ရန်ကုန်၊ ဧပြီ ၂
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ တော်ကြီးရှိ ဆံတော်ရှင်မြတ်ကို အများပြည်သူဖူးမြော်ကြည်ညိုနိုင် ရန်အတွက် ဧပြီ ၁၉ ရက်မှ ၂၃ ရက်အထိ ရွှေတိဂုံစေတီတော်မြတ် ကြီး၊ ချမ်းသာကြီးတန်ဆောင်းသို့ ပင့်ဆောင်အပူဇော်ခံထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ပင့်ဆောင်အပူ ဇော်ခံထားရှိနိုင်ရန် ‘ဗိုလ်တထောင် စေတီတော်ဆံတော်ရှင်မြတ်ပင့် ဆောင်ပူဇော်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အသစ်တင်လှူပူဇော်ခြင်း၊ လုံး တော်ပြည့်ရွှေသင်္ကန်းကပ်လှူပူ ဇော်ခြင်း၊ ဘက်စုံမွမ်းမံပြုပြင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား’ကို ဧပြီ ၂ ရက်ကပြု လုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာ တော်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ဦး ဆောင်ပြီး တိုင်းအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျပ်သိန်း ၃၅ဝဝ လှူဒါန်းခဲ့သော ရွှေသံလွင်ကုမ္ပဏီ မှတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။
”လောကသုံးပါးမှာ အသာ လွန်ဆုံးသော အမြင့်မြတ်ဆုံးသော မြတ်စွာဘုရားရှင်ရဲ့ဆံတော်တွေ ကို တဖုဿနဲ့ ဘလ္လိကညီနောင်တို့ ကပင့်ဆောင်ခဲ့ပါတယ်။ အခုဆွေး နွေးမှာက ပထမဆံတော်ပင့်ဆောင် ဖို့၊ ဒုတိယစိန်ဖူးတော်နဲ့ ငှက်မြတ် နားတော်တင်လှူဖို့နဲ့ တတိယ ဘက်စုံပြုပြင်မွမ်းမံရေးတွေပါဝင် မှာဖြစ်ပါတယ်။ ဆံတော်ရှင်ပင့် ဆောင်ရာမှာ ဝင်းတွေမခင်းပါဘူး။ ဝင်းခင်းဖို့ ဝတ်စုံတစ်စုံကို တစ် သောင်း၊ နှစ်သောင်း မပေးနိုင်ပါ ဘူး။ ပင့်ဆောင်ရေးကို သံဃာဆန္ဒခံ ယူပြီးတော့ မြို့နယ်သံဃနာယက သံဃာတော်တွေနဲ့ ပင့်ဆောင်သွား ဖို့ရှိပါတယ်။ ကမ္ဘာမှာ သမိုင်းမှတ် တမ်းဖြစ်အောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ဧပြီ ၁၉ ရက်မှ ၂၃ ရက်အထိထားမယ်။ ၂၄ ရက် မှာ ပြန်လည်ပင့်ဆောင်ပါမယ်။ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ် နားတော်တွေပါမယ်။ ဆံတော်က တော့အဓိကပဲ။ သံဃာတော်တွေ နဲ့ဝိုင်းရံပြီး ပင့်ဆောင်ပူဇော်သွား ပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံ တော်စွမ်းဆောင်ရည်ဆု၊ ဇေယျာ လူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုရ) ဆရာတော် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလက အခမ်း အနားတွင် သြဝါဒမိန့်ကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့်လည်း ကော်မတီ၊ အဖွဲ့ အစည်းပေါင်း ၁၂ ခုဖွဲ့စည်းပြီး ဗိုလ်တထောင်စေတီတော်အတွက် ဆောင်ရွက်နေကြောင်းနှင့် လုံခြုံရေး ကို အထူးသတိပြုစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ”အဓိကအကျဆုံးအပိုင်းက တော့ လုံခြုံရေးအပိုင်းကိစ္စကို ပထမ ဆုံးပြောချင်ပါတယ်။ Security ဆောင်ရွက်တဲ့နေရာမှာ သေသေ ချာချာဆောင်ရွက်ဖို့ လိုပါတယ်။ အများပြည်သူသွားလာတဲ့ နေရာ နဲ့ အင်မတန်နီးကပ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ မုခ်ဦးတစ်ခုသာ အဝင် အထွက်ထားတဲ့အတွက် လုံခြုံရေး ပိုင်းအဆင်ပြေနိုင်မယ်လို့ ထင်ပါ တယ်။ ဒါပေမဲ့ ရက်ကရှည်လျားတဲ့ အတွက် လုံခြုံရေးအပိုင်းကို အသေး စိတ်လိုက်ပြီး စီမံချက်ရေးဆွဲဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ ရွှေသင်္ကန်း ကပ်လှူတဲ့နေရာမှာ လုံးတော်ပြည့် ခွာထားတဲ့နေရာတွေမှာ ရေယိုတယ် ဆိုတာရှိတဲ့အတွက် ရွှေသင်္ကန်း မကပ်ခင်မှာ ပြင်ဆင်ထားဖို့လိုပါ တယ်”ဟု အခမ်းအနားတွင် ဝန်ကြီး ချုပ်က ပြောသည်။
အတွင်းရှိရေပိုက်လိုင်းများ ကိုလည်း တစ်ချိန်ကလိုအပ်ခဲ့ပေ မယ့် ယခုအခါမလိုအပ်တော့သဖြင့် ပိတ်ပစ်သင့်ပါကပိတ်ပစ်နိုင်ရန် ပညာရှင်များ၏အကြံÓဏ်ရယူ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း နှင့် ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိ သူများကို အတွင်းဌာပနာတိုက် အတွင်းတည်ဆောက်ရေး၊ ပြုပြင် ရေးနှင့် အရည်အသွေး ထိန်းသိမ်း ရေးအပိုင်းဆောင်ရွက်ရန်နှင့် မြို့ တော်စည်ပင်သာယာရေးမှ အင် ဂျင်နီယာလွှတ်ဆောင်ရွက်ပေး ရန် ဝန်ကြီးချုပ်မှမှာကြားခဲ့သည်။ ရွှေသံလွင်ကုမ္ပဏီ၊ အင်ဂျင် နီယာအဖွဲ့မှ မမြင့်မြင့်ဝင်းက ”အတွင်းမှာတော့ တံခါးတွေပြင်ရ မယ်။ မျက်နှာကြက်တွေပေါက်တာ ရှိတယ်။ မီးလိုင်းတွေပြန်စစ်ဖို့နဲ့ Structure ပိုင်းတွေ ဆောင်ရွက်ရ မှာဖြစ်ပါတယ်”ဟု အခမ်းအနား တွင် ဝင်ရောက်ဆွေးနွေးသည်။
ဗိုလ်တထောင်ဆံတော်ရှင် မြတ်ကို ဧပြီ ၁ ရက်တွင် ဌာပနာ တိုက်(ဆံတော်တွင်း)မှပင့်ဆောင် ပြီး ဧပြီ ၂ ရက်မှ ၁၈ ရက်အထိ နန်းဦးဘုရားကြီးတန်ဆောင်းတွင် ထားရှိအပူဇော်ခံထားကြောင်း၊ ဧပြီ ၂ ရက်တွင် အရှင်ဆန္ဒာဓိက၊ ဧပြီ ၃ ရက်တွင် ချမ်းမြေ့ဆရာ တော်ဘုရားကြီးနှင့် ဧပြီ ၂ ရက်မှ ၂၁ ရက်အထိ တရားပွဲများရှိ ကြောင်း၊ ဧပြီ ၁၉ ရက်မှ ဧပြီ ၂၃ ရက်အထိ ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်အပူဇော်ခံမည်ဖြစ်ကာ ၂၄ ရက်တွင် ဗိုလ်တထောင်စေ တီတော်သို့ ပြန်လည်ပင့်ဆောင် ပြီး ဧပြီ ၂၇ ရက်တွင် ဆံတော်တိုက် တွင်းသို့ပြန်လည်ပင့်ဆောင်ထား ရှိသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သာသနာရေးဦးစီး ဌာနမှ သိရသည်။
TTHL
#democracytoday
Discussion about this post