ရန်ကုန်၊ မတ် ၁၃
လူသတ်မုဒိမ်းမှုကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်မရှိ နှစ်ရှည်ထောင် ဒဏ်ချမှတ်ပေးရန် အစိုးရသို့ တောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်သွားမည်ဟုသိရသည်။ သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းမှုများကြောင့် သေဆုံးခဲ့ရသည့်ကလေးငယ်များ၊ အဓမ္မကာ မရယူခံရမှုများအတွက် ယင်းသို့ တောင်းဆိုသွားမည်ဟု Stop Sexual Violence အဖွဲ့မှ အဖွဲ့ဝင် ဒေါ်ရီရီသာက ပြောသည်။
”ကျွန်မတို့ပြီးခဲ့တဲ့ ၂ဝ၁၆ ခု နှစ်က ဒီမုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ထောင်ချအရေးယူမှုတွေက နှစ်နှစ်၊ သုံးနှစ်ဒီလိုတွေဖြစ်နေတာ ကြောင့် ကျွန်မတို့အရွေ့အနေနဲ့ အင်္ကျီဖြူကမ်ပိန်းတွေလုပ်ပြီး အစိုးရကို တောင်းဆိုမှုတွေလုပ်ခဲ့တယ်။ အဲ့ဒီလိုလုပ်ပြီး မကြာမီဘဲ အစိုးရက ထောင်ဒဏ် ၂၉ နှစ်ချ မှတ်မှုတွေပြုလုပ်ခဲ့တယ်။ အခုတစ်ခါ သက်ငယ်မုဒိမ်း တွေများလာပြန်တော့ လွတ်ငြိမ်း ချမ်းသာခွင့်မရှိ အလုပ်ကြမ်းနဲ့ ထောင် ဒဏ်နှစ်ရှည်ချမှတ်သွား ပေးဖို့ ထပ်ပြီးတောင်းဆိုပါမယ်” ဟု ၎င်းက ပြောသည်။ ယင်းလှုပ်ရှားမှုကို လာမည့် မတ် ၁၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ Stop Sexual Violence အဖွဲ့မှဦးဆောင်ကာ ”မည်သည့်လိင်အကြမ်းဖက်မှုမျိုး မဆို ဆန့်ကျင်ရှုတ်ချပါသည်” ဆိုသည့်ဆောင်ပုဒ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး အနုပညာရှင်များနှင့် ပြည်သူများလည်းပါဝင်မည်ဖြစ် ကြောင်းသိရသည်။ ပြည်သူများအနေနှင့်အင်္ကျီ အဖြူဝတ်ဆင်ကာ လာရောက်ပူး ပေါင်းပါဝင်နိုင်ကြောင်း ၎င်းတို့ အဖွဲ့က တိုက်တွန်းသည်။
မတ် ၁၈ ရက် အခမ်းအနား၌ မုဒိမ်းကျင့်သတ်ဖြတ်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည့် ကလေးငယ်များအတွက် ဆုတောင်းပွဲအ စီအစဉ်တစ်ရပ်ပါ ထည့်သွင်းသွားမည်ဟုသိရသည်။ သက်ငယ်မုဒိမ်းမှုသေဒဏ်ချမှတ်ခြင်းကိုမူ ၎င်းတို့အဖွဲ့အနေနှင့် လုံးဝကန့်ကွက်ကြောင်းယင်း အဖွဲမှအဖွဲ့ဝင် ကိုအောင်ချမ်းသာ က မီဒီယာများအားပြောသည်။ ”သေဒဏ်ပေးရေးမပေးရေးက ဥပဒေပညာရှင်တွေရဲ့အလုပ်။ လူတစ်ယောက်သေရမယ်ရှင်ရမယ်ဆိုတာက ဘယ်သူ့မှာမှဆုံးဖြတ်နိုင်ခွင့်မရှိဘူး။ ဒီတော့ သေဒဏ် ပေးရေးဆိုတာကိုတော့ ကျွန် တော်တို့က လုံးလုံးကန့်ကွက်ပါတယ်” ဟု ၎င်းက ပြောသည်။ ယင်းအပြင် သက်ငယ်မုဒိမ်း လျော့ကျစေရန် မြန်မာနိုင်ငံအနေနှင့် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပြုရန် အစိုးရအနေနှင့် ထည့်သွင်းစဉ်းစားသင့် ကြောင်း ယင်းအဖွဲ့မှမီဒီယာပြန် ကြားရေးအဖွဲ့ဝင် ကိုတေဇာအောင်က ဒီမိုကရေစီတူဒေးသို့ပြောသည်။
”ဒီခေတ်မှာ အဖမ်းအဆီး အရမ်းများတယ်။ ဒါကိုအရမ်းတင်း ကျပ်ထားတော့ အမျိုးသားတွေအတွက် ထွက်ပေါက်မရှိသလိုဖြစ်သွားတာပေါ့။ ပြည့်တန်ဆာတွေသာ တကယ်တရားဝင်ခွင့်ပြုပြီဆိုရင် သူတို့တွေဆေးစစ်မှုတွေလုပ်ရတော့မယ်။ ကွန်ဒုံးသုံးရတော့မယ်။ ပြည့်တန်ဆာမိန်းကလေး တွေဆို ကွန်ဒုံးကို အိတ်ထဲမဆောင်ရဲဘူး။ ရဲကဖမ်းနေတုန်းပဲဆိုတော့။ တစ်နည်းအားဖြင့် အိတ်အိုင်ဗွီ တောင်ကျဆင်းသွားနိုင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။ လိင်အကြမ်းဖက်မှုပပျောက် ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး ဆန္ဒပြုခြင်းနှင့်မျှဝေဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်း ပွဲကို မတ် ၁၃ ရက် ရန်ကုန်မြို့ ဆရာစံပလာဇာ၌ပြုလုပ်ခဲ့သည်။ Stop Sexual Violence အဖွဲ့သည့် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ က သက်ငယ်မုဒိမ်းမှုကြီးလေးပြစ် ဒဏ်ချမှတ်ပေးရေးအတွက် လူတစ် ထောင်ခန့်ပါဝင်သည့် တောင်းဆိုမှုကို ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည်။
WND
#democracytoday
Discussion about this post