HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော်ကို ပြည်နယ်မြို့တော် ဟားခါးမြို့ ၌ ကျင်းပမည်

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲတော်ကို ပြည်နယ်မြို့တော် ဟားခါးမြို့ ၌ ကျင်းပမည်

ဟားခါး၊ ဇန်နဝါနရီ ၈

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲ တော်ကို ဖေဖော်ဝါရီ ၂ဝရက်တွင် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ ဦးဝမ္မသူမောင်အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (၇၁)နှစ်မြောက် ချင်းအမျိုး သားနေ့ အခမ်းအနားအောင်မြင် စွာ ကျင်းပနိုင်ရေးပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချင်းပြည်နယ်အစိုးရအဖွဲ့အစည်း အဝေးခန်းမ၌ ဇန်နဝါရီလဆန်း ပိုင်းက ကျင်းပခဲ့ပြီး ယခုနှစ်ပြည် နယ်အဆင့်ကျင်းပမည့် ချင်းအမျိုး သားနေ့အခမ်းအနားကို ပြည်နယ် မြို့တော်ဟားခါးမြို့တွင် စည်ကား သိုက်မြိုက်စွာကျင်းပရန် ရွေးချယ် ခဲ့ကြောင်း ချင်းပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီး ယူထံမှ သိရသည်။

ချင်းအမျိုးသားနေ့ပွဲတော် ကို ချင်းရိုးရာခေါင်ကြွဲ (Khuang Cuai) ပွဲ၊ ရိုးရာနပန်းပြိုင်ပွဲ၊ အထွတ် အမြတ်တိုင်(ခ)ဘွေ့တိုင်စိုက်ထူပွဲ၊ ရိုးရာယဉ်ကျေးမှုအကများ ဖျော် ဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ ဌာန ဆိုင်ရာပြခန်းများဖြင့် ခင်းကျင်း ပြသကျင်းပမည်ဖြစ်သည်။ ချင်းအမျိုးသားနေ့ကို ၂ဝ၁၃ ခုနှစ်မှစတင်၍ ချင်းပြည်နယ်အစိုး ရအဖွဲ့ကိုယ်တိုင် ဦးစီးကျင်းပခဲ့ရာ ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ အခမ်းအနားများကို ဟားခါးမြို့ တွင် သုံးကြိမ်၊ မင်းတပ်မြို့တွင် တစ်ကြိမ်၊ ဖလမ်းမြို့တွင် တစ်ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။

DW

#democracytoday

Rate this item
(0 votes)
back to top