HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရွှေဘိုမြို့တွင် ပိုက်ဆံအိတ် လုယက်သူများကို အခင်းဖြစ်ပွားပြီး သုံးနာရီအတွင်း ဖမ်းမိ

ရွှေဘိုမြို့တွင် ပိုက်ဆံအိတ် လုယက်သူများကို အခင်းဖြစ်ပွားပြီး သုံးနာရီအတွင်း ဖမ်းမိ

ရွှေဘို၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့တွင် ဆိုင်ကယ် စီးလာသော ကျောင်းသူထံမှ ပိုက် ဆံအိတ် လုယက်သူများအား အခင်း ဖြစ်ပွားပြီး သုံးနာရီအချိန်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်မောင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့တွင် ဒီဇင်ဘာ ၄ရက် ညနေ ၅နာရီ ၅၅မိနစ်က မ--- Msc ကျောင်းသူ အမျိုးသမီး ဆောင် အမှတ်(--) ရပ်ကွက် ရွှေဘို မြို့နေသူသည် အရှေ့စက်မှုဇုန် ဘက်မှ အနောက်ရွှေဘိုမြို့အတွင်း သို့ တစ်ဦးတည်း ဆိုင်ကယ်စီးလာ စဉ် လားရာတူ နံပါတ်မပါ Scoopyi (အနက်ရောင်) ဆိုင်ကယ်အား လူ သုံးဦး စီးလာသည့် ဆိုင်ကယ်ပေါ် က အလယ်မှစီးနင်းလာသူ လူငယ် တစ်ဦးမှ မ----စီးနင်းလာသော ဆိုင်ကယ်ရှေ့ခြင်းအတွင်း ထည့် ထားသည့် I Do Want  I Want  စာတန်းပါ အညိုရောင် အမျိုးသမီး ဘေးလွယ် ပိုက်ဆံအိတ်အား ဆွဲ ယူသွား၍ အနီးရှိလူများအား အော်ဟစ် အကူအညီတောင်းခံခဲ့ရာ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းရဲတပ်ကြပ် လှဝင်းနှင့် အဖွဲ့မှ လိုက်လံဖမ်းဆီးစဉ် ပိုက်ဆံ အိတ်အတွင်း၌ပါသော Oppo အမျိုးအစား ရွှေရောင် လက်ကိုင် ဖုန်း တစ်လုံးနှင့် ငွေကျပ် ၆ဝဝဝဝ ခန့်အား နှိုက်ယူပြီး ပိုက်ဆံအိတ် အခွံအား ကားလမ်းပေါ်တွင် လွှင့် ပစ်ခဲ့သဖြင့် နယ်ထိန်းရဲတပ်ကြပ် လှဝင်းနှင့်အဖွဲ့မှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသူများ၏ နောက်သို့ဆက် လက်လိုက်လံဖမ်းဆီးရာ ဂေါက် ကွင်းလမ်းရှိ ရန်ကြီးအောင်အငှား အိမ်ရာ တိုက်တန်းအရောက်တွင် နံပါတ်မပါ Scoopyi  (အနက် ရောင်) ဆိုင်ကယ်နှင့် သန်းဇော်ဦး (၂၅)နှစ်၊ တောင်သူဆီဆုံကုန်းရွာ ရွှေဘိုမြို့နယ်နေသူအား ဖမ်းဆီး ရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

 

အဆိုပါအမှုမှ ထွက်ပြေး သွားသူများ အမြန်ဆုံးဖမ်းဆီးရမိ စေရေးအတွက် ရွှေဘိုမြို့မရဲစခန်း မှူး ဒုရဲမှူးမြင့်မောင်၏ ညွှန်ကြား မှုဖြင့် ရွှေဘိုမြို့မရဲစခန်းမှ နယ် ထိန်းခေါင်းဆောင် ရဲအုပ်မြတ်ဖုန်း ပိုင် ဦးစီးအဖွဲ့မှ လိုက်လံဖမ်းဆီး ရာ ထွက်ပြေးသူ နှစ်ဦးဖြစ်သည့်  ထိန်လင်းကျော် (၂၂)နှစ် ကျပန်း ဘိုကုန်းရပ် အမှတ်(၃) ရပ်ကွက် ရွှေဘိုမြို့နေသူနှင့် ငသဲ (ခ)ကျော် ကျော်ဆင့် (၁၇)နှစ် တောင်သူ ဆီဆုံကုန်းရွာ ရွှေဘိုမြို့နယ်နေ သူတို့နှစ်ဦးအား ဒီဇင်ဘာ ၄ရက် ည ၈နာရီ ၅မိနစ် အချိန် (အခင်း ဖြစ်ပွားပြီး ၃နာရီကြာအချိန်)အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုက် ဆံအိတ်အားလုယူ ထွက်ပြေးသူ သုံးဦးအား ရွှေဘိုမြို့မရဲစခန်းတွင် (ပ)၉၆၆/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၈၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

MT

#democracytoday

Rate this item
(0 votes)
back to top