန်လည်ဝင်ရောက်မှုသည် မဲဆောက်-မြဝတီ ချစ်ကြည်ရေး ဂိတ်မှာပင် မတ် ၂ ရက်မှစ၍ တစ် နေ့လျှင် လူ၎ဝဝဝ ခန့်ရှိကြောင်း မဲဆောက်မြို့အခြေစိုက် KTG အဖွဲ့မှ မတ် ၃ ရက်က သိရသည်။
”အခုလိုမြန်မာလုပ်သားတွေ ပြန်ဝင်နေတာက ၆ ရက်လောက်ရှိပြီ။ အရင်ရက်တွေက ပြန်တဲ့သူ ဒီလောက်မများဘူး။ မနေ့ကနဲ့ ဒီနေ့က တစ်ရက်ကို ၄ဝဝဝ ကျော် တယ်။ ပြန်လာတဲ့အလုပ်သမား တွေရဲ့ပြောပြချက်အရပေါ့။ နံနက်ကတော့ ရုံးကိုအလုပ်သမား ၆ဝဝ ကျော်ရောက်လာတယ်။ တချို့လည်း ဝပ်ပါမစ်ပါတယ်။ တချို့လည်း မပါဘူး။ လမ်းမှာတစ် ဂိတ်ကိုဘတ် ၄ဝဝ ပေးရတဲ့ဂိတ် ရှိတယ်။ ၈ဝဝ ပေးရတဲ့ဂိတ်ရှိ တယ်။ ၁ဝဝဝ ပေးရတဲ့ဂိတ်ရှိတယ် ဆိုပြီးလာပြီးအကူအညီတောင်း ကြတယ်”ဟု KTG အဖွဲ့ဒါရိုက်တာ ကိုသားကြီးကပြောသည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာလုပ်သားများကို သင်္ကြန်ကာလ နေရပ်ပြန်ခွင့်အား ဧပြီ ၅ ရက်မှ ၂၅ ရက်အတွင်း အဝင်အထွက်တံဆိပ်တုံးထုခအခမဲ့ဖြင့် သတ်မှတ်ရက်အတွင်း အဝင်အထွက် ပြုလုပ်နိုင်ကြောင်း ခွင့်ပြုထားသည်။ လက်ရှိတွင် သတ်မှတ်ရက် မတိုင်မီပြန်လည်ဝင်ရောက်နေခြင်း ဖြစ်သည့်အတွက် အိမ်ပြန်တုံးကြီး ထုခဘတ် ၁ဝဝဝ အပြင်အပြန်လမ်းစစ်ဆေးရေးဂိတ်များတွင်လည်း အခကြေးငွေများ ကောက်ခံသောကြောင့် အကူအညီတောင်း ခံလာသည့်အလုပ်သမားများစွာရှိ ကြောင်း၊ ယခုကဲ့သို့သတ်မှတ်ရက် မတိုင်မီ ပြန်လည်ဝင်ရောက်လာ ခြင်းကြောင့် ကုန်ကျစရိတ်ပိုမို များပြားကြောင်း ကိုသားကြီးက ပြောသည်။
ထိုင်းလုပ်ငန်းရှင်များအနေ ဖြင့် လုပ်သားများကို ကြိုတင် ပြန်ခွင့်ပြုပေးခြင်းသည် ထူးခြား နေပြီး ထိုင်းနိုင်ငံတွင်လည်း ရွေး ကောက်ပွဲရှိသောကြောင့် နိုင်ငံရေး အခြေအနေမည်သို့ ဆက်ဖြစ်မည် ကိုကြိုတင်မသိနိုင်သည့်အတွက် မြန်မာလုပ်သားများအနေဖြင့် စာရွက်စာတမ်းအထောက်အထား အပြည့်အစုံဖြင့် သတိထားသွား လာရန် လိုအပ်ကြောင်း ကိုသားကြီးက သတိပေးပြောကြားလိုက်သည်။
KSK
#democracytoday
Discussion about this post