မန္တလေး
Green City အဖြစ် စီမံချက်များချမှတ်ကာ အ ကောင်အထည်ဖော်လျက်ရှိသော မန္တလေးမြို့တွင်းရှိ မြို့နယ်ခြောက် မြို့နယ်တွင် ယခုနှစ်မိုးရာသီကာ လအတွင်း အရိပ်ရအပင်များကို စံချိန်တင်စိုက်ပျိုးပေးသွားရန် လျာ ထားပြီး အများပြည်သူကတင်ပြ သည့်နေရာများအတွက်လည်း ပျိုး ပင်များကို အခမဲ့ပေးဝေသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ သိရ သည်။
”အရိပ်ရပင်စုစုပေါင်း ၁၅၁ဝဝ ကို ဇွန်လနောက်ဆုံးပတ်ကနေ မိုး ရာသီပြီးတဲ့အထိ မြို့နယ်အလိုက် စိုက်ပျိုးသွားမှာပါ။ မြို့တော်သူ၊ မြို့တော်သားတွေအနေနဲ့ စိုက်ပျိုး စေချင်တဲ့နေရာတွေကို သက်ဆိုင် ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး (ဒါ မှမဟုတ်) မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွေဆီ အ ကြောင်းကြားတင်ပြရင် ပျိုးပင်တွေ ကိုဖြန့်ဝေပေးမှာဖြစ်ပြီး ကိုယ့်အစီ အစဉ်နဲ့ ကိုယ်စိုက်ပျိုးနိုင်သလို စည်ပင်ကိုစိုက်စေချင်ရင်လည်း မြေကျင်းတူးတာ၊ မြေဆွေးထည့် တာကအစ လုပ်ပေးသွားမှာဖြစ်ပါ တယ်။ မိုးရာသီသစ်ပင်စိုက်ပွဲတော် တွေကိုလည်း ကျင်းပသွားဖို့ စီစဉ် ထားပါတယ်”ဟု အဆိုပါကော်မ တီဝင်ဦးကျော်ဆန်းမြင့်က ဇွန် ၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။
မြို့တော်စည်ပင်လက်အောက် ရှိ ပျိုးခြံများတွင် သုံးနှစ်မှ ငါးနှစ် အတွင်း အပင်ပေါင်းတစ်သိန်း ကျော်ကို ကြိုတင်ပျိုးထောင်ထား ကြောင်း၊ စိုက်ပျိုးပြီးအပင်များရှင် သန်ရေးလုပ်ငန်းကို ပန်းဥယျာဉ် နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်း များက ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ချမ်းအေးသာစံမြို့နယ် တွင် အပင် ၁ဝ၅ဝ၊ မဟာအောင် မြေမြို့နယ်တွင် အပင်၂၅ဝဝ၊ ချမ်းမြသာစည်မြို့နယ်တွင် အပင် ၃၁ဝဝ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အပင် ၃၁ဝဝ၊ အောင်မြေသာစံမြို့ နယ်တွင် အပင်၂၅ဝဝ နှင့် အမရ ပူရမြို့နယ်တွင် အပင် ၂၈၅ဝ ပင် စိုက်ပျိုးရန် လျာထားပြီး ကုဣို၊ ခရေ၊ တမာ၊ စိန်ပန်း၊ မည်စည်၊ သင်္ဘော၊ တည်၊ ငု၊ သရက်၊ စွယ် တော်၊ ဗာဒံ၊ တရုတ်စကား၊ မဲဇ လီ၊ ကံ့ကော်၊ ပိတောက်၊ မန်ကျည်း၊ ပုန်းညက်၊ ကသစ်ကြား၊ ဖွားဖက် တော်၊ သပြေဘူတ စသည့်အပင် များဖြစ်ကြောင်းသိရသည်။
KSA
#democracytoday
Discussion about this post