HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပန်းဈေးကွက် ကောင်းမွန်ပါက ပြင်ဦးလွင် ပန်းစိုက်တောင်သူများ အကျိုးအမြတ် ပိုမိုရရှိ

ပန်းဈေးကွက် ကောင်းမွန်ပါက  ပြင်ဦးလွင် ပန်းစိုက်တောင်သူများ  အကျိုးအမြတ် ပိုမိုရရှိ

မန္တလေး၊ ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် တွင် တစ်နှစ်ပတ်လုံးပန်းစိုက်တောင်သူများရှိရာ ပန်းဈေးကွက် တည်ငြိမ်ပါက အကျိုးအမြတ်ပိုမိုရရှိကြောင်း ပြင်ဦးလွင်ပန်းစိုက် တောင်သူများနှင့်ပန်းပွဲရုံများထံမှ သိရသည်။ ပန်းစိုက်တောင်သူများအနေဖြင့် ရာသီအလိုက် ပန်းစိုက်ပျိုး ရာတွင် ဒေသမျိုးရင်းပန်းမျိုးစိတ်များကိုသာ အများဆုံးစိုက်ပျိုးကြ ပြီး ပန်းပင်များကို သုံးလမှ ငါးလအထိပြုစုစောင့်ရှောက်ကြကာ ပန်းများထွက်ရှိချိန်တွင် ဈေးကွက်အတွင်းသို့ စတင်ရောင်းချကြ သည်။

''ပန်းစတင်ပေါ်ပြီဆိုတာနဲ့ တစ်လလောက်အထိ နေ့စဉ်အ ရောင်းအဝယ်ဖြစ်နေပါပြီ။ ပြင်ဦးလွင်ပန်းပွဲရုံတွေပို့ရသလို ပန်း စိုက်ပျိုးခြံအထိ လာရောက်ဝယ်ယူသူတွေရှိတယ်။ ဈေးကွက်က ခန့်မှန်းရခက်တယ်။ ပန်းပေါ်ချိန်မှာရှိတဲ့ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်တယ်။ ဈေးကောင်းရတဲ့နှစ်တွေမှာ ပန်း အရောင်းအဝယ် ပိုသွက်သလို အကျိုးအမြတ်လည်းပိုရှိတယ်''ဟု အောင်ချမ်းသာကျေးရွာမှ ပန်းစိုက်တောင်သူ ကိုမြင့်ဇော်ဦး က ပြောသည်။


ဒေသပန်းမျိုးများတွင် လိပ်ပြာ၊ မြနှင်းဖြူ၊ ချယ်ရီလွင်၊ြေ<ွက ဖြူနှင့်ရွှေဝါဝင်းပန်းမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ပန်းရာသီ အဖြစ် တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးကြောင်း၊ ပန်းမျိုး၊ သွင်းအား စု၊ လုပ်အားခများအတွက် တစ်ဧကကျပ် သိန်း ၃ဝ ခန့် ရင်းနှီး ကြရပြီး ပန်းအထွက်နှုန်းကောင်း၍ ပန်းဈေးကောင်းပါက အကျိုး အမြတ်ထက်ဝက်ခန့်ရကြကြောင်း၊ ပန်းစိုက်တောင်သူဦးရေ ၁၅ဝ မှ ၂ဝဝ ကျော်၏ပန်းများကို နေ့စဉ်ဒေသအနှံ့သို့ တင်ပို့ လျက်ရှိရာ ရန်ကုန်၊ မော်လမြိုင်၊ နေပြည်တော်၊ မူဆယ်၊ ပြည်၊ အောင်လံမြို့များသို့ အများဆုံးတင်ပို့ရကြောင်း သိရသည်။

DW

#democraytoday

Rate this item
(0 votes)
back to top