HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မန္တလေးမြို့၌ နိုင်ငံတကာအဆင့်မီ မီးတိုင်များ စိုက်ထူနိုင်ရန် အလှူရှင်များက ငွေကျပ်သိန်း ၂၄ဝကို မန်းစည်ပင်သို့ လှူဒါန်းထား

မန္တလေးမြို့၌ နိုင်ငံတကာအဆင့်မီ မီးတိုင်များ စိုက်ထူနိုင်ရန် အလှူရှင်များက  ငွေကျပ်သိန်း ၂၄ဝကို မန်းစည်ပင်သို့ လှူဒါန်းထား

မန္တလေး၊ ဒီဇင်ဘာ ၎

မန္တလေး တစ်မြို့လုံးရှိ လမ်းများတွင်ညအ ချိန် မီးလင်းစေရေးအတွက် နိုင်ငံ တကာအဆင့်မီ မီးတိုင်များစိုက်ထူ နိုင်ရန် မြို့ခံအလှူရှင်များက နှောင် ကြိုးမဲ့အလှူအဖြစ် စုစုပေါင်းငွေ ကျပ်သိန်း ၂၄၈ဝ ကိုမန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီသို့ ဆက်သွယ်လှူဒါန်းထားကြောင်း သိရသည်။

''တချို့အလှူရှင်တွေက ကိုယ့် အိမ်ရှေ့ကလမ်းအတွက်လှူဒါန်း ကြတာရှိသလို တချို့ကလည်းမြို့ တွင်းမှာ မီးတိုင်လိုအပ်နေတဲ့နေ ရာအတွက် လှူဒါန်းကြတာဖြစ်ပြီး လုပ်ပိုင်ခွင့်အကျိုးအမြတ် တစ်ခု ခုရရှိချင်လို့ လှူတာမျိုးမဟုတ်ဘဲ နှောင်ကြိုးမဲ့လှူခြင်းဖြစ်ပါတယ်။ အခုလိုမျိုးရရှိလာတဲ့ အလှူငွေတွေ နဲ့အတူ မြို့တော်စည်ပင်ကနေရာ ချထားပေးတဲ့ဘတ်ဂျက်တွေကို အားလုံးပေါင်းလိုက်ရင် လာမယ့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း လောက်ဆို မန္တလေးတစ်မြို့လုံး အတွက် လမ်းမီးတိုင်စိုက်ထူပေး နိုင်မယ်လို့လျာထားရာမှာ ပြည်သူ ကနေလှူတာနဲ့ ဘတ်ဂျက်ကနေ ဆောင်ရွက်ပေးတာကို ကွဲပြားအောင် လို့ မီးတိုင်တွေမှာအလှူရှင်တွေရဲ့ နာမည်တွေ စတီးပြားနဲ့ကမ္ပည်း ရေးထိုးပေးသွားမှာပါ'' ဟုမန္တလေး မြို့တော်စည်ပင်သာယာရေး ကော် မတီဝင် ဦးကျော်ဇောအောင်က ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။

 

လမ်းမီးတိုင် လှူဒါန်းလို သော အလှူရှင်များအတွက် Double Arm (မီးသီးနှစ်လုံး)အ မျိုးအစားတစ်တိုင်လျှင်ကျပ် ၁ဝ သိန်းနှုန်း၊ Single Arm (မီးသီးတစ် လုံး) အမျိုးအစားတစ်တိုင်လျှင် ကျပ်ခုနစ်သိန်းငါးသောင်းနှုန်း သတ်မှတ်ထားရာ မီးတိုင်နှင့်အတူ ခုနစ်နှစ်အာမခံမီးသီး၊ Concrete Footing ပိုင်း၊ မြေကျင်းတူးခများ ကို ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်ပြီး အခြားသော အခြေခံလိုအပ် ချက်များဖြစ်သည့် မီးကြိုး၊ လမ်း လယ်ကျွန်းငယ်တည်ဆောက်မှု၊ ဘရိတ်ကာနှင့် Timer  စသည့် ကုန်ကျစရိတ်များကို မြို့တော် စည်ပင်ဘတ်ဂျက်မှ သုံးစွဲပေးမည် ဖြစ်သည်။


မန္တလေးမြို့တော်စည်ပင် သာ ယာရေးကော်မတီအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က အောင်မြေ သာစံမြို့နယ်ရှိလေးနေရာ၊ ချမ်း အေးသာစံမြို့နယ်ရှိ လေးနေရာ၊ မဟာအောင်မြေမြို့နယ်ရှိခြောက် နေရာ၊ ချမ်းမြသာစည်မြို့နယ်ရှိ သုံး နေရာ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လေးနေရာနှင့် အမရပူရမြို့နယ် ရှိနှစ်နေရာတို့၌ 80 watt LED လမ်းမီးလုံးစုစုပေါင်း ၁၁ဝဝ တပ်ဆင် ထွန်းညှိနိုင်ရန် ဘတ်ဂျက်ငွေကျပ် သန်း၎ဝဝ သုံးစွဲဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။ 

KSA

#democracytoday

Rate this item
(0 votes)
back to top