HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အခြေခံပညာကျောင်းများအတွက် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ ရန်ပုံငွေ ကျပ်သန်း သုံးသောင်းခွဲခန့် ချပေး

အခြေခံပညာကျောင်းများအတွက် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဆိုင်ရာ ရန်ပုံငွေ ကျပ်သန်း သုံးသောင်းခွဲခန့် ချပေး

ရန်ကုန်၊ ဒီဇင်ဘာ ၎

ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ အခြေခံ ပညာကျောင်းများအတွက် ကျောင်း ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူ ပြုဆိုင်ရာ ရန်ပုံငွေကျပ်သန်း ၂၉၃၉၅ ဒသမ ၉၈ဝ ကိုခွဲဝေချထားပေး လိုက်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအခြေ ခံပညာဦးဌာန လက်အောက်ရှိ အခြေခံပညာမူ၊ လယ်၊ ထက် ကျောင်းများ၊ ရန်ကုန်ပညာရေး တက္ကသိုလ်(လေ့ကျင့်ရေးအထက် တန်းကျောင်း)၊ စစ်ကိုင်းပညာရေး တက္ကသိုလ်(လေ့ကျင့်ရေးအထက် တန်းကျောင်း)၊ စစ်ကိုင်းဖွံ့ဖြိုးရေး တက္ကသိုလ်(လေ့ကျင့်ရေးအထက် တန်းကျောင်း)၊ ပညာရေးကော လိပ်(လေ့ကျင့်ရေးအလယ်တန်း ကျောင်း)နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ကျောင်း ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူ ပြုဆိုင်ရာ ရန်ပုံငွေကျပ် ၂၉၃၉၅ ဒသမ ၉၈ဝ သန်းကို ယခုပညာ သင်နှစ်၏ ဒုတိယအကြိမ်အဖြစ် ခွဲဝေချထားပေးလိုက်ကြောင်းအ ခြေခံပညာဦးစီးဌာနမှသိရသည်။

''လာမယ့်နှစ်တော့ ဒီရန်ပုံ ငွေကဘယ်လိုလာဦးမလဲတော့ မ သိသေးဘူး။ သူကနှစ်အလိုက်စီမံ ကိန်းနဲ့ချေးယူရတဲ့အစီအစဉ်ပါ။ ချေးယူထားတဲ့ငွေကြေးတွေကို ကျောင်းတွေအနေနဲ့ အကျိုးရှိရှိ ပြန်အသုံးချရမယ်။ သုံးတာကိုလည်း စာရင်းဇယားနဲ့တကွ ပြန်လည်တင် ပြရမယ်''ဟု အခြေခံပညာဦးစီး ဌာနမှ အရာရှိတစ်ဦးက ဒီဇင်ဘာ ၄ ရက်က ပြောကြားသည်။


အခြေခံပညာဦးစီးဌာနအ နေဖြင့် ယခုနှစ်အောက်တိုဘာလ က၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အ တွက် ကျောင်းဖွံ့ဖြိုးတိုးတက်မှုအ ထောက်အကူပြုရန်ပုံငွေ(ပထမ အကြိမ်)ခွဲဝေပေးခဲ့ရာတွင်မူလ တန်းနှင့်အလယ်တန်းအဆင့် ကျောင်းများအတွက် ပထမအ ကြိမ်ရသင့်သည့်ရန်ပုံငွေများကို ခွဲဝေသတ်မှတ်ပေးခဲ့ပြီးဖြစ်သော် လည်း အထက်တန်းအဆင့်သင် ကျောင်းများအတွက် ရန်ပုံငွေသုံး စွဲနိုင်မှုအရ ချန်လှပ်ထားခဲ့သည့် ရန်ပုံငွေကျပ် ၄၈၄၃ဝ ဒသမ ဝ၂၂၅ သန်းကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ငွေစာရင်းခေါင်းစဉ်ဖြင့် မြို့နယ် ပညာရေးမှူးရုံးများ ထုတ်ယူနိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။


ယခုပညာသင်နှစ်အတွက် ခွင့်ပြုပေးလိုက်သောရန်ပုံငွေ များ ကိုခွဲဝေပေးရာတွင်မြို့နယ်ပညာ ရေးမှူးရုံးများက ကျောင်းများကို အမြန်ဆုံးထပ်ဆင့်ခွဲဝေပေးရမည် ဖြစ်ပြီး ရရှိသော ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေများကို အများမြင်သာစေ ရန် ထုတ်ပြန်ထားရမည်ဖြစ်ကြောင်း၊ ကျောင်းထောက်ပံ့ကြေးငွေများကို အသုံးပြုရာတွင် အကျိုးရှိမည့်လုပ် ငန်းများကိုသာ လမ်းညွှန်စာအုပ်ပါ သတ်မှတ်ချက်များအတိုင်း ဆောင် ရွက်ရမည်ဖြစ်သလို ကော်မတီဖွဲ့ စည်းပြီး အစည်းအဝေးဖြင့် အကျိုး ရှိစွာအသုံးချရန်ကို သတ်မှတ်ထား ကြောင်း သိရသည်။

ATK

#democracytoday

Rate this item
(0 votes)
back to top