HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပြစ်ချက်ဟောင်း ရှိသူများကို သတင်းအရ ဖမ်းဆီးစစ်ဆေးရာ ခိုးမှု ၁၉ မှု ပေါ်ပေါက်

ပြစ်ချက်ဟောင်း ရှိသူများကို သတင်းအရ ဖမ်းဆီးစစ်ဆေးရာ ခိုးမှု ၁၉ မှု ပေါ်ပေါက်

ရန်ကုန်

ပြစ်ချက်ဟောင်းရှိပြီး ဆိုင်ကယ်ခိုးယူထားကြောင်း သတင်းရရှိထားသူများကို ဖမ်းဆီးစစ်ဆေးရာ ဆိုင်ကယ်ခိုးမှု ၁၉ မှု ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ ဇန်နဝါရီ ၉ ရက်တွင်သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ဒုစရိုက်မှုများ ရှာဖွေဖော်ထုတ်စုံစမ်းဖမ်းဆီးသွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ခိုး/ဆိုး/လု/နှိုက်သတင်းများ စုံစမ်းနေစဉ် ပြစ်ချက်ဟောင်းများရှိပြီး ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈) ရပ်ကွက်နေသူများဖြစ်သည့် အောင်ကိုဦး(ခ) ဗိုက်ပေါက် ၂၆ နှစ်၊ တင်အောင်ဝင်း(ခ)ဒိုးလေး ၂၃နှစ်၊ ရေတွင်းချောင်(၂၃)ရပ်ကွက်နေ ရဲသူ ၂၄ နှစ်တို့အား ဇန်နဝါရီ ၃ ရက်တွင် ၎င်းတို့ ၏နေအိမ်များ၌ အသီးသီးဖမ်းဆီးရမိခဲ့သည်။

ထို့နောက် အောင်ကိုဦး၏နေအိမ်မှ တွေ့ ရှိခဲ့သည့် ZHINENG အမျိုးအစားဆိုင်ကယ် တစ်စီးနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ၎င်းတို့သုံးဦးသည် ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၃)ရပ်ကွက်ဈေးအနီး ယုဇနဥယျာဉ်မြို့တော် တိုက်ခန်းရှေ့၌ အဆိုပါဆိုင်ကယ် ရပ်ထားသည်ကို တွေ့ရှိရသဖြင့် ဆော့ကတ်ဖြုတ်မောင်းနှင်ခိုးယူခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အသေးစိတ် ထပ်မံစစ် ဆေးရာ ၎င်းတို့သည် ၂ဝ၁၈ ခုနှစ်၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ (၈၉)ရပ်ကွက်အတွင်းမှ လမ်းဘေးတွင်ရပ်ထားသည့် JLM 110 အမျိုးအစားဆိုင်ကယ် တစ်စီး၊ ရပ်ကွက်လမ်းဆုံအနီးရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသည့် DAYUN 110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ FEKON 125 အမျိုးအစားဆိုင်ကယ်တစ်စီး၊ အလင်းပေါက်လက်ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားသည့် RJ Star 110  အမျိုးအစားဆိုင်ကယ်တစ်စီး၊ လူနေ လိုင်းခန်းရှေ့တွင် ရပ်ထားသည့် FELLING 110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ (၈၈)ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းတွဲတစ်ခုရှေ့၌ ရပ်ထားသည့် KENBO 110 အမျိုးအစား ဆိုင်ကယ်တစ်စီးတို့ကို ခိုးယူခဲ့ကြောင်း သိရသည်။


ထို့အပြင် KENBO 125 အမျိုးအစားဆိုင်ကယ်တစ်စီး၊ Tena Nova အမျိုးအစား ဆိုင်ကယ်တစ်စီး၊ (၉ဝ)ရပ်ကွက်အတွင်းရှိ ပျဉ် ထောင်အိမ်ရှိသောနေအိမ်ခြံဝင်းအတွင်းရပ်ထားသည့် SUPER THAI 125 အမျိုးအစားဆိုင်ကယ်တစ်စီး၊ KENBO CZI 125 အမျိုး အစားဆိုင်ကယ်တစ်စီး၊ (၇၇)ရပ်ကွက်ရှိ ဒန်ကိုဆီဆိုင်နောက်ကျောဘက်လယ်ကွင်းအတွင်းရပ်ထားသည့် DAYUN 110 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ (၈၅)ရပ်ကွက်၊ ဘုန်းကြီး ကျောင်းအနောက်ဘက်ရှိ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် Hi Bo Bo အမျိုးအစားဆိုင် ကယ်တစ်စီး၊ (၁၆၈)ရပ်ကွက်၊ လယ်သမားကွက်သစ်ရှိ နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့်JLM စာတမ်းပါ အနက်ရောင်ဆိုင်ကယ်တစ်စီး၊ (၉၈)ရပ်ကွက်၊ မထားစုဘောလုံးကွင်းအနီး၌ သော့တန်းလန်းနှင့်ရပ်ထားသည့် KENBO အမျိုးအစားဆိုင်ကယ်တစ်စီး၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်၊ (၁၂၄)ရပ်ကွက်ရှိ နှစ်ထပ်တိုက် အိမ်ရှိသောနေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် LUOJIA အမျိုးအစားဆိုင်ကယ်တစ်စီး၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ (၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ (၇)ကားဂိတ်အနီး ရပ်ထားသည့် LUOJIA 110 အမျိုးအစားဆိုင် ကယ်တစ်စီး၊ ရွာသာကြီးရပ်ကွက်၊ အကြော်တဲ မှတ်တိုင်အနီး ဈေးလမ်းပေါ်၌ ရပ်ထားသည့် LANJIA 110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ (၅၃)ရပ်ကွက်၊ အမှိုက်ကန်အနီးရှိ နေအိမ်ခြံအတွင်း ရပ်ထားသည့် FEILING 110 အမျိုး အစားဆိုင်ကယ်တစ်စီးတို့အား ခိုးယူရောင်းချ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ယင်းကဲ့သို့စစ်ဆေးပေါ်ပေါက်ချက်များအရ သက်သေခံဆိုင်ကယ်များကို ပြန်လည်သိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူ အောင်ကိုဦး (ခ)ဗိုက်ပေါက်ပါသုံးဦးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံဆိုင်ကယ်များနှင့် စပ်လျဉ်း၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းများသို့ သွားရောက်စုံစမ်းမေး မြန်းနိုင်ကြောင်းလည်းသိရသည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top