HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် အလှမယ်ရွှေအိမ်စည် ကျပ်သိန်း ၁ဝဝ ခံဝန်ဖြင့် အာမခံရရှိ

၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် အလှမယ်ရွှေအိမ်စည် ကျပ်သိန်း ၁ဝဝ ခံဝန်ဖြင့် အာမခံရရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၉

ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသည့် အလှမယ်ရွှေ အိမ်စည်ကို ကျပ်သိန်း ၁ဝဝ တန် ခံဝန်ဖြင့် အာမခံပေးလိုက်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တရား ရုံးမှသိရသည်။  ဇန်နဝါရီ ၉ ရက်က မင်္ဂလာ တောင်ညွန့်မြို့နယ်တရားရုံးတွင် အလှမယ်ရွှေအိမ်စည်ကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁ဝဝ ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၊ သတင်းပြန်ကြားရေး အရာရှိ မြို့နယ်တရားသူကြီး  ဦးခင်ကျော်က ''ဒီနေ့အမှုစတင် တရားစွဲတဲ့နေ့ပေါ့။ ရုံးချိန်းစတင် တဲ့နေ့မှာ အမှုကအာမခံပေးနိုင် တဲ့အမှုဖြစ်တယ်။ စွပ်စွဲခံရသူကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ နဲ့အညီ အချုပ်လွတ်ထုချေခွင့်ပြု ထားတယ်''ဟု ရုံးချိန်းအပြီးတွင် မီဒီယာများကိုပြောသည်။ ရွှေအိမ်စည်ကို အာမခံသူ နှစ်ဦးဖြင့် ကျပ်သိန်း ၁ဝဝ တန်ခံ ဝန်ဖြင့် အာမခံပေးခဲ့ခြင်းဖြစ် ကြောင်း ¤င်းကဆက်လက်ပြော သည်။ ရုံးချိန်းသို့ အလှမယ်ရွှေ အိမ်စည်လာရောက်ခဲ့ကြောင်း သိရသည်။


အမှုအခြေအနေနှင့်ပတ် သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားမည်ဖြစ်ကြောင်း အလှမယ်ရွှေအိမ်စည်က ပြောသည်။ ''စိတ်မပူပါနဲ့။ အရာအား လုံးအဆင်ပြေသွားမယ်''ဟု ၎င်းကမီဒီယာများကို ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။ ဇန်နဝါရီ ၂၂ ရက်ရုံးချိန်း တွင် တရားလိုဒေါ်စိုးယုဝေနှင့် တရားလိုပြသက်သေများကိုစစ် ဆေးရန် ချိန်းဆိုထားကြောင်း မြို့နယ်တရားသူကြီး ဦးခင်ကျော် ကပြောသည်။ အမှုတွင် တရားလိုအပါအ ဝင် တရားလိုပြသက်သေ ၁ဝ ဦး တင်ထားပြီး အရပ်သားသက်သေ ကိုးဦးနှင့် အမှုစစ် ရဲအုပ်တစ်ဦးတို့ ဖြစ်ကြောင်း ¤င်းကဆက်လက် ပြောသည်။ ယနေ့ရုံးချိန်းတွင် ဒေါ်စိုးယု ဝေက အလှမယ်ရွှေအိမ်စည်၏ မန်နေဂျာဟောင်းကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သေးကြောင်း သိရသည်။


အလှမယ်ရွှေအိမ်စည်သည် လူမှုကွန်ရက်စာမျက်နှာ၊ စာနယ်ဇင်းမီဒီယာအသီးသီးတို့တွင် Hello Madam Media Group Co.Ltd မန်နေဂျင်းဒါရိုက်တာ ဒေါ်စိုးယုဝေအား ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ အများပြည် သူ့အထင်မြင်လွဲမှားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ် ချက်ဖြင့် မဟုတ်မမှန် အသေရေ ဖျက်ပြောဆိုခြင်း၊ ရေးသားခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက် ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း တွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က တိုင်တန်းအမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးထံမှ သိရသည်။


ယင်းအမှုနှင့်ပတ်သက်ပြီး မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းမှ (ပ) ၅၅/၂ဝ၁၈ ၊ ၂ဝ၁၃ ခုနှစ် ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အလှမယ်ရွှေအိမ်စည်ကို အမှုဖွင့် ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခု ကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်းများ၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသေ ရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မ လျော်သြဇာသုံးခြင်း(သို့) ခြိမ်းခြောက် ခြင်းများပြုလုပ်ပါက ထောင်ဒဏ် နှစ်နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားကြောင်း သိရ သည်။ 

WYHW

#democracytoday

 

Rate this item
(0 votes)
back to top