HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် တက်ကြွစွာလုပ်ဆောင်နေကြောင်း Twitter စီအီးအိုပြောကြား

မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် တက်ကြွစွာလုပ်ဆောင်နေကြောင်း Twitter စီအီးအိုပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာ ပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် တက်ကြွစွာလုပ်ဆောင်နေကြောင်း Twitter စီအီးအိုက ဒီဇင်ဘာ ၁၂ ရက်နေ့က ၎င်း၏လူမှုကွန်ရက်စာမျက် နှာမှ တစ်ဆင့်ရှင်းလင်းပြောကြားလိုက်သည်။ မြန်မာပြည်တွင် ဝိပဿနာ ဆယ်ရက်တရားစခန်းလာရောက် ဝင်သွားခဲ့ပြီးနောက် ၎င်းက'' မြန်မာ ပြည်ကို သွားလည်ကြပါ'' ဟု ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာ မီဒီယာများတွင် ဝေဖန်ခံနေရမှုကို တွစ်တာအမှုဆောင် အရာရှိချုပ် ဂျက်ဒေါ်စီက အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

''Twitter ဆိုတာ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက် တွေအကြောင်း သတင်းတွေနဲ့ အချက်အလက်တွေကို လူတွေမျှဝေနိုင်ဖို့နဲ့ အခြားလူမှုအသိုက်အဝန်းနဲ့ ဘင်္ဂါလီတွေရဲ့ ဆင်းရဲ့ဒုက္ခတွေကို သိမြင်နိုင်ကြတဲ့ နည်းလမ်းတစ်ခုပါ။ ကျွန်တော်တို့ဟာ ဖြစ်ပေါ် နေတဲ့ကိစ္စရပ်တွေကို ဖြေရှင်းဖို့ တက်တက်ကြွကြွအလုပ်လုပ်နေ ကြပါတယ်။ အကြမ်းဖက် အစွန်း ရောက်မှုတွေလည်းပါဝင်သလို မုန်းတီးတဲ့ ပြုမူပြောဆိုမှုတွေလည်း ပါဝင်ပါတယ်''ဟု ၎င်းကပြောသည်။ ယင်းကဲ့သို့ ဖြေရှင်းမှုကို Twitter  တစ်ဦးတည်း မလုပ်နိုင်ဟုဆိုလျှင် အဆိုပါဒေသတွင်းတွင် ရှိသည့်လူမှုအသိုက်အဝန်းနှင့် NGO များ၏ အကူအညီများနှင့် အတူ ပြောဆိုဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ ခရီးစဉ်အတွင်း အစိုးရ နှင့်အစိုးရမဟုတ်သည့်အဖွဲ့အစည်း များကို တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။


''အကောင်းဆုံး ဘယ်လိုတိုး မြှင့်လုပ်ဆောင်မလဲဆိုတဲ့အပေါ် တုံ့ပြန်မှုတွေကို ကျွန်တော်တို့ အ မြဲတမ်းကြိုဆိုနေပါတယ်''ဟု ၎င်းကပြောသည်။ ပြင်ဦးလွင်ရှိ ဝိပဿနာ ဆရာ ကြီးဦးဂိုအင်ကာ၏ ဓမ္မမဟိမာတရားရိပ်သာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဆယ်ရက်စခန်းဝင်ပြီး နောက် ''မြန်မာပြည်သူတွေသိပ်ကိုပျော်ရွှင်နေကြတယ်၊ မြန်မာ ပြည်ဟာ သိပ်ကိုလှပတဲ့နိုင်ငံပဲ၊ ဒီနိုင်ငံကိုသွားလည်ကြပါ''ဟု တွစ်တာတွင်ရေးသားခဲ့ခြင်းသည်။ ရခိုင် ပြည်နယ် ပြဿနာများကို မသိ ကျိုးကျွန်ပြုမှုဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဝေဖန်ခံခဲ့ရ ခြင်း ဖြစ်သည်။


''ကျွန်တော် ဝိပဿနာအ ပေါ် အာရုံစိုက်နေတာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖြစ်ပြီး တရားထိုင်နေတာ နှစ်ပေါင်း ၂ဝ လောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက တက္ကဆက်ပြည်နယ်မှာ တရားထိုင်အတွေ့အကြုံရခဲ့ပြီးတဲ့ နောက် မူရင်းပုံစံအတိုင်းကျင့် ကြံမှုကို ထိန်းသိမ်းထားတဲ့ ဒေသကို ကျွန်တော်သွားချင်ခဲ့တာပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံကို ရောက် သွားခဲ့တာပါ''ဟု ၎င်းကပြောသည်။ ယခုခရီးစဉ်သည် တရားထိုင် ကျင့်ကြံရန်ဆိုသည့် အခြေအနေ တစ်ခုတည်းကိုသာ အာရုံစိုက်ထားခဲ့သည့် ကိုယ်ရေးကိုယ်တာ ခရီးစဉ်တစ်ခုသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရသည်။


NT,WL

#democracytoday

Rate this item
(0 votes)
back to top