HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အငှားယာဉ်ကို လုယူမောင်းပြေးသည့် လူငယ်သုံးဦးကို နှစ်နာရီအတွင်း ဖမ်းမိ

အငှားယာဉ်ကို လုယူမောင်းပြေးသည့် လူငယ်သုံးဦးကို နှစ်နာရီအတွင်း ဖမ်းမိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အငှား ယာဉ်မောင်းကို ဓားပြပြီးယာဉ်ကို လုယူ မောင်းပြေးသွားသည့်ဆယ် ကျော်သက်အရွယ် လူငယ်သုံးဦး ကိုစီစီတီဗီမှ ခြေရာခံကာ နှစ်နာရီ အတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။  ဖြစ်စဉ်မှာ အသက် ၃ဝ အရွယ် သင်္ဃန်းကျွန်းမြို့နယ်နေ ဦး------- သည် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၃ နာရီခန့်တွင် ၎င်းပိုင် PROBOX အဖြူရောင်အငှားယာဉ်အား လှည်းတန်းဘက်သို့ မောင်းနှင်လာစဉ်မီးပွိုင့်၌ လူငယ်သုံးဦးမှ တောင်ဒဂုံမြို့နယ်ရှိ တည်းခိုခန်းတစ်ခုသို့ ငွေ ၁၅ဝဝဝ ကျပ်ဖြင့်ငှားရမ်း၍ မောင်းနှင်လာရာ မရမ်းကုန်းမြို့နယ်၊ ဥက္ကလာပလမ်းလက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် အပေါ့သွားမည်ဟုပြောသဖြင့် ယာဉ်အားရပ်ပေးခဲ့စဉ် ၎င်းတို့သုံးဦး ယာဉ်ပေါ်မှဆင်း သွားပြီး လူငယ်တစ်ဦးမှ ဦး----၏ လက်ကိုဆွဲ၍ ကျန်အရပ်ပုပု နှင့် လူငယ်တစ်ဦးမှဓားတစ် ချောင်းအားကိုင်ထားကာနောက် တစ်ဦးမှ ဘေးတွင်ရပ်လျက်ယာဉ် ပေါ်မှဆင်းခိုင်းပြီး MI အမျိုးအစား ဖုန်းတစ်လုံး၊ ငွေကျပ် ၃၃၅၅ဝ တို့ ကိုယူဆောင်၍ ဦး------အား လမ်းဘေးတွင်ထားခဲ့ပြီး ယာဉ်အား လုယူမောင်းနှင်ထွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှသိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မရမ်း ကုန်းမြို့မရဲစခန်း (ပ)၁ဝ၆၇ / ၂ဝ၁၈၊ပြင်ဆင်ပြီးမှခိုးမှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့သည်။ မော်တော်ယာဉ်လုယက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဝိုင်းဝန်းပိတ်ဆို့ဆောင်ရွက်စဉ် PROBOX အဖြူရောင်ယာဉ်သည် ဆရာစံလမ်းနှင့်ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်အားဖြတ်သန်း ပြီး ဝဲဘက်လမ်းအတွင်းသို့ကွေ့ ဝင်သွားကြောင်း သတင်းရရှိ၍ နံနက် ၅ နာ ရီခန့်တွင် ပိတ်ဆို့ရှာ ဖွေခဲ့ရာ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံ ရပ်ကွက်၊ ပုလဲလမ်းနှင့် ငမောက် လမ်းထိပ်တွင် ယာဉ်အားလုယက် သူများဖြစ်သော ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်နေ ပန်သုကျော် (၁၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ လျှမ်းကျော် ဇေယျ(ခ)ကျော်ဇေယျ(ခ) ကျော် ကြီး(၁၇)နှစ်၊ ကြို့ပင်ကောက်မြို့ နယ်၊ ဈေးချိုရပ်ကွက်နေ ကောင်း ဆက်လင်း (၁၇)နှစ်တို့အား တွေ့ ရှိစစ်ဆေးရာ¤င်းတို့မှာ အဆိုပါ ပြစ်မှုအား ကျူးလွန်ခဲ့သည်ဟု စစ် ဆေးပေါ်ပေါက်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှသိရ သည်။


မရမ်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်သန်းဝင်းက ''ဖမ်း ဆီးတာကတော့ ပထမဆုံးဖြစ် ဖြစ်ချင်းလာတိုင်တိုင်ချင်း ကွန်ထရိုးလ် စင်တာကနေ ခရိုင်ဒနအဖွဲ့တွေ ရယ် ပူးပေါင်းပြီးတော့ တရားခံ ကို စီစီတီဗီကင်မရာကနေ ကြည့်ပြီး လိုက်တာပေါ့။ လိုက်ပြီးပိတ်ဆို့ပြီး တော့ဖမ်းတာပေါ့။သူတို့ သုံးဦးက အပေါင်းအသင်းတွေပဲ။ အဓိက တော့ငွေကြောင့် ပြောလို့ရမယ်။ သူတို့က ဓားပြပြီးတော့ ယာဉ် မောင်းကို အောက်ဆင်းခိုင်းတယ်။ ဆင်းခိုင်းပြီးတော့မှ ကားမောင်းပြေး တာပေါ့။ သူတို့ကို ၃၈၂ နဲ့တရား စွဲသွားမယ် '' ဟု ဒီမိုကရေစီတူဒေး သို့ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။ ပြစ်မှုကျူးလွန်သူများကို နှစ် နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ် မှုကျူးလွန်သူများထံမှ ယာဉ်နှင့် သက်သေခံပစ္စည်းများအား ပြန် လည်သိမ်းဆည်းနိုင်ခဲ့ကာ ¤င်းတို့ သုံးဦးအား ဥပဒေနှင့်အညီအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top