ရန်ကုန်၊ မေ ၁၇
ကတ္တရာလမ်းများကို တစ်ကွက်ပေါက်တစ်ကွက် ပြင်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်ရန် ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။
မေ ၁၇ ရက်၊ အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးလှဦးက မြန်မာတစ်နိုင်ငံလုံးရှိ အများပြည်သူအသုံးပြု မြဲဖြစ်သော လမ်းဌာန၊ စည်ပင်သာယာဌာန၊ ဆောက်လုပ်ရေးဌာနတို့နှင့် လွှဲအပ်သောကုမ္ပဏီအသီးသီးတို့ တာဝန်ယူပြုလုပ်ကြ သော ကတ္တရာခင်းလမ်းအသီးသီးတို့သည် အသုံးပြုကာလမကြာမီမှာပင် လမ်းနှုတ်ခမ်းသားများပဲ့ ခြင်း၊ လမ်းမျက်နှာပြင်ပေါက်ခြင်း စသည့်ပျက်စီးခြင်းမျိုးမဖြစ်စေရန်အတွက် နိုင်ငံတကာလမ်းခင်းသော နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်ကြရန်နှင့် အရည်အသွေးပြည့် မီစွာလုပ်ဆောင်ကြရန် ပြည်ထောင်စုအဆင့်မှညွှန်ကြားထားခြင်း ရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းမှုအ ပေါ် ဒုတိယဝန်ကြီးက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးဦးကျော်လင်းက”မြန်မာနိုင်ငံမှာလက်ရှိအသုံးပြုတည်ဆောက်နေတဲ့ လမ်းတည် ဆောက်မှုစနစ်ဟာ Penetration Macadam စနစ်ဖြစ်ပြီး ယင်းစနစ်ကို ၉၅ ရာခိုင်နှုန်းအထိအသုံးပြုလျက်ရှိပါတယ်။ ဒီစနစ်ကတော့ ကတ္တရာ အသုံးပြုမှုအနည်းဆုံးဖြစ်ပြီး ကျောက်ကြီးတွေကြားထဲ ကျောက်သေးလေး တွေ ညှပ်ကြိတ်ကာကတ္တရာလောင်း၍အပေါ်ကကျောက်မှုန့်၊ Chipping ဖြူးတဲ့စနစ်ဖြစ်ပါတယ်။ လမ်းတစ်လမ်းကို ကုန်ကျစရိတ်အသက်သာဆုံးခင်းတဲ့နည်းစနစ်ဖြစ်ပြီး Penetration Macadam စနစ်ကို အဓိကလမ်းမကြီးတွေမှာ သုံးတာမြန်မာနိုင်ငံတစ်ခုတည်းပဲရှိပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာတော့ ပြည်ထောင်စုလမ်းမကြီးတွေအားလုံးမှာ Asphalt Concreate နည်းပညာကို အသုံး ပြုနေကြပြီဖြစ်ပါတယ်။ ကတ္တရာလမ်းနှုတ်ခမ်းပဲ့ခြင်း၊ လမ်းမျက်နှာ ပေါက်ပြဲခြင်း စသည့်ကိစ္စများအတွက်တစ်ကွက်ပေါက်တစ်ကွက် ပြင်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပြုပြင်သွားဖို့ကိုလည်း ညွှန်ကြားချက်များပေးပို့ဆောင်ရွက်စေလျက် ရှိပါတယ်”ဟု ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
နိုင်ငံတကာတွင်ခင်းသည့် AC လမ်းစနစ်မှာ ၂၄ ပေအကျယ် တစ်မိုင်ခန့်ကို ကျပ်သိန်းပေါင်းသုံး သောင်းခန့်အသုံးပြုရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးကန့်သတ်ချက်အရ PM စနစ်ကိုသုံးကာ ချွေတာ ဆောင်ရွက်နေရကြောင်း ဒုတိယဝန်ကြီးကဆိုသည်။ လက်ရှိအချိန်တွင် ၂၄ ပေ ကွန်ကရစ်လမ်း တစ်မိုင်ကုန်ကျစရိတ်မှာ ကျပ်သိန်းခြောက်ထောင် ခန့်ရှိကြောင်း၊ လက်ရှိခင်းနေသည့် ကတ္တရာလမ်းထက်ပိုမိုကုန်ကျမှုများ ကြောင်း၊ သို့သော်လည်း ရေရှည်ခံနိုင်မှုပိုသည့်အတွက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည် နယ်ကဲ့သို့မိုးများသော ဒေသများတွင် ကွန်ကရစ်လမ်းကိုပြောင်းလဲ ဆောင်ရွက်ရန် ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုဝန်ကြီးက ထပ်လောင်းပြောသည်။
YM
#democracytoday
Discussion about this post