HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စစ်ကိုင်းတိုင်း ခရီးသွားရက်သတ္တပတ် အစီအစဉ်တွင် တိုင်းဒေသကြီးရှိမီဒီယာများ လိုက်ပါရန် ဖိတ်ခေါ်

စစ်ကိုင်းတိုင်း ခရီးသွားရက်သတ္တပတ် အစီအစဉ်တွင် တိုင်းဒေသကြီးရှိမီဒီယာများ လိုက်ပါရန် ဖိတ်ခေါ်

မုံရွာ၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း ခရီးသွားရက်သတ္တပတ်အစီအစဉ်ကို ဒီဇင်ဘာ ၂၄ ရက်မှစတင်မည် ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး သတင်းမီဒီယာသမားများ အနေ ဖြင့်အတူလိုက်ပါလိုပါက ဒီဇင်ဘာ ၁၅ ရက်နောက်ဆုံးထား စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။ အဆိုပါခရီးစဉ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး သတင်းမီဒီ ယာများအား သတင်းဌာနတစ်ခု လျှင်ဓာတ်ပုံသတင်းမီဒီယာဆိုပါ က တစ်ဦး၊ ရုပ်သံမီဒီယာဆိုပါက နှစ်ဦး (လိုအပ်ပါကသုံးဦး) လက် ခံမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးအ တွက် ခရီးစရိတ်၊ စားစရိတ်၊ တည်း ခိုစရိတ်များအားပေးဆောင်ရန် မလိုဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှစီစဉ်ပေးမည်ဖြစ်သည်။

''စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မီးရထားနဲ့ခရီးသွားလာနိုင် တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာဖို့ စီစဉ်တာပါ။ ခရီးစဉ်မှာ တိုင်းဒေ သကြီးအစိုးရအဖွဲ့ကပါမယ်။တိုင်း ဒေသကြီးလွှတ်တော်ရေးရာ ကော် မတီပါမယ်။ ခရီးသွားလုပ်ငန်းရှင် များပါမယ်။ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့ပါမယ်။ မြန်မာ့မီးရထားက တာဝန်ရှိသူတွေလိုက်ပါပါမယ်။ဒီ ခရီးစဉ်မှာ မီဒီယာတွေအနေနဲ့ လိုက်ပါနိုင်အောင် စီစဉ်ပေးထား ပါတယ်။ စစ်ကိုင်းရွာထောင်က အင်းတော်/နဘားအထိ RBE တွဲ တစ်တွဲမှ ရထားခသုံးသိန်းပဲကျ တာဆိုတော့ အုပ်စုလိုက်လာမယ့် သူတွေ နဘားကနေတစ်ဆင့်သွား နိုင်ဖို့နဲ့ ဒေသတွင်းခရီးသွားနိုင်တဲ့ နေရာတွေသိရှိလာစေဖို့ ရည်ရွယ် ချက်နဲ့အခုလို အကောင်အထည် ဖော်တာပါ''ဟု စစ်ကိုင်းတိုင်းဟို တယ်နှင့်ခရီးသွားလာရေး ဦးစီးမှူး ဦးအောင်သူဦးကပြောသည်။


ခရီးစဉ်ကိုဒီဇင်ဘာ ၂၄ရက် တွင် စစ်ကိုင်းရွာထောင်ဘူတာမှ နံနက် ၆ နာရီအချိန်မီးရထားဖြင့် အင်းတော်မြို့သို့ စတင်ထွက်ခွာ မည်ဖြစ်ပြီး ကသာမြို့မှာ ညအိပ် ရပ်နားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်တွင် ကသာမြို့မှဇလုံ တောင်ခြေခမိုးစခန်းဖွင့်ပွဲ၊ အင်း တော်မြို့ဆရာပွဲ ဗုံလုပ်ငန်းမှစည် ကြီး၊ ဂျပန်မြေအောက်ဆေးရုံ၊ မန် လည်တန်ခွန်တိုင်၊ ဝန်းသိုနှင့် ကောလင်းမြို့များသို့ မော်တော်ကား ဖြင့် သွားရောက်ကာကောလင်းမြို့ တွင် ညအိပ်မည်ဖြစ်ကြောင်း၊ ၂၆ ရက်နေ့တွင် ကောလင်းမှ လင်းနို့ ဂူဖွင့်ပွဲ တက်ရောက်၍ ရွှေဘိုမြို့ သို့ မော်တော်ကားဖြင့် သွား ရောက်ကာရွှေဘိုမြို့မှာ ညအိပ် ရပ်နားမည်ဖြစ်ကြောင်း သိရသည်။


ဒီဇင်ဘာ ၂၇ ရက်တွင်ရွှေ ဘိုမြို့မှ နွယ်ငြိမ်းစဥ့်လုပ်ငန်းနှင့် ရှိမ်းမကားတောရကြီးကျောင်းဘေး မဲ့တောသို့သွားရောက်လေ့လာ မည်ဖြစ်ပြီး အဆိုပါနေ့တွင်ရှိမ်းမ ကားမှ မင်းကွန်း၊ စစ်ကိုင်းမြို့များ သို့ ဧရာဝတီရေလမ်းခရီးအတိုင်း သင်္ဘောဖြင့်သွားရောက်ကာ စစ် ကိုင်းမြို့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ် ကြောင်း ခရီးစဉ်လိုက်ပါလိုသည့် သတင်းမီဒီယာများအနေဖြင့်ဒီဇင် ဘာ ၁၅ရက် နောက်ဆုံးထား၍ ဦးအောင်သူဦးဖုန်း ဝ၉၂၆၂၄၄၅၄၆၂ နှင့် ဦးသန်းဌေးတို့ထံ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top