• About Us
  • Advertise
  • Careers
  • Contact Us
Tuesday, December 10, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

မဟာသန္တိသုခကျောင်းကို စောင့်ရှောက်မည့်သူ မရှိမချင်း လုံခြုံရေး ချထားပေးရန် ဝန်ကြီးချုပ်ထံ

by M Bwe
June 13, 2019
in Others
1 min read
0
0
SHARES
14
VIEWS
Share on FacebookShare on Twitter

RelatedPosts

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019

ရန်ကုန်၊ နိုဝင်ဘာ ၂၅ 

မဟာသန္တိသုခကျောင်းကို ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိမချင်း လုံခြုံရေးချထားပေးရန် ဝန်ကြီးချုပ်ထံတင်ပြမည်ဖြစ်ကြောင်း တာမွေမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကပြောသည်။ နိုဝင်ဘာ ၂၅ ရက် မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ကပ်လျက်ရှိ သာသနာ့ဇေယျ မင်္ဂလာပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် ကျောင်းတိုက်လုံခြုံရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မဟာသန္တိသုခကျောင်းတော်ကြီးကို ပိုင်ဆိုင်မှုပြဿနာမပြီးသေးမီ သာသနာ့ဇေယျ မင်္ဂလာပရိယတ္တိစာသင်တိုက်(သုံးထပ်ကျောင်း)ဆရာတော်ကြီးမှ ယာယီစောင့်ရှောက်နိုင်ရန်အတွက် တပည့်ဒကာ၊ ဒကာမများက သက်ဆိုင်ရာကိုတင်ပြမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဒကာ၊ ဒကာမတို့က ပြောသည်။


မဟာသန္တိသုခကျောင်းတော်ကြီးပိတ်ထားရသည့်အတွက် ကျောင်းတိုက်ပစ္စည်းများ မကြာခဏအခိုးယူခံရကြောင်း၊ ယင်းအတွက် သက်ဆိုင်ရာသို့ တပည့်ဒကာများမှတင်ပြ ခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှသာ ယင်း ပြဿနာပြေလည်မည်ဖြစ်သောကြောင့် ယခုကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

”မဟာသန္တိသုခကျောင်း တော်ကြီးရဲ့လုံခြုံရေး အခြေအနေ ဆိုးရွားနေတာဟာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အား သက်ဆိုင်ရာက မလိုက်နာသည့် အတွက်ကြောင့်ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မဲ့သူမရှိမချင်းလုံခြုံရေးသေချာချပြီးစောင့်ရှောက် ပေးနိုင်ဖို့ ဝန်ကြီးချုပ်ကို ထပ်တင်ပြသွားမှာပါ”ဟု တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးလှသိန်းက ပြောသည်။
ယခင်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို လုံခြုံမှုပေးနိုင်ရန် ဝန်ကြီးချုပ်ထံတင်ပြခဲ့မှု ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလှည့် ကင်းဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ကြောင်း၊ သို့ရာတွင် နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ကျောင်းတိုက်အတွင်းပစ္စည်းများအခိုးယူခံရခြင်းများ မကြာ ခဏဖြစ်ပေါ်လာကြောင်း ၎င်းက ပြောသည်။

သာသနာ့ဇေယျမင်္ဂလာပရိ ယတ္တိစာသင်တိုက်(သုံးထပ်ကျောင်း) ပဓာနဆရာတော်ဘဒ္ဒန္တပညိန္ဒက ”မဟာသန္တိသုခ ကျောင်းတော်ကြီး ၏အခြေအနေမှာ ခိုကိုးရာမဲ့နေ သည့်ပုံစံဖြစ်နေပါတယ်၊ အခုလို ဖြစ်နေတာမြင်ရတာ ဘုန်းကြီးတို့ အနေနဲ့ စိတ်မချမ်းမသာဖြစ်မိပါတယ်။ အရင်တုန်းကလို စည်စည် ကားကားနဲ့သာသနာပြုလုပ်ငန်း တွေဆောင်ရွက်နေတာပဲ မြင်လိုပါ တယ်”ဟု ဆရာတော်က မိန့်သည်။  ပီနန်ဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယကတို့အကြား မဟာသန္တိသုခကျောင်း ပိုင်ဆိုင် ခြင်းအငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် သာသနာရေးဦးစီးဌာနက ကျောင်း တိုက်အား ချိတ်ပိတ်ခဲ့သည်။ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းကလည်း မဟာသန္တိသုခကျောင်းတော်ကြီး ပြဿနာပြေလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောသည်။

မဟာသန္တိသုခကျောင်း ပိုင်ဆိုင်ခြင်းအငြင်းပွားမှုကြောင့် ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က သာသနာ ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ အဆိုကျောင်းတိုက်ကို အင်အားသုံးဝင်ရောက် ချိတ်ပိတ်ခဲ့ကာ ကျောင်းတိုက်အတွင်းသီတင်းသုံးနေသော လန်ဒန်ဆရာတော်ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို သာသနာရေး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအပြင် သာသနာ ညှိုးနွမ်းစေမှု ပြစ်မှု ပုဒ်မ ၂ဝ/၉ဝ နှင့် ဖမ်းဆီးကာ လူဝတ်လဲစေပြီး တရားစွဲဆိုခဲ့ဖူးသည်။

NT

#democracytoday

Previous Post

တောင်ကိုရီးယားနိုင်ငံတွင် Network ကုမ္ပဏီ အဆောက်အအုံ မီးလောင်၊ ၁ဝ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရ

Next Post

မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရွိုင်ရယ်စစ်တောင်း၊ ရွိုင်ရယ်ကျိုက်ထိုနှင့် ရွိုင်ရယ်ဘားအ?

M Bwe

Related Posts

Others

ပြင်ဦးလွင်မြို့သည် ငြိမ်းချမ်းနေပြီဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်ရန် ဒေသခံများဖိတ်ခေါ်

August 30, 2019
Others

နားမကြားသောကလေးများအတွက် အစိုးရမှထောက်ပံ့မှုများ ပေးထားသော်လည်း လိုအပ်ချက်များရှိနေဆဲ

August 30, 2019
Others

အလုပ်ထုတ်ခံတိုင်ကြားမှုများကို ခုံသမာဓိအဖွဲ့၊ ကောင်စီတို့ဖြင့်သာ ဖြေရှင်းပေးရေးအပါအဝင် တောင်းဆိုချက် များဖြင့် အလုပ်သမားများ ထောင်ချီဆန္ဒထုတ်ဖော်

August 30, 2019
Yangon Media Group
Others

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီပိတ်ထားသည့်ကျောင်းများအနက်မှ (၅၅) ကျောင်းပြန်လည်ဖွင့်လှစ်ထား

August 30, 2019
Yangon Media Group
Others

နေပြည်တော် စည်ပင်ရိပ်သာဗုံးလန့်မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို တစ်လကျော်ကြာသည်အထိ ခြေရာခံ မမိသေးဟုဆို

August 28, 2019
Yangon Media Group
Others

ပုသိမ်မြို့၌ လမ်းသွားလမ်းလာများကို အုပ်စုဖွဲ့ ရိုက်နှက်ရမ်းကားခဲ့သည်ဟုဆိုသူ လူငယ် ၁၀ ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၁၁ ခုဖြင့် အမှုဖွင့်

August 28, 2019
Next Post

မွန်နှင့် ကရင်ပြည်နယ်တို့တွင် ရွိုင်ရယ်စစ်တောင်း၊ ရွိုင်ရယ်ကျိုက်ထိုနှင့် ရွိုင်ရယ်ဘားအ?

Discussion about this post

Connect with us

ADVERTISEMENT

Recommended

Yangon Media Group

ပြင်ဦးလွင်ဒေသမှ ထုတ်လုပ်သည့် သစ်သားအနုစိတ် အမှတ်တရပစ္စည်းများကို ပြည်ပထက် ပြည်တွင်းစိတ်ဝ?

2 years ago
Yangon Media Group

ပွင့်လင်းရာသီရောက်ရှိလာသော်လည်း မြန်မာ-အိန္ဒိယနယ်စပ်အရောင်းအဝယ် ယခင်နှစ်များကထက်နည်းပါးေ

2 years ago

ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် ဦးတီခွန်မြတ်အား အဆင်ပြေပြေ ချောချောမွေ့မွေ့နှင့် လွှဲပြောင

1 year ago

အူဘာမီယန်ကြောင့် တိုက်စစ် ပိုကောင်းလာမည်ဟု ဝင်းဂါးမျှော်လင့်

2 years ago

ဆောက်လုပ်ရေးလုပ်ငန်း ကျဆင်းခြင်းကြောင့် ကုန်သွယ်လုပ်ငန်းခွန် လျာထားချက်အောက် လျော့နည်း

12 months ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • ‘ဂျင်းကောင်’ ဟာသရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

    0 shares
    Share 0 Tweet 0
  • လွှမ်းပိုင်နှင့် အိချောပိုတို့ အဓိက ပါဝင်ထားသည့် ‘ကြွေ’ ရုပ်ရှင်ဇာတ်ကားကြီး မကြာမီ ရုံတင်တေ?

    0 shares
    Share 0 Tweet 0
  • နှစ်​(၇၀)ပြည့်​လွတ်​လပ်​​ရေး​နေ့နိုင်​ငံ​တော်​အလံတင်​အခမ်းအနား နှင့် နိုင်ငံတော်သမ္မတမှ??

    0 shares
    Share 0 Tweet 0
  • ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(ဗကသ) များ အဖွဲ့ချုပ်က ကျောင်းအတွင်း လုံခြုံရေး၊ သန့်ရှင

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.