ရန်ကုန်၊ ဧပြီ ၇
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်တွင် ရှိသည့် ပလတ်စတစ်စက်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်၊ ပိ တောက်လမ်းရှိ ပလတ်စတစ်စက်ရုံတစ်ရုံတွင် ဧပြီ ၇ ရက် ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှုယာဉ်ငါးစီးနှင့်မီးငြှိမ်းသတ်ယာဉ် အစီး ၃ဝ ခန့်တို့ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မြောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ” Level-3 အဆင့်လွှတ်ထားတာဆိုတော့ မီးလောင်မှုကများ တယ်။ ရေသယ်ကားတွေလည်းလွှတ်ထားတယ်။ ပလတ်စတစ် စက်ရုံမီးလောင်တာဆိုတော့ မီးကများတယ်”ဟု ဒီမိုကရေစီ တူဒေးသို့ ဧပြီ ၇ ရက် ည ၇ နာရီခွဲကပြောသည်။ မီးလောင်မှုကို Level-3 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည့်နေရာအနီးတွင်လည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံ ရေးဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။ ည ၇ နာရီ မိနစ် ၂ဝ အထိ မီးမငြိမ်းသေးဘဲ ဆက်လက် ငြှိမ်းသတ်လျက်ရှိကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်းကို လည်း စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
WYHW
#democracytoday
Discussion about this post