HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖြစ် ချယ်ရီပင် စိုက်ပွဲတော် ကျင်းပမည်

ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖြစ် ချယ်ရီပင် စိုက်ပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၈

ဂျပန်-မြန်မာချစ်ကြည်ရေးအဖြစ် ချယ်ရီပင် စိုက်ပွဲတော်ကို ရန်ကုန်တွင် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှေ့၊ ပြည်သူ့ရင် ပြင်နှင့် မဟာဗန္ဓုလပန်းခြံတို့တွင် ချယ်ရီပန်းပင်များ စိုက်ပျိုးမည့် ပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ် နော်ပန်းသဉ္ဇာမျိုးက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးရှိအစည်း အဝေးခန်းမတွင်ပြုလုပ်သည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော် ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲတွင် ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။


''ဇန်နဝါရီ ၂၆ ရက် ၂၇ ရက်၊ နှစ်ရက်ကို ရန်ကုန်မြို့မှာ ချယ်ရီ ပန်းပွဲတော်ဆိုပြီး ဂျပန်-မြန်မာ ချစ် ကြည်ရေးချယ်ရီပင်စိုက်မယ်။ ရန် ကုန်တိုင်းအစိုးရ လွှတ်တော် ဝင်းရှေ့ ညာဘက်ခြမ်းနဲ့ ဘယ် ဘက်ခြမ်းမှာ အပင်တွေတန်းစီပြီး စိုက်မယ်၊ ပြည်သူ့ဥယျာဉ်ထဲမှာ စိုက်မယ်။ မဟာဗန္ဓုလပန်းခြံထဲမှာ စိုက်မယ်။ ဒီသုံးနေရာမှာ စိုက် မယ်။ ဂျပန်အစိုးရဘက်က အထက်လွှတ်တော်၊ အောက်လွှတ်တော်ဘက်က ထိပ်တန်းအရာရှိကြီးတွေ ပါမယ်။ နောက်ပိုင်းမှာ Tourism  ပိုင်းတွေပါလာမှာ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ် ခေါ်မယ့်အစီအစဉ်တွေ အများကြီး ရှိပါမယ်''ဟု ၎င်းကပြောသည်။


ဂျပန်-မြန်မာ ချယ်ရီပန်းပင် စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံတွင် တတိယအကြိမ် စိုက်ပျိုးခြင်းဖြစ် ပြီး ပထမအကြိမ်မှာ ကချင်ပြည် နယ်၊ ဒုတိယအကြိမ်မှာ နေပြည် တော်နှင့် တတိယအကြိမ်အနေ ဖြင့် ရန်ကုန်မြို့တွင် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အပူပိုင်း ဒေသဖြစ်သည့်အတွက် အပူပိုင်း ဒေသတွင် ခံနိုင်ရည်ရှိသော ချယ်ရီ ပန်း မျိုးစိတ်အပင်ကို စိုက်ပျိုးမည် ဖြစ်ပြီး ဂျပန်ဘုရင်၏ ချယ်ရီဖောင်ဒေး ရှင်းပရောဂျက်ဖြင့် စိုက်ပျိုးနေခြင်း ဖြစ်ကြောင်း သိရသည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top