HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဒုတိယအကြိမ် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲ ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်  

ဒုတိယအကြိမ် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲ ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပမည်   

မူဆယ်၊ ဒီဇင်ဘာ ၎

ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံပြည်သူများအကြား ချစ် ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် နှစ် နိုင်ငံခရီးသွားလာရေး လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဒုတိယအကြိမ်မြန်မာ-တရုတ်နှစ် နိုင်ငံ နယ်စပ်ဖြတ်ကျော်အပြည် ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင် ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအပြေးပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ၊ ၂၁ ကီလိုမီတာ နှင့် ၅ ကီလိုမီတာအပြေးပြိုင်ပွဲ များထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများအပြင် တတိယ နိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်နိုင် ရေးအတွက် စီစဉ်ထားသည်။

မာရသွန်အပြေးပြိုင်ပွဲကို ဒီ ဇင်ဘာ ၃၁ရက်၊နံနက် ၆ နာရီ တွင် တရုတ်နိုင်ငံယူနန်ပြည်နယ် ရွှေလီမြို့ကျယ်ခေါင်မြို့နယ် ယဉ် ကျေးမှုကွင်းပြင်မှစတင် တာလွှတ် ကာ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ် ဆေးရေးနန်းတော်ဂိတ်မှရှမ်းပြည် နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ဝင်ရောက်ဖြတ်သန်းကာ အဆိုပါ နယ်စပ်ဂိတ်ပေါက်မှ ကျယ်ဂေါင် မြို့တွင်းသို့ ပြန်ဝင်၍နန့်မော်ဟူ ပန်းခြံသို့ပန်းဝင်ရမည်ဖြစ်သည်။ ''တရုတ်နိုင်ငံဘက်က အကုန် အကျခံပြီး ကျင်းပသွားမှာပါ။ ဒီ နှစ်လည်း တရုတ်နိုင်ငံကထပ်မံ ကမ်းလှမ်းလာတဲ့ အပေါ်မှာကျွန် တော်တို့ဆွေမျိုးပေါက်ဖော် ချစ် ကြည်ရင်းနှီးမှုအဓွန့်ရှည်အောင် ရည်သန်ပြီး အောင်မြင်အောင်သက် ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဝိုင်းဝန်း ပြီးပေါင်းစပ်လုပ်ကိုင်နေပါတယ်'' ဟု မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦး လှိုင်စိုးသန့်ကပြောသည်။


အပြေးပြိုင်ပွဲဆုကြေးများနှင့် အမှတ်တရလက်ဆောင်များ ပေး အပ်ရန်စီစဉ်ထားပြီး မြန်မာနိုင်ငံ သားအားကစားသမားများအ တွက် ဆွေမျိုးပေါက်ဖော်ဆုကို လည်း ထည့်သွင်းပေးထားသည်။ ''လောလောဆယ်မှာတော့ ပြည်ထောင်စုအဆင့်အားကစား သမား ၃၃ ဦးဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်ပြီး နည်းပြအုပ်ချုပ်သူ စုစု ပေါင်းငါးဦးလိုက်လာပါမယ်။ ကျန် တဲ့ပြည်နယ်နဲ့တိုင်းတွေက စိတ် ဝင်စားသူ အားကစားသမား ၁ဝ ဦးကျော်ကတော့ လာရောက်စာ ရင်းပေးသွင်း ပီးပါပြီ။ နောက်လည်း စာရင်းပေးသွင်းကြမယ့် လူတွေရှိ သေးတယ်''ဟု မူဆယ်ခရိုင်အား ကာမှူး ဒေါ်ပပဝင်းက ပြောကြား သည်။ ပြိုင်ပွဲဝင်မည့် မြန်မာနိုင်ငံ သားများအတွက် ပြိုင်ပွဲဝင်ကြေး အခမဲ့စီစဉ်ထားပြီးနေထိုင်စရိတ် နှင့် စားသောက်စရိတ်များပါ ထောက်ပံ့ပေးအပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး မြန်မာ့အား ကစားသမားများအနေဖြင့် မူဆယ် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၌ စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။

PS

#democracytoday

Rate this item
(0 votes)
back to top