HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နိုင်ငံသား မှတ်ပုံတင်ကို အီလက်ထရွန်နစ်ကတ် အဖြစ်ပြောင်းလဲရန် ကျွမ်းကျင်သူများ ပါဝင်သည့် အတိုင်ပင်ခံအဖွဲ့ကို တစ်ပတ်အတွင်းရွေးချယ်မည်

နိုင်ငံသား မှတ်ပုံတင်ကို အီလက်ထရွန်နစ်ကတ် အဖြစ်ပြောင်းလဲရန် ကျွမ်းကျင်သူများ ပါဝင်သည့် အတိုင်ပင်ခံအဖွဲ့ကို တစ်ပတ်အတွင်းရွေးချယ်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၃

နိုင်ငံ သားမှတ်ပုံတင်ကို အီလက်ထရွန် နစ်စနစ်သုံးကတ်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ကျွမ်းကျင်သူများပါဝင်သည့် အတိုင်ပင်ခံအဖွဲ့ကို ယခုတစ်ပတ်အတွင်း ပွင့်လင်းမြင်သာ စွာရွေးချယ်မည်ဟု လဝကပြည် ထောင်စုဝန်ကြီးက ပြောသည်။ မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်မည့် eID (အီလက် ထရွန်နစ်စနစ်သုံး ID ကတ်)ကတ်စနစ်အတွက် အိန္ဒိယနိုင်ငံတွင် အသုံးပြုနေသည့်စနစ်ကို အိန္ဒိယသံရုံးအကူညီဖြင့် လေ့လာနေသလို ကမ္ဘာအနှံ့မှ နည်းပညာများကို လေ့လာထားပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက် နေပြည်တော် Hotel Max တွင် ပြုလုပ်သည့် မြန်မာ နိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှု ဘဝဖူလုံရေး အစီရင်ခံစာထုတ် ပြန်ခြင်း အခမ်းအနားအပြီး၌ အ လုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မီဒီယာများကို ဒီဇင်ဘာ ၃ ရက်က ပြောသည်။

''ကတ်လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံအနှံ့၊ ကမ္ဘာအနှံ့က ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ စုစုပေါင်း ၄ဝ ကျော်ကို လေ့လာပြီးပါပြီ။ ဒီတစ်ပတ်အတွင်းမှာပဲ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အကြံပေးပုဂ္ဂိုလ်တွေရွေး ချယ်ဖို့ အချက်အလက်တွေရေးသားနေပါတယ်။ ပြီးရင် သတင်းစာထဲမှာပွင့်လင်းမြင်သာစွာနဲ့ ဒီ ကိစ္စနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့အကြံပေးပုဂ္ဂိုလ်ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ကို ခန့်အပ်သွားမှာ ဖြစ်ပါ တယ်'' ဟု ၎င်းကပြောသည်။


ခန့်အပ်ထားသည့် အဖွဲ့မှ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ယင်း eID ကတ်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လက်ရှိတွင် e-Government  ဗဟိုကော်မတီမှခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း တိုင်းဒေ သကြီး ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီးချုပ်များကလည်း ယင်းစနစ် ကိုလုပ်ဆောင်စေချင်သလို လွှတ် တော်ကိုယ်စားလှယ်အချို့ကလည်း လုပ်ဆောင်မှဖြစ်မည်ဟု တွန်းအားပေးနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောသည်။ ယင်းကတ်စနစ်တွင် နေထိုင် သူတစ်ဦးစီ၏ ကိုယ်ရေးအချက်အလက်၊ လက်ဗွေ၊ သူငယ်အိမ်နှင့် မျက်နှာများကိုသိမ်းဆည်းကာ လူတစ်ဦးချင်းစီအတွက် Unique ID Number များပေး၍ Database တွင် မှတ်တမ်းတင် ထိန်းသိမ်း ခြင်းအား ဦးစားပေးလုပ်ငန်းအ ဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနောက်မှသာ ဒစ်ဂျစ်တယ်စ နစ်သုံးကတ်များ ပြောင်းလဲနိုင် ရေးကိုဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

MP

#democraytoday

Rate this item
(0 votes)
back to top