နေပြည်တော်၊ မေ ၁၃
ခေတ်မီတိုးတက်လာသည့်အလျောက် စတီးပလတ်စတစ်အိမ်အသုံး အဆောင်ပစ္စည်းများကို ပြောင်းလဲအသုံးပြုလာကြ၍ ဒေသထွက် ရိုးရာလက်မှုစဥ့်အိုးလုပ်ငန်းများမှာ ဈေးကွက်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း မိသားစုဝမ်း ရေးအတွက် ပုံမှန်လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေရဆဲဖြစ် ကြောင်း ပျဉ်းမနားမြို့ စဥ့်အိုးဘို တိုက်ရပ်မှ စဥ့်အိုးလုပ်ငန်းရှင် ဦးမြင့်အောင်က ပြောကြားသည်။
”ဒေသထွက်ရိုးရာလက်မှု စဥ့်အိုးလုပ်ငန်းများအသုံးပြုမှု ဈေးကွက်ပျောက်ကွယ်လုနီးပါးဖြစ်နေ သော်လည်း မိသားစုဝမ်းရေးအတွက် ပုံမှန်လုပ်ငန်းတစ်ခုအနေဖြင့် ရုန်းကန်လုပ်ကိုင်နေရဆဲဖြစ်ပါတယ်။ စဥ့်အိုးအရည်အသွေးနှင့် ဈေးကွက်ကိုလိုက်မမီလို့ လုပ်ငန်းဖြုတ်လိုက်ရတာရယ်၊ ကုန်ဈေးနှုန်းကြီး မြင့်လာလို့ ရင်းနှီးမြှုပ်နှံမှုများလာလို့ လုပ်ငန်းဖြုတ်လိုက်ရတာရယ် စဥ့်အိုးအလုပ်သမားတွေကလည်း ကျရာ ဒိအပြင်အလုပ်တွေလုပ်စား ကြတယ်။ အလုပ်သမားအတည် တကျတော့မရှိဘူး”ဟု စဥ့်အိုးလုပ်ငန်းရှင် ဦးမြင့်အောင်က မေ ၁၂ ရက်တွင် ပြောသည်။
စဥ့်အိုးလုပ်သည့်မြေကို လွန်ခဲ့သောနှစ်ပေါင်း ၇ဝ ခန့် စဥ့်အိုး စတင်လုပ်စဉ်က ငါးလိုက်ချောင်း ဘေးကမြေကိုအသုံးပြုခဲ့ကြသော်လည်း ယခုအခါ ရန်အောင်မြင် ဘုရားမှမြေများကို ဝယ်ယူအသုံး ပြုကြကြောင်း၊ ပျဉ်းမနားမြို့ စဥ့်အိုး ဘိုတိုက်က ငါးပိအိုး၊ ဆားအိုးမှအစ ဘုရားအိုး၊ ပန်းအိုး၊ ဧည့်ခန်းသုံး ပစ္စည်းမျိုးစုံ၊ မီးဖိုချောင်သုံးပစ္စည်း၊ နတ်အိုး၊. ပန်းစိုက်အိုးစသည်ဖြင့် အသေးအလတ်အကြီး အရွယ်အစား မျိုးစုံပြုလုပ်ကြကြောင်း၊ ဖိုတစ်ဖိုလျှင် စဥ့်အိုးအရွယ်အစားအသေး အကြီးဆိုက်စုံအလုံးရေ ၃ဝဝဝ ကျော်ထည့်၍ဖုတ်နိုင်ပြီး တစ်လလျှင် စဥ့်အိုးဖိုလေးဖိုခန့် စဥ့်အိုးဖုတ်ကြပြီး စဥ့်အိုးအရွယ်အစား အသေးအကြီးဆိုက်စုံ အလုံးရေ တစ်သောင်းကျော်ထုတ်လုပ်ကာ ပြည်၊ ရန်ကုန်၊ မိတ္ထီလာ၊ ပဲခူး၊ မန္တလေး မြို့နယ်များသို့ ဈေးကွက်ဖြန့်သည့် အပြင် လာရောက်ဝယ်ယူမှုများ လည်းရှိကြောင်း သိရသည်။
MO
#democracytoday
Discussion about this post