• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 7, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ရေတာရှည်မြို့နယ် အုတ်ဖိုကျေးရွာတွင် အသေးစား လျှပ်စစ်ဓာတ်အားလိုင်း စနစ် ဆောင်ရွက်နေ

by M Bwe
June 13, 2019
in Others
1 min read
0
0
SHARES
13
VIEWS
Share on FacebookShare on Twitter

RelatedPosts

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019

နေပြည်တော်၊ မေ ၂ဝ

ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းပြင်ပ ၁ဝ မိုင်နှင့် အထက်ဝေးကွာသောကျေး လက်ဒေသများ မီးလင်းရေးစီမံချက်ပါ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အုတ်ဖိုကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်း(NEP Off Grid) အသေးစားလျှပ်စစ်ဓာတ်အား လိုင်းစနစ်(MiNi-Grid)ဖြင့် အုတ်ဖိုကျေးရွာမီးလင်းရေးလုပ်ငန်းကို ၂ဝ၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါအုတ်ဖိုကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိ ရေးစီမံကိန်းအတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ(၆ဝ ရာခိုင်နှုန်း)ထောက်ပံ့ငွေ ကျပ် ၁၁၁ ဒသမ ဝ၆၄ သန်း၊ ကုမ္ပဏီ (Talent and Technology Co.,Ltd)မှ ရင်းနှီးမြှုပ်နှံမှုငွေ(၂ဝ ရာခိုင်နှုန်း) ကျပ် ၃၇ ဒသမ ဝ၂ သန်း၊ ကျေးရွာမှထည့်ငွေ(၂ဝ ရာ ခိုင်နှုန်း) ကျပ် ၃၇ ဒသမ ဝ၂ သန်း စုစုပေါင်း စီမံကိန်းကုန်ကျငွေကျပ် ၁၈၅ ဒသမ ၁ဝ၆ သန်းဖြင့် ယင်း ကျေးရွာအိမ်ခြေ ၁၈ဝ မှ ၁၂ဝ ကို မီးလင်းရေးဆောင်ရွက်လျက်ရှိ ပြီး ကုမ္ပဏီမှ ခြောက်နှစ်ကြာတာ ဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်မီးလင်းရေးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးမျိုးမျိုးက ”မီးလင်းရေးလုပ်ငန်းကာလက ခြောက်နှစ်ကာလအထိ ကုမ္ပဏီက သူတို့ရင်း နှီးစိုက်ထုတ်ထားတဲ့ ငွေ ၂ဝ ရာ ခိုင်နှုန်းအတွက် ထိုက်သင့်တဲ့အမြတ် ငွေပြန်ရအောင် မီတာခပြန်ကောက် ပြီးယူမှာ အစိုးရထောက်ပံ့တာက အမြတ်ပြန်မယူဘူး။ ဒီအမြတ်ငွေက တစ်အိမ်ချင်းစီအတွက်မဟုတ် တော့ဘူး။ ပရောဂျက်တစ်ခုလုံးနဲ့ တစ်ရွာလုံးစာအတွက်ဖြစ်သွားတယ်။ တစ်အိမ်ထောင်သုံးဆိုလာ စနစ်ကတော့ တစ်အိမ်ကို ဘယ် လောက်ဆိုတာပေးတာရှိတယ်။ ဒီအသေးစားလျှပ်စစ်ဓာတ်အားလိုင်းစနစ် (MiNi-Grid) မီးလင်း ရေးက ပရောဂျက်တစ်ခုလုံးစာအတွက် ဥပမာ-ငွေကျပ် ၁ဝဝဝ ကုန်မယ်ဆိုရင် ၆ဝဝ က အစိုးရ၊ ကုမ္ပဏီက ၂ဝဝ၊ ကျန်တဲ့ ၂ဝဝ က ကျေးရွာကစိုက်ထည့် တစ်ချိန်ကျရင် ကျေးရွာပိုင်ဖြစ်သွားမှာလေ။ အဲဒီအခါကျရင် ကျွန်တော်တို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ရွာကလုပ်တတ်ကိုင်တတ် အောင် မီတာခကောက်ဖို့ကအစ ဒီငွေတွေ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာတွေကိုလုပ်ပေးမယ်။

 

ဆိုလာမှာအားကုန်သွားရင် မီးစက်နဲ့ ဘက်ထရီချိတ်ဆက်ထားလို့ အော်တိုထလည်ပြီး မီးမပျက်ဘူး။ ဒီစီမံကိန်းကိုလုပ်တဲ့ရည်ရွယ်ချက်က မီးရရုံသက်သက်မဟုတ်ဘူး။ လျှပ်စစ်မီးကိုသုံးပြီး စက်မှုလက်မှုလုပ်ငန်းတွေလုပ်ရင်းနဲ့ စီးပွားရေးတိုးလာအောင်လို့လုပ်ပေးတာ။ အလားအလာရှိတဲ့ကျေးရွာတွေကို အသေးစားလျှပ်စစ်ဓာတ်အားလိုင်းစနစ် (MiNi-Grid)ပရောဂျက်တွေလုပ် ပေးတာ။ ဒီရွာကလူတွေက စီမံကိန်းစလုပ်တော့ စီမံကိန်းရဲ့သဘော သဘာဝကိုသိပ်နားမလည်တော့ မီတာခများတာတို့ ကုမ္ပဏီနဲ့သဘောတူထားတဲ့အချိန်မှာ မပေးနိုင်ကြတာတို့ ပြီးတော့ တစ်နှစ်ကြာရင် အကြေဆပ်မယ်ဆိုတာတို့ရှိတယ်။ လောလောဆယ်တော့ ကုမ္ပဏီက စိုက်လုပ်ထားတာရှိတယ်။ ကျေးရွာကမီးကို ဘယ်လောက်ရာခိုင်နှုန်းသုံးနိုင်တယ်ဆိုရင် ကုမ္ပဏီအတွက် ဘယ်လောက်ရမယ်။ အဲဒီလိုမှန်းဆပြီး မီတာခဒီလောက် ဆိုရင် နှစ်ဘယ်လောက်ကြာလုပ်ရမယ်ဆိုပြီး တွက်ထားတာတွေရှိတယ်”ဟု မီဒီယာများကို မေ ၁၉ ရက်က ပြောသည်။

လျှပ်စစ်မီးသုံးစွဲသူ ၂ဝ ရာ ခိုင်နှုန်းထည့်ဝင်ရမည်ဖြစ်သည့်အတွက် မီးသုံးသူအိမ်ထောင်စုတစ်ခုလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် နှစ်ရစ်(သို့မဟုတ်)သုံးရစ်ပေးသွင်းရမည်ဖြစ်ပြီး မီတာခအနေဖြင့် မီးသုံးစွဲမှုအလိုက် မီတာခအဖြစ် တစ်ယူနစ်ကျပ် ၅ဝဝ နှုန်းဖြင့် ကုမ္ပဏီသို့ပေးဆောင်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းကာလခြောက်နှစ်ပြည့်သွားပြီးပါက ကုမ္ပဏီမှမီးလင်းရေး လုပ်ငန်းကို ကျေးရွာမီးလင်းရေး ကော်မတီကိုဖွဲ့စည်းပြီး လွှဲပြောင်း ခဲ့မည်ဖြစ်ပြီး မီတာခကောက်ခံရေးကိစ္စနှင့် စက်ရုံပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးကိုလည်း အသိပညာပေးသင်တန်းကိုပေးပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

Talent and Technology Co.,Ltd မှ နည်းပညာဒါရိုက်တာ ဒေါ်ဝတ်ရည်တိုးက ”ဆိုလာပြား က ၂ဝ ကီလိုဝပ်စနစ်ဖြစ်ပါတယ်။ တစ်ရွာလုံးအတွက် လျှပ်စစ်အားသုံးစွဲမှုက 36 KVA စနစ်ရှိပါတယ်။ ရွာမှလျှပ်စစ်အားသုံးစွဲမှု အားကတစ်နေ့မှာ ယူနစ် ၂ဝ မှ ၃ဝ ကြားတော့သုံးစွဲနေပါတယ်။ တစ်လလုံးဆိုရင် ယူနစ် ၁ဝဝဝ နှင့် ၁၅ဝဝ ကြားမှာတော့ အခုလော လောဆယ်သုံးစွဲနေပါတယ်။ အခု လျှပ်စစ်သုံးစွဲတဲ့ ဒေသခံပြည်သူ တွေက လျှပ်စစ်ဓာတ်အားခပေး သွင်းသုံးစွဲမှုအနေနဲ့ တစ်အိမ် ထောင် ကျပ်နှစ်သိန်းပေးရပါတယ်။ မီတာသုံးစွဲတဲ့ယူနစ်ကျသလောက် ပဲပေးရပါတယ်။ တစ်ယူနစ်ကျပ် ၅ဝဝ နှုန်းနဲ့ကောက်ပါတယ်”ဟု သတင်းမီဒီယာသို့ ပြောသည်။

MO

#democracytoday

Previous Post

နေပြည်တော်တွင် မြေငှားရမ်းထားပြီး လုပ်ငန်းဖော်ဆောင်ခြင်း မရှိသော်လည်း ဌာနဆိုင်ရာများက အေ?

Next Post

ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သူများ ထောင်ချခံရပါက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်မည် ဟု

M Bwe

Related Posts

Others

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019
Others

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019
Others

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019
Yangon Media Group
Others

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019
Yangon Media Group
Others

နေပြည်တော် စည်ပင်ရိပ်သာဗုံးလန့်မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို တစ်လကျော်ကြာသည်အထိ ခြေရာခံ မမိသေးဟုဆို

August 28, 2019
Yangon Media Group
Others

ပုသိမ်မြို့၌ လမ်းသွားလမ်းလာများကို အုပ်စုဖွဲ့ ရိုက်နှက်ရမ်းကားခဲ့သည်ဟုဆိုသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၁ ခုဖြင့် အမှုဖွင့်

August 28, 2019
Next Post

ငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သူများ ထောင်ချခံရပါက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်မည် ဟု

Discussion about this post

Connect with us

ADVERTISEMENT

Recommended

နိုင်/ကျဉ်းဟောင်းနှင့် ဒီမိုအင်အားစုများ ဒီချုပ်နာယက ဦးတင်ဦးကို သွားရောက် ဂါရဝပြု

1 year ago
Yangon Media Group

ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကရင်ပြည်နယ် မြ၀တီမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

2 years ago
Yangon Media Group

MFF နှင့် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများပြုလုပ်မည်

2 years ago

‘ရင်ခွင်ရှင်းတမ်း’ ရုပ်သံဇာတ်လမ်းတွဲကို Channel 9 နှင့် VIU Application တို့တွင် ထုတ်လွှင့်ပြသတော့မည်

8 months ago

‘မဟူရာရုပ်ရှင်ရုံ’ ဇာတ်ကားမှာ ကျွန်တော်တို့ရဲ့ အနုပညာပေးဆပ်မှုတွေကို မြင်တွေ့ရမှာပါ – နေတိုး

8 months ago

Popular News

  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • ဓနုဖြူမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၁ လုံးရေထဲပါ

    0 shares
    Share 0 Tweet 0
  • ဖားကန့်မြေစာပုံပြိုကျ ရေမဆေးကျောက်ရှာဖွေသူ ငါးဦးပျောက်ဆုံး

    0 shares
    Share 0 Tweet 0
  • အမေရိကန် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပိုမို တင်သွင်းဝယ်ယူရန် တရုတ် သဘောတူ

    0 shares
    Share 0 Tweet 0
  • သင်ယူခြင်း

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.