HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အလုပ်ခွင် တည်မြဲရေး တောင်းဆိုနေသည့် အုတ်ကျင်းဂုန်နီအိတ် စက်ရုံလုပ်သား ၃ဝဝ ကျော်က သုံးပွင့်ဆိုင် ညှိနှိုင်းမှု မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဟုဆို

အလုပ်ခွင် တည်မြဲရေး တောင်းဆိုနေသည့် အုတ်ကျင်းဂုန်နီအိတ် စက်ရုံလုပ်သား ၃ဝဝ ကျော်က သုံးပွင့်ဆိုင် ညှိနှိုင်းမှု မရမချင်း ဆက်လက်တောင်းဆိုသွားမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

အလုပ်ခွင်တည်မြဲရေးတောင်းဆိုနေသည့် အုတ်ကျင်းဂုန်နီအိတ်စက်ရုံမှလုပ်သား ၃ဝဝ ကျော်တို့သည် သုံးပွင့်ဆိုင်ညှိနှိုင်းမှုမရမချင်း တောင်း ဆိုမှုများလုပ်ဆောင်သွားမည်ဟုသိရသည်။ ရပ်တည်ရန်မလွယ်ကူတော့သဖြင့် ဇန်နဝါရီ ၉ ရက်တွင် စက်ရုံပိတ်သိမ်းရန် ကြေညာထားသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင် မြို့နယ်၊ ၁၄ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ကျော်ထက်ကျော် ကုမ္ပဏီပိုင် အုတ်ကျင်းဂုန်နီအိတ်စက် ရုံနှင့်ပတ်သက်ပြီး ယင်းစက်ရုံမှ လုပ် သား ၃ဝဝ ကျော်တို့သည် လုပ်ငန်း ခွင်တည်မြဲရေး၊ အလုပ်သမားဥပဒေ ပါခံစားခွင့်များရရှိရေး၊ ယင်းတို့သည်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ လွှဲ ပြောင်းငှားရမ်းထားသည့် လုပ်သား များဖြစ်သည့်အတွက် လုပ်ငန်းရှင် ဘက်မှအလုပ်မရှိသဖြင့် အလုပ်မ ခန့်အပ်နိုင်တော့ပါက အလုပ် သမားဥပေဒပါ အလုပ်ထုတ် နစ် နာကြေးများအတိုင်း အလုပ်မှ ထုတ်ပယ်၍မရရှိကြောင်း၊ ယင်း ကြောင့် လွှဲပြောင်းစာချုပ်ပါ အတိုင်းညှိနှိုင်းမှုဖြင့်သာ နစ်နာကြေးကို လက်ခံမည်ဖြစ်သည့်အတွက်ညှိနှိုင်းမှုမရရှိမချင်း တောင်းဆိုမှု များ အဆင့်ဆင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျော်ထက်ကျော် အလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

''ဒီနေ့တော့တို့တစ်တွေက အလုပ်ဆင်းသလိုပဲလာတယ်။ တို့ တစ်တွေရဲ့ တောင်းဆိုချက်တွေကို တောင်းတယ်။ တွေ့ဆုံညှိနှိုင်းခွင့် မရမချင်းတောင်းဆိုသွားမယ်။ ဒီ နေ့တော့ တွေ့ဆုံညှိနှိုင်းဖို့ သူတို့ ဘက်ကဘာမှပြောလာတာမရှိ သေးဘူး။ အဲဒါကြောင့် မနက်ဖြန် ရော သန်ဘက်ခါပါအလုပ်ဆင်း သလိုပဲ နံနက် ၇ နာရီကနေ ညနေ ၃နာရီအထိ စက်ရုံအပေါက်ဝရှေ့ မှာထိုင်ပြီး တောင်းဆိုသွားမယ်'' ဟု ဦးစိုးလွင်က ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၉ ရက်ကပြောသည်။ ယင်းတို့အနေဖြင့်လည်း လက်ရှိတွင် မိခင်ဝန်ကြီးဌာနဖြစ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ စာ တင်ထားကြောင်း၊ စက်ရုံရှေ့တွင် အထိုင်တောင်းဆိုတွေ့ဆုံခွင့်မရ ရှိပါက ငြိမ်းစုစီတင်၍လာမည့် ၁၄ ရက်တွင် စီတန်းလမ်းလျှောက် သွားမည်ဖြစ်ကြောင်း ဦးစိုးလွင်က ဆက်လက်ပြောကြားသည်။

 

''တို့တစ်တွေက စက်ရုံရော အလုပ်သမားတွေကိုပါ နှစ် ၅ဝ ရင်းနှီးမြှုပ်နှံမှုနဲ့ငှားရမ်းခဲ့တာလေ။ တကယ်လို့ လုံးဝမလုပ်နိုင်ရင် စက်ရုံကိုအစိုးရကိုပြန်အပ်ရမယ်လေ။ အခုဟာက အလုပ်သမားကျတော့ အလုပ်ထုတ်ပြီးတော့ စက်ရုံကျ တော့ ပြန်မအပ်ဘူးဆိုတော့ ဒါက ပုံမှန်မဟုတ်ဘူးလေ။ ဒါကြောင့် တောင်းဆိုရတာဖြစ်တယ်။ အခု ထိတော့ တို့အလုပ်သမား ၃၁၄ ဦးစလုံး တစ်ယောက်မှ နစ်နာ ကြေးယူထားတာမရှိသေးဘူး''ဟု ၎င်းကဆက်လက်ပြောကြားသည်။  အဆိုပါအလုပ်ရှင် အလုပ် သမားပြဿနာနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၈ ရက်တွင် အလုပ်သ မားဆက်ဆံရေးဦးစီးဌာန၊ အလုပ် ရုံ အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်ထွေ အုပ်၊ ကျော်ထက်ကျော်လုပ်ငန်း ပိုင်ရှင်နှင့် အလုပ်သမားကိုယ်စား လှယ်တို့တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း အလုပ်သမားကိုယ်စားလှယ်များဘက်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ညှိနှိုင်းမှုသာခံယူလိုသည် ဟုဆိုသဖြင့် ပြေလည်မှုမရရှိခဲ့ ကြောင်းသိရသည်။


''ဒီအလုပ်ရှင်အလုပ်သမား ပြဿနာနဲ့ပတ်သက်ပြီး ဆရာတို့ ၈ ရက်က ဒီအလုပ်သမားတွေကို အလုပ်ထုတ်တာ အလုပ်ရပ်စဲမှု နစ်နာကြေးက ဥပဒေနဲ့ညီ၊ မညီ သွားစစ်တော့ သူတို့အကုန်လုံး ဥပဒေနဲ့အညီ တွက်ချက်ပြီးပေး တာတွေ့ရတယ်။ သို့ပေမယ့် အလုပ် သမားကိုယ်စားလှယ်တွေက အ လုပ်သမားဥပဒေအရ ပေးတဲ့နစ် နာကြေးကိုတော့ ကျေနပ်တယ်။ သို့ပေမယ့် ဒီနစ်နာကြေးကိုမယူပါ ဘူး။ သူတို့အနေနဲ့က သူတို့ကိုလွှဲ ပြောင်းစဉ်က ချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရဲ့ ညှိနှိုင်းမှုကိုသာခံယူလိုပါတယ် ဆိုတဲ့အတွက် ဆရာတို့လည်း ဒီ အတိုင်းပြန်ခဲ့ရတယ်'' ဟု အလုပ် သမားဆက်ဆံရေးဦးစီးဌာန ရန်ကုန် တိုင်းဒေသကြီး ဦးစီးအရာရှိ ဦးကို ကိုနိုင်က ပြောသည်။

KSK

#democracytoday

Rate this item
(0 votes)
back to top