ရန်ကုန်၊ မေ ၃
ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ်အတွင်းရှိ တွံတေးတူးမြောင်း ကမ်း ပြိုကာကွယ်ရေးလုပ်ငန်းခွင်ဆောင်ရွက်နေစဉ် မြေပြိုကျမှုဖြစ်ပေါ်ခဲ့ရာ အလုပ်သမားနှစ်ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသတင်း ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာ မေ ၃ ရက် နံနက် ၁၁ နာရီ မိနစ် ၅ဝ တွင် တွံတေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ တွံတေးမြို့ နယ်၊ အိုးဖိုအနောက်ရပ်ကွက်၊ ကမ်း နားပိုင်းရှိ တွံတေးတူးမြောင်းကမ်း ပြိုကာကွယ်ရေးလုပ်ငန်း ခွင်ဆောင်ရွက်နေစဉ် မြေပြိုကျ၍ အမျိုးသားနှစ် ဦးပိမိနေကြောင်း သတင်းအရ သွားရောက်စစ် ဆေးခဲ့ရာ အဆိုပါနေရာ၌ ပိုင်ရိုက်၊ သဲဖို့သော အလုပ်ကိုလုပ်ကိုင်နေသူ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ လယ်ပတောကျေးရွာအုပ်စု၊ အ လယ်ဦးစုကျေးရွာနေ ကိုကျော်နိုင်ဝင်း၊ (၃ဝ) နှစ် နှင့် တွံတေးမြို့နယ်နေ ကိုကျော်သူအောင်၊ (၂၄) နှစ်တို့မှာ အမြင့် ၁ဝ ပေခန့်ရှိမြေ များပြိုကျပိမိခဲ့ သဖြင့် ကိုကျော်နိုင်ဝင်း၏ ခန္ဓာကိုယ်၌ဒဏ်ရာ များရရှိကာသေဆုံးသွားခဲ့ပြီး ကိုကျော်သူအောင် တွင်လည်း ဝမ်းဗိုက်ရောင်ရမ်းဒဏ်ရာရရှိကာ တွံတေးပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့လွှဲပြောင်း၍ ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
တွံတေးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်စိုး က ”မြေပြိုလို့ တစ်ဦးသေ တစ်ဦးဒဏ်ရာရတာ ဟုတ်ပါတယ်။ တွံတေးတူးမြောင်း ကမ်းပါးတွေ က ပြိုကျနေတာ နှစ်နှစ်လောက်ရှိပြီ။ ဒါကို ကမ်း ပါးထိန်းတွေက လုပ်နေတယ်။ ပိုင်ရိုက် တာတို့ သဲဖို့တာတို့လုပ်နေတာပေါ့။ ဒီနေ့ဒဏ်ရာရတဲ့သူ နဲ့ သေတဲ့သူနှစ်ယောက်က လုပ်နေတဲ့ချိန်မှာ ဒီနေ့ ၁၁ နာရီလောက်က ရေစစ်ချိန်ပေါ့။ ကမ်း ပါးပြိုတဲ့အမြင့်က ၁ဝ ပေလောက်ရှိတယ်။ သူတို့ က အဲဒီအောက်မှာ လုပ်နေတဲ့အချိန် အပေါ်က ကမ်းပါးမြေကပြိုကျလာတာ။ နှစ်ယောက်မှာ တစ်ယောက်ကဆုံးတယ်။ တစ်ယောက်က ရန်ကုန် ဆေးရုံကြီးမှာကုသနေတယ်”ဟု ဒီမိုကရေစီတူ ဒေးသို့ မေ ၃ ရက်က ပြောသည်။ ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး တွံတးမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၂/၂ဝ၁၈) ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးလျက်ရှိသည်။
WYHW
#democracytoday
Discussion about this post