ရန်ကုန်၊ မေ ၎
အင်းလျား ကန်ပေါင် (မြန်မာပလာဇာရှေ့)တွင်ကြွက်တွင်းများ ရာချီဖြစ်ပေါ် နေခြင်းနှင့်ပတ်သက်ပြီး ရန်ကုန် မြို့တော်ဝန်၏အဖြေအပေါ် အားရ ကျေနပ်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ပြောသည်။ မေ ၄ ရက်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအ ဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှလွှတ်တော် ကိုယ်စားလှယ်ဦးရန်ရှင်းက ရန်ကုန် မြို့တော်စည်ပင်အနေဖြင့် ကြွက်နှိမ်နင်းရေးလုပ်ငန်းများကိုစီမံချက် ချဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ၊ မြန်မာပလာဇာရှေ့ (အင်းလျားကန်ပေါင်) တွင် ကြွက်တွင်းများ ရာချီဖြစ်ပေါ်နေခြင်းအား မည်ကဲ့သို့ တားဆီးဆောင်ရွက်မည်နှင့် ကြွက်တွင်းများဖြစ်ပေါ်စေသော ကန်ပေါင်ဝန်းကျင်တွင် အစားအသောက်များ စည်းကမ်းမဲ့ရောင်း ချခြင်းကိုတားမြစ်ရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့ခြင်းဖြစ်သည်။
”ကျွန်တော့်အနေနဲ့ သူဖြေ ကြားတဲ့အပေါ်မှာ ဖိဖိစီးစီးလေး ဆောင်ရွက်စေလိုတဲ့သဘောတော့ ရှိပါတယ်။ အားရကျေနပ်မှုမရှိပါဘူး။ မေးခွန်းတော်တော်များများကို မြို့တော်ဝန်ဖြေရင်တော့ ကိုယ်စားလှယ်တွေအနေနဲ့ သိပ်အားမရကြ တာတွေများပါတယ်”ဟု ၎င်းက ပြောသည်။ အင်းလျားကန်ပေါင်ဝန်း ကျင်ရှိ ကြွက်များကိုနှိမ်နင်းသည့် စီမံချက်များရှိသော်လည်း ကန် ပေါင်သို့ လာသူများအနေဖြင့်လည်း မိမိတို့စားကြွင်းစားကျန်များကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် ပူး ပေါင်းဆောင်ရွက်ကြရန် ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်ကိုယ်စားလှယ်၏မေးခွန်းကိုဖြေကြားစဉ်ထည့်သွင်း ပြော ကြားခဲ့သည်။ ”ကြွက်ရှင်းတဲ့အစီအစဉ်မှာ ကန်ပေါင်မှာလာထိုင်တဲ့သူတွေက စားကြွင်းစားကျန်တွေကိုစနစ် တကျစွန့်ပစ်ခြင်းနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးဖို့ တောင်းပန်ပါတယ်။ ကြွက်နှိမ်နင်းရေးလုပ်ငန်း တွေကိုတော့ စီမံချက်ချဆောင်ရွက် နေပါတယ်”ဟု ၎င်းကပြောသည်။
ကန်ပတ်ဝန်းကျင်ရှိစားသောက်ဆိုင်များ၏ အနံ့အသက်များနှင့် ရေဆိုးများကလည်း ကြွက်များကို ဖိတ်ခေါ်သကဲ့သို့ဖြစ်နေခြင်းကြောင့် စနစ်တကျစိစစ်ကာ ဆိုင်ပိတ်သိမ်းသည်အထိ ဆောင်ရွက်ရန်၊ ကန် ပေါင်နှင့် ဆက်စပ်ဧရိယာတို့တွင် ပြင်ပမှအစားအစာများယူဆောင် ခြင်းနှင့် ဈေးရောင်းခြင်းတို့မပြုရန် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲပြီး တွေ့ရှိလျှင်ဒဏ်ငွေရိုက်ခြင်း ဖြင့်ြ<ွကက်များကိုတားမြစ်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်ဦး ရန်ရှင်းက လွှတ်တော်တွင်အကြံပြု ပြောခဲ့သည်။ ထို့အပြင် ကန်များအနီးစား သောက်ဆိုင်များရှိခြင်းကြောင့် ကန် ပျက်စီးစေရုံသာမက ရေအရည် အသွေးကိုလည်းကျဆင်းစေကြောင်း ဦးရန်ရှင်းက လွှတ်တော်တွင်းထောက် ပြခဲ့သည်။
ယင်းအကြံပြုချက်ဆက်စပ် မေးခွန်းနှင့်ပတ်သက်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုးက”ကန်ပေါင်မှာနေပြီး နေကြာစေ့လေးစားပြီး တော့ ပျော်ရွှင်ကြည်နူးမှုလေးရမယ်။ ကန်ပေါင်မှာထိုင်ပြီးရေ ငတ်ပြီးဘာမှမစားရဘူးဆိုရင် ပျော်ရွှင်မှုကပျောက်သွားမယ်။ အဓိက ကျွန်တော်လိုချင်တာကစည်းကမ်းပဲ။ စားပါ၊ သောက်ပါ၊ နေပါ၊ ပြီးရင် ကိုယ့်ပြဿနာကိုယ်တာဝန်ယူပြီးသိမ်းသွားပါ။ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူးဆိုရင် ကျွန်တော်တို့ လူနေမှုအဆင့်အတန်းတွေက ကျ ကျသွားမယ်”ဟု ဖြေကြားခဲ့သည်။ စားကြွင်းစားကျန်များ လွယ်လွယ်ကူကူရှာဖွေစားသောက်နိုင် သည့် လူနေပတ်ဝန်းကျင်၊ ဈေးဆိုင်၊ဈေး၊နောက်ဖေးလမ်းကြား၊ရုံး၊ ကျောင်း၊ ဆေးရုံ၊ အမှိုက်ပုံ၊ အင်းလျားကန်ပေါင်၊ ကန်တော်ကြီး စသည်တို့တွင် ရန်ကုန်စည်ပင်မှ ကြွက်ရှင်းလင်းရေးကိုစီမံချက်ချ ဆောင်ရွက်နေကြောင်းသိရသည်။
ရန်ကုန်မြို့တော်စည်ပင်သည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကန်တော်ကြီးနှင့်အများပြည်သူ ဆိုင်ရာဒေသများတွင် ရှင်းလင်းခဲ့သည့် ကြွက်ကောင်ရေ ၃ဝ၇၉ဝဝ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကြွက် ကောင်ရေ ၃၇၂၈၁၃ နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဇန်နဝါရီ ၂၂ ရက်အထိြ<ွကက်ကောင် ရေ ၃၇၆၇ဝ၉ ကောင်ကိုနှိမ်နင်းထားကြောင်း သိရသည်။ ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်း ကြွက်နှိမ်နင်းရေးကိုတစ် လလျှင် တစ်ကြိမ်စီမံချက်ဖြင့်နေ့ စဉ်ကြွက်ရှငှ်းစနခငေူငျအ လုပ်သား ၆ဝဝ ဖြင့် ဆောင်ရွက်နေကြောင်း မြို့တော်ဝန်ကပြောသည်။
TTMT
#democracytoday
Discussion about this post