• About Us
  • Advertise
  • Careers
  • Contact Us
Thursday, December 12, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ငါးဖမ်းပိုက် ပျောက်ဆုံးမှုကို စစ်ဆေးစဉ် သံသယရှိသူ သေဆုံးခြင်းတွင် တာဝန်ရှိ ရဲဝန်ထမ်းများကိ

by M Bwe
June 13, 2019
in Others
1 min read
0
0
SHARES
11
VIEWS
Share on FacebookShare on Twitter

RelatedPosts

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019

ရန်ကုန်၊ ဇူလိုင် ၃၁

ဒေးဒရဲမြို့နယ်အတွင်း ငါးဖမ်းပိုက်ပျောက်ဆုံးမှုကိုစစ်ဆေးစဉ် သံသယရှိသူ သေဆုံးခဲ့မှုအပေါ် တာဝန်ရှိရဲဝန် ထမ်းများအား ထိရောက်စွာအရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အကြံပြုစာ ပေးပို့လိုက်သည်။ ”ပို့ပြီးပါပြီ။ ဝန်ကြီးဌာနဘက်ကလည်း အရေးယူဆောင်ရွက်မှု တွေ လုပ်နေပါပြီ” ဟု ကော်မရှင် ပြောခွင့်ရ ဦးယုလွင်အောင်က ဇူလိုင် ၃၁ ရက်တွင် ပြာသည်။

ယင်းအပြင် ဒေးဒရဲမြို့မရဲ စခန်းမှူးသည်လည်း အရက်ကိုစွဲ လမ်းစွာ သောက်သုံးသူဖြစ်သည့်အတွက် မြို့မစခန်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်းမှာ မသင့်လျော်သလို ယင်း ဖြစ်စဉ်နှင့်ပတ်သက်၍လည်း တာဝန်ရှိသူတစ်ဦးဖြစ်သည့်အတွက် ထိရောက်စွာအရေးယူပေးရန် ယင်းအကြံပြုစာတွင် ပါဝင်ကြောင်း ဦးယုလွင်အောင်ကပြောသည်။ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ညောင်ပင်ကျေးရွာနေ ကိုဇော်မင်းထွန်းကို ငါးဖမ်းပိုက် ပျောက်ဆုံးမှုအတွက် ဒေးဒရဲမြို့မ ရဲစခန်းက ခေါ်ယူစစ်ဆေးစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ အစ်မဖြစ်သူက တိုင်တန်းသဖြင့် လူ့အခွင့်အရေးကော်မရှင်အတွင်း ရေးမှူး ဦးဘုန်းကြွယ်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက် တို့က သွားရောက်စစ်ဆေးခဲ့ ကြောင်းသိရသည်။

သေဆုံးသူ၏အစ်မ၊ ဇနီးနှင့် မြို့နယ်ဆရာဝန်ကြီးအပါအဝင် အခြားသက်သေများ၊ ဒေးဒရဲမြို့မ ရဲစခန်းမှတာဝန်ရှိ ရဲအရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း ၁၆ ဦးတို့ကို စစ်ဆေးခဲ့ပြီး တွေ့ရှိချက်အပေါ်အခြေခံကာ ပြည်ထဲရေး ဝန်ကြီးဌာနထံ အကြံပြုစာပေးပို့ ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအကြံပြုစာတွင် အဓိက စစ်ဆေးခဲ့သူ ဒုရဲအုပ်ကျော်ဌေးလွင်နှင့် ပါဝင်ပတ်သက်သူ ရဲတပ် ဖွဲ့ဝင်များကို ထိရောက်စွာအရေး ယူပေးရန်၊ ရဲစခန်းတွင် အဓိကတာဝန်ရှိသော မြို့မစခန်းမှူးကို ထိ ရောက်စွာအရေးယူပေးရန်၊ ကျန်ရဲတပ်ဖွဲ့ဝင်များအားလုံး စိတ်ဓာတ်ပျက်ပြားခြင်းမရှိစေရေးအတွက် စုပေါင်းအရေးယူခြင်းကို သတိပြု ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့အတွင်း ရဲစခန်းများတွင် တရားခံ သေဆုံး/ဒဏ်ရာရမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေ ဖြင့် ဖြစ်စဉ်များကို ပြန်လည်သုံးသပ်ပြီး ပြည်သူယုံကြည်ကိုးစားမှု ပိုမိုရရှိစေရေးအတွက် ရဲလုပ်ငန်းစဉ်နှင့်အညီ စနစ်တကျဆောင်ရွက်ရန် ကွပ်ကဲကြပ်မတ်မှုအဆင့် ဆင့်ကို တိုးမြှင့်ဆောင်ရွက်သင့် ကြောင်း စသည့်အကြံပြုချက်များ ပါဝင်သည်။ 

HWA

#democracytoday

Previous Post

တောင်နှင့် မြောက်ကိုရီးယား စစ်တပ် ဗိုလ်ချုပ်ကြီးအဆင်ါ ဆွေးနွေးမှု ပန်မွန်ဂျုံတွင် ပြုလုပ်

Next Post

ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်လျှင် ဝန်ဆောင်ခပေးရန် မလို၊ ဌာနသို့ လာရောက် ဆောင်ရွက်ပါ?

M Bwe

Related Posts

Others

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019
Others

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019
Others

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019
Yangon Media Group
Others

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019
Yangon Media Group
Others

နေပြည်တော် စည်ပင်ရိပ်သာဗုံးလန့်မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို တစ်လကျော်ကြာသည်အထိ ခြေရာခံ မမိသေးဟုဆို

August 28, 2019
Yangon Media Group
Others

ပုသိမ်မြို့၌ လမ်းသွားလမ်းလာများကို အုပ်စုဖွဲ့ ရိုက်နှက်ရမ်းကားခဲ့သည်ဟုဆိုသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၁ ခုဖြင့် အမှုဖွင့်

August 28, 2019
Next Post

ကုမ္ပဏီများ အွန်လိုင်းမှ မှတ်ပုံတင်လျှင် ဝန်ဆောင်ခပေးရန် မလို၊ ဌာနသို့ လာရောက် ဆောင်ရွက်ပါ?

Discussion about this post

Connect with us

ADVERTISEMENT

Recommended

အဆိုတော် Chance the Rapper က ၎င်း၏ချစ်သူ Kirsten Corley အား လက်ထပ်ခွင့်တောင်း

1 year ago

မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် ဘင်္ဂါလီများ ဖမ်းဆီးရမိ

9 months ago

ချန်ပီယံလိဂ်တွင် ဗိုလ်စွဲသည်နှင့် လီဗာပူးကို တားဆီး၍ ရတော့မည်မဟုတ်၊ အောင်မြင်သော အသင်းတစ??

6 months ago

ရွှေဘောလုံးဆု အိပ်မက်ကြောင့် စပိန်တွင် သွားကစားချင်ကြောင်း ဟာဇက် ဖွင့်ဟ၊ ဆိုးသွမ်း ပရိသတ်မ??

1 year ago

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    4 shares
    Share 4 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
  • နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် Reform စပြီလား

    0 shares
    Share 0 Tweet 0
  • အမေရိကန် ဆန်ဖရန်စစ္စကိုတွင် အိုးမဲ့အိမ်မဲ့များ ကားပေါ်၌ အနေများကြ

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.