• About Us
  • Advertise
  • Careers
  • Contact Us
Sunday, December 8, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ကိုရီးယား အလုပ်စာမေးပွဲ လျှောက်လွှာ စတင် ထုတ်ပေးသည့် နေ့တွင် လူသုံးသောင်းခန့် ထုတ်ယူ

by M Bwe
June 12, 2019
in Others
1 min read
0
0
SHARES
14
VIEWS
Share on FacebookShare on Twitter

RelatedPosts

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019

ရန်ကုန်၊ မတ် ၁၂

၂ဝ၁၈ ခုနှစ်အတွင်း တောင်ကိုရီးယား၌ အလုပ်လုပ်ကိုင်ခွင့်စာမေးပွဲလျှောက်လွှာပုံစံထုတ်ပေးမှုတွင် ကြိုတင်ထုတ်ပေးထားသည့်အရေအတွက်နှင့် ပထမနေ့စတင်ထုတ်ပေးသည့် အရေအတွက်စုစုပေါင်း လူဦးရေ သုံးသောင်းဝန်းကျင်အထိရှိခဲ့သည်ဟု သိရသည်။

ယင်းဖောင်ထုတ်ပေးမှုကို မတ် ၁၂ ရက်မှ ၁၅ ရက်အတွင်းသာ ရန်ကုန်နှင့် မန္တလေးတွင် ထုတ်ပေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီက ကိုရီးယားဘာသာစကား သင်တန်းကျောင်းများကို ကြိုတင်ထုတ်ယူခွင့်ပေးကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှသိရသည်။ ”ရန်ကုန်မှာတော့ ကြိုထုတ် ပေးထားတာ ၁၄ဝဝဝ လောက်ရှိတယ်။ မန္တလေးမှာတော့ ၈ဝဝဝ လောက်ရှိတယ်။ ပြီးတော့ ဖောင် စထုတ်ပေးတဲ့ ပထမနေ့ပေါ့နော်။ ဒီနေ့ထုတ်ပေးတာ ရန်ကုန်မှာဆို အလွန်ဆုံးမှ ဖောင်ကလူ ၅ဝဝဝ လောက်ပဲရှိမယ်။ မန္တလေးလည်း အဲဒီထက်မပိုလောက်ဘူးပေါ့ နော်။ အဲဒီတော့ ကြိုတင်ထုတ်ပေးထားတာနဲ့ အတည်ထုတ်ပေးတဲ့ ပထမနေ့ပေါ့။ ရန်ကုန်၊ မန္တလေး စုစုပေါင်းဆိုရင် သုံးသောင်းဝန်း ကျင်လောက်ပဲရှိမယ် ခန့်မှန်းပေါ့။ ဖောင်ပြန်တင်တာတော့ ရန်ကုန် မှာတော့ တစ်နေ့ကို နံနက်ပိုင်း လူဦးရေ ၂၅ဝဝ၊ ညနေပိုင်း ၂၅ဝဝ အဲဒီလိုနှုန်းနဲ့ လူဦးရေ ၅ဝဝဝ သတ်မှတ်ထားပါတယ်”ဟု အလုပ် သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ မတ် ၁၂ ရက်က ပြောသည်။

ယင်းသတ်မှတ်ရက်အတွင်းပင် လျှောက်လွှာဖောင်များကို လျှောက်ထားသူကိုယ်တိုင်လာ ရောက်တင်သွင်းရမည်ဖြစ်ပြီး စာ မေးပွဲဖြေဆိုခမှတ်ပုံတင်ကြေး (Test Fee) အဖြစ် အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာကိုပေးသွင်း ရမည်ဖြစ်ကြောင်း၊ အလုပ်လျှောက်လွှာတင်သွင်းရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစားကို Passport of Job  တစ်မျိုးတည်းသာ လက်ခံမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ကြေညာထားသည်။ ၂ဝ၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားမှခေါ်ယူမည့် လုပ်သားအရေအတွက်ကိုမူ မြန်မာအစိုးရဘက်သို့ လက်ရှိအချိန်ထိပေးပို့လာ ခြင်းမရှိသေးဘဲ စာမေးပွဲအောင် မြင်သည့် အရေအတွက်အပေါ်မူတည်ကာ စိစစ်ခေါ်ယူမည့်သဘော ရှိနေပြီး အောင်မြင်သည့်အရေ အတွက်ကိုလည်းတိုးမြှင့်ပေးထား ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ခွင့် ဖောင်ထုတ်ပေးမှုကို ယခင်နှစ်များက ရန်ကုန်မြို့ရှိ မြောက်ဒဂုံပင်လုံ သင်တန်းကျောင်းတစ်ခုတည်း၌ ထုတ်ပေးခဲ့ရာ ၂ဝ၁၇ ခုနှစ်တွင် လူဦးရေသုံးသောင်းသုံးထောင် ကျော်အထိထုတ်ယူခဲ့ပြီး ခိုက်ရန် ဖြစ်ပွားမှုများရှိခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် အဆင်ပြေစွာထုတ်ယူနိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရ တို့ညှိနှိုင်းကာ အထက်ဗမာပြည်နှင့် အောက်ဗမာပြည်ခွဲခြား၍ထုတ်ပေးခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် စာ မေးပွဲဖြေဆိုခွင့်လျှောက်လွှာထုတ် ပေးရာတွင်ကိုရီးယားနိုင်ငံ၏ မူဝါဒအတိုင်းသာထုတ်ပေး၍ ဖောင်ပြန်တင်ရာတွင်လည်း ငွေ ကြေးကောက်ခံနေခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာလုပ်သား ၄ဝဝဝ မှ ၅ဝဝဝ ဝန်းကျင်အထိအလုပ်ခေါ်ယူခဲ့သည်။ တောင်ကိုရီးယား၏အခြေခံလုပ်ခမှာ ၂ဝ၁၇ ခုနှစ်တွင် တစ်နာရီလျှင် ဝမ် ၆၄၇ဝ ရှိခဲ့ရာမှ ၂ဝ၁၈ ခုနှစ် တွင် ဝမ် ၇၅၃ဝ အထိတိုးမြှင့်ပေး ထားသဖြင့် သွားရောက်လုပ်ကိုင် မည့် လုပ်သားတစ်ဦးလျှင် အနိမ့် ဆုံးလုပ်ခ ဝမ် ၁၅ သိန်း ခုနစ် သောင်းအထိရရှိမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားအနေဖြင့် မြန်မာလုပ်သားခေါ်ယူမှုကို အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုတည်းကိုသာလုပ်ကိုင်ခွင့် ပေးထားပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း စသည့် အခြေခံအလုပ်များအတွက် အမျိုးသားလုပ်သားကိုသာခေါ်ယူ နေခြင်းဖြစ်သည်။ 

ZCH

#democracytoday

Previous Post

ရန်ကုန် တိုင်းဒေသကြီးတွင် ဆိုင်ခန်းနေရာ ငှားရမ်းထားသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများ

Next Post

အီရန်နိုင်ငံက ဘီဘီစီ သတင်းသမားများကို အပြစ်ပေးသောကြောင့် ဘီဘီစီသတင်းဌာနက ကုလသမဂ္ဂ အနေဖြင့်

M Bwe

Related Posts

Others

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019
Others

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019
Others

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019
Yangon Media Group
Others

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019
Yangon Media Group
Others

နေပြည်တော် စည်ပင်ရိပ်သာဗုံးလန့်မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို တစ်လကျော်ကြာသည်အထိ ခြေရာခံ မမိသေးဟုဆို

August 28, 2019
Yangon Media Group
Others

ပုသိမ်မြို့၌ လမ်းသွားလမ်းလာများကို အုပ်စုဖွဲ့ ရိုက်နှက်ရမ်းကားခဲ့သည်ဟုဆိုသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၁ ခုဖြင့် အမှုဖွင့်

August 28, 2019
Next Post

အီရန်နိုင်ငံက ဘီဘီစီ သတင်းသမားများကို အပြစ်ပေးသောကြောင့် ဘီဘီစီသတင်းဌာနက ကုလသမဂ္ဂ အနေဖြင့်

Discussion about this post

Connect with us

ADVERTISEMENT

Recommended

ကျုံးပတ်လည်မှ မဏ္ဍပ်များကို လုံခြုံရေး ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားထား၊ ပွဲတော်လာသူများ လက??

2 years ago

စလယ်ဆုံးအကုန်ပြင်ရမည့်အခြေခံဥပဒေဖြစ်သောကြောင့် အသစ်ရေးဆွဲခြင်းသည် အကောင်းဆုံးဟုဆို

9 months ago

၂ဝ၁၇-၂ဝ၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သ??

1 year ago

ဝင်ဘလေတွင် စပါးကို ရင်ဆိုင်ရန် ကြောက်ရွံ့မည် မဟုတ်ဟု ကီတာ ဆို

1 year ago

Ethan Hunt ဇာတ်ကောင်မှာ သေဆုံးလိမ့်မည် မဟုတ်ဟု Tom Cruise ဆို

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ကမ္ဘောဇသာဒီ နန်းတော်တွင် ဘုရင့်နောင် မင်းတရားကြီး၏ မိဖုရား ထိုင်းမင်းသမီး ဆုပန်ကလျာ ရုပ်တု??

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • မန္တလေးမြို့တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် (၃ဝ)ပြည့် ပုလဲရတု အထိမ်းအမှတ် အခမ်း??

    0 shares
    Share 0 Tweet 0
  • ”လုံးဝ အချစ်သက်သက် ဇာတ်လမ်းမျိုးကို ရိုက်ချင်လို့ Now & Ever ကို ရိုက်မှာပါ” ဒါရိုက်တာ ခရစ်စတီးန?

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.