မော်လမြိုင်၊ ဒီဇင်ဘာ ၉
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်သားအချို့ သက်ငယ်မုဒိမ်းမှုများ ကျူးလွန်နေမှုကြောင့် ကျောက်မိုင်းများ ပိတ်သိမ်းပေးရန် ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ပေါင်မြို့မှဒေသခံ ၁၀ဝ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။ ကျောက်မိုင်းလုပ်ငန်းများမှ မိုင်းလုပ်သားများကြောင့် ဒေသခံ အမျိုးသမီးငယ်များ မုဒိမ်းမှုကျူးလွန်ခြင်းခံရနေကြောင်း၊ ၄င်းအပြင် ကျောက်မိုင်းလုပ်ငန်းများကြောင့် ရေအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းများရှိ လာကြောင်း ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်သင်းသင်းမော်က ပြောသည်။
“မိုင်းလုပ်သားတွေက ဒေသ ခံအမျိုးသမီးတွေကို မုဒိမ်းမှုကျူးလွန်လာကြတယ်။ ဒေသခံအမျိုး သမီးတွေရဲ့ဘဝ လုံခြုံမှုမရှိတော့ဘူး။ ပေါင်မြို့နယ်အတွင်းမှာရှိတ
“‘ဒီဆန္ဒထုတ်ဖော်ပွဲက ခွင့်ပြုချက်နဲ့လုပ်တာ ဖြစ်ပါတယ်။ တကယ်လည်း လွန်ခဲ့တဲ့ ၁၅ ရက်လောက်က အသက် (၁၅) နှစ်လောက်သာ ရှိသေးတဲ့ အမျိုးသမီးငယ်ကို ကျောက်မိုင်းကုမ္ပဏီတစ်ခုမှ မိုင်းလုပ်သားက မုဒိမ်းမှုကျူးလွန်တာ ဖြစ်ပါတယ်။ ပေါင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု ပေါင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးက ပြောသည်။
Discussion about this post