မိုင်းဆတ်၊ သြဂုတ် ၂၄- ရှမ်းပြည် နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သြဂုတ် ၂၃ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင် ကျရေများစီးဆင်းမှုကြောင့် နံနက် ၆ နာရီခန့်က ဟိုနားကျေးရွာတွင် မိုင်းဆတ်-မိုင်းခုတ်လမ်း ရေကျော် ခြင်း၊ လူနေအိမ်နှစ်လုံး ရေနစ်မြုပ်ပြီး ခြံစည်းရိုး အုတ်တံတိုင်း ပေ၄၀ခန့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားလျက်ရှိသည်။
နံနက် ၈နာရီခန့် က မယ်ဆွမ်တောင်ချောင်းရေမြင့် တက်လာမှုကြောင့် မယ်ဆွမ်တောင် ရပ်ကွက်၊ နောင်ဟီးရပ်ရှိ လူနေအိမ် ၁၅၀ခန့်မှာ အနည်းဆုံးတစ်ပေမှ အများဆုံးနှစ်ပေခွဲခန့်ထိ ရေနစ်မြုပ် မှုဖြစ်ပွားခြင်း၊ နံနက် ၁၁နာရီခွဲခန့် က မယ်ဆတ်ချောင်းတောင်ကျရေ စီးဆင်းမှုကြောင့် မယ်ဆွမ်မြောက် ရပ်ကွက်အတွင်းရှိ လူနေအိမ်နှင့် ဌာနဆိုင်ရာရုံး၂၀ခန့် ရေ၀င်ရောက် မှုဖြစ်ပွားခြင်းနှင့် ဆိုက်ခေါင်ကျေး ရွာရှိ လယ်မြေဧက၃၀ကျော် ရေနစ် မြုပ်မှုဖြစ်ပွားခဲ့ပြီး လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရသည်။
အဆိုပါရေနစ်မြုပ်သည့် လူနေ အိမ်များသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မ တီဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် ခေတ္တ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင် ရွှေ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာဝန်ထမ်းများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ရေသန့်နှင့် ထမင်းဘူးများ လိုက်လံ ဝေငှပေးလျက်ရှိသည်။
”မယ်ဆွမ်တောင်ရပ်ကွက် နောင်ဟီးရပ်က နှစ်စဉ် ရေနစ်မြုပ် မှုရှိခဲ့သော်လည်း အရင်နှစ်တွေက အများဆုံးတစ်ပေခွဲလောက်ပဲ ရေ တက်တာပါ။ ဒီနှစ်က တခိျု့နေရာမှာ နှစ်ပေခွဲလောက်ထိ ရေတက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ယခင်နှစ် မိုးရေချိန်အများဆုံး မှာ ၂ ဒသမ ၅၆ လက်မဖြစ်ပြီး မေလတွင်ရွာသွန်းခဲ့ကြောင်း၊ ယခု ရွာသွန်းသောမိုးရေချိန်မှာ ၃ ဒဿမ ၅၈ လက်မဖြစ်ကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
Discussion about this post