HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အလုပ်ရှင်များက ဥပဒေပါ ခံစားခွင့်များကို မိမိတို့ အလုပ်သမားများအား အပြည့်အဝပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို ဥပဒေနှင့်အညီ တင်ပြတောင်းခံရန် လိုအပ်ဟုဆို

အလုပ်ရှင်များက ဥပဒေပါ ခံစားခွင့်များကို မိမိတို့ အလုပ်သမားများအား အပြည့်အဝပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများအနေဖြင့် မိမိတို့၏ ရပိုင်ခွင့်များကို ဥပဒေနှင့်အညီ တင်ပြတောင်းခံရန် လိုအပ်ဟုဆို

နေပြည်တော်၊ ဇန်နဝါရီ ၁ဝ 

အလုပ်ရှင်များက ဥပဒေပါခံစားခွင့်များကို မိမိတို့အလုပ်သမားများအား အပြည့်အဝပေးရန်လိုအပ်သကဲ့သို့ အလုပ်သမားများအနေဖြင့်လည်း မိမိတို့၏ရပိုင်ခွင့်များကို ဥပဒေနှင့် အညီတင်ပြတောင်းခံရန်လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားခဲ့သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ယနေ့ကျင်းပသည့် အလုပ်ရှင်အလုပ်သမား ပဋိပက္ခများနှင့်ပတ်သက်၍ လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသိန်းဆွေက အလုပ်ရှင်အလုပ်သမားများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို သိရှိလေးစားလိုက်နာရန်လိုအပ်သည့်အပြင် အလုပ်ရှင်များက ဥပဒေပါခံစားခွင့်များကို မိမိတို့ အလုပ်သမားများအား အပြည့်အဝပေးရန် လိုအပ်သကဲ့သို့ အလုပ်သမားများအနေ ဖြင့်လည်း မိမိတို့၏ရပိုင်ခွင့်များကိုဥပဒေ နှင့်အညီ တင်ပြတောင်းခံရန်လိုအပ်ပါ ကြောင်း၊ အကယ်၍ပြေလည်မှုမရရှိပါက သတ်မှတ်ထားသော ဥပဒေပါလုပ်ငန်းစဉ် များအတိုင်း ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ ဥပဒေနှင့်မညီသော ဆန္ဒပြမှုများဖြင့်ပိတ် ဆို့ဆန္ဒပြမှုများပြုလုပ်ခြင်းသည် အလုပ်ရှင် အလုပ်သမားများ၏ အကျိုးစီးပွားသာမက နိုင်ငံတော်၏အကျိုးစီးပွားကိုပါ ထိခိုက်နစ်နာမှုဖြစ်ပေါ်စေပါကြောင်း၊ ဥပဒေနှင့် မညီသောဆန္ဒပြမှုများ (Illegal Strike)ဖြစ်သည့် စက်ရုံအဝန်းအဝိုင်းပြင်ပတွင်သပိတ် စခန်းဖွင့်လှစ်သည့် လုပ်ဆောင်မှုများကို ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်မှုရှိသည့်ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများကိုဖိတ် ကြားဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဆိုပါ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်နိုင် မည့်နည်းလမ်းများ ထွက်ပေါ်လာခြင်းဖြင့် နောင်တွင်ဖြစ်ပွားလာမည့် ဥပဒေမဲ့ဆန္ဒပြ မှုများ၊ အကြမ်းဖက်မှုများကို မလိုလား အပ် ဘဲကြန့်ကြာမှုမရှိစေရေးအတွက် အချိန်မီလျင်မြန်စွာတားဆီး ဖြေရှင်းလာနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင် ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲဆောင် ရွက်ရခြင်းနှင့်ပတ်သက်၍ သတင်းထောက် များမှမေးမြန်းရာတွင် ''ယနေ့ကျင်းပရတဲ့ အစည်းအဝေးကတော့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ UMFCCI မှာ လစဉ်လုပ်ငန်း ရှင်တွေနဲ့တွေ့ဆုံပြီး စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့အတွက် ဆောင်ရွက်ဖွယ်ရာကိစ္စ တွေကိုဆောင်ရွက်နေပါတယ်။ အဲဒီအစည်း အဝေးမှာ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ်တာဝန်ရှိသူတွေက လတ်တ လော အထည်ချုပ်စက်ရုံတွေမှာ ဥပဒေမဲ့ ဆန္ဒပြမှုတွေရှိနေတယ်။ စက်ရုံဝန်ထမ်း တွေ ပိတ်ဆို့ဆောင်ရွက်နေတာတွေရှိနေ တယ်။ အဲဒါတွေကို သက်ဆိုင်ရာတည်ဆဲ ဥပဒေများနဲ့ ထိထိရောက်ရောက်အရေး ယူပေးဖို့တင်ပြပါတယ်။ အဲဒီလိုမဆောင် ရွက်ဘူးဆိုရင် ကုန်ထုတ်စွမ်းအားတွေကျ ပြီးတော့မှ နိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်နိုင်ပါ တယ်။ အဲဒီလိုတင်ပြတဲ့အခါမှာ ဒုတိယ သမ္မတ(၁)က တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် တာ ဝန်ရှိတဲ့ အဖွဲ့အစည်းတွေညှိနှိုင်းပြီးမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး တော့ ဒီကိစ္စတွေကို ဥပဒေနဲ့အညီ ဘယ်လို ဖြေရှင်းဆောင်ရွက်ရင် နောင်မှာလုပ်ငန်း ခွင်အေးချမ်းသာယာမှုရှိပြီးတော့မှ စနစ် တကျဆောင်ရွက်နိုင်မယ်ဆိုတာ လမ်းညွှန် တဲ့အတွက် ဒီရည်ရွယ်ချက်နဲ့ဆောင်ရွက် ခြင်းဖြစ်ပါတယ်။

 

ဒီနေရာမှာ တစ်ဆက် တည်းပြောချင်တာကတော့ ဒီလုပ်ငန်းခွင် အေးချမ်းသာယာဖို့အတွက်နဲ့ လုပ်ငန်းခွင် အတွင်းမှာ အငြင်းပွားမှုတွေမဖြစ်ပေါ်ဖို့ ဆိုတာ အလုပ်သမားဝန်ကြီးဌာနတစ်ခု တည်းနဲ့လည်း ဆောင်ရွက်လို့မရပါဘူး။ ဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ အလုပ်ရှင်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်သမားအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။ တချို့ကဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတာ ဥပဒေမှာဘာတွေ လုပ်ပိုင်ခွင့်တွေရှိတယ်ဆိုတာ မသိကြပါ ဘူး။ အဲဒီအတွက်လည်း ဝန်ကြီးဌာနအ နေနဲ့ မိမိရဲ့ဝန်ထမ်းတွေကို ဒီဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ပညာပေးတဲ့လုပ် ငန်းတွေဆောင်ရွက်နေတယ်။ အလုပ်ရှင် များကိုလည်း အလုပ်သမားများရဲ့ ရသင့်ရ ထိုက်တဲ့အခွင့်အရေးများကိုပေးဖို့၊ လုပ်ခ လစာတွေပေးဖို့ လိုအပ်တဲ့လုပ်ငန်းခွင်မှာ ထားရှိအပ်တဲ့ သတ်မှတ်ထားတဲ့အချက် အလက်တွေပြည့်စုံအောင် ဆောင်ရွက် ပေးဖို့ အမြဲပဲညွှန်ကြားပြီးဆောင်ရွက်နေ ပါတယ်။

 

ပညာလည်းပေးနေပါတယ်။ အထူးသဖြင့် HR မန်နေဂျာတွေက စနစ် တကျဆက်ဆံရေးကောင်းအောင် ဆောင် ရွက်ဖို့ စက်ရုံပိုင်ရှင်တွေစက်ရုံတာဝန်ရှိ တဲ့ပုဂ္ဂိုလ်တွေက ဒီလုပ်ငန်းခွင်အတွင်းမှာ စနစ်တကျ အမြဲတမ်းအချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ပြဿနာများကို လုပ်ငန်းခွင်အတွင်းမှာဖြေရှင်းနိုင် ဖို့ ဒါလေးကိုလည်းညှိနှိုင်းဆောင် ရွက်နေ တယ်။ ပညာပေးနေတယ်။ အလားတူပဲ အလုပ်သမားအဖွဲ့အစည်းတွေကိုလည်းသူတို့မှာ ဆန္ဒပြခွင့်ရှိတယ်။ သို့ရာတွင် ဥပဒေနဲ့အညီဖြစ်ဖို့ကောင်းတယ်။ ဥပဒေ နဲ့အညီဆောင်ရွက်ပေးပါလို့ ဒါညှိနှိုင်း ဆောင်ရွက်နေပါတယ်။ တစ်ဖက်ကပြော လို့ရတာကလည်း ဒီမိုကရေစီစနစ်ကိုကျင့် သုံးတာ မြန်မာနိုင်ငံအနေနဲ့ သက်တမ်းနု ပါသေးတယ်။ အားလုံးမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဒီဟာကိုလည်း အသစ် သဘောနဲ့ ဝိုင်းဝန်းဖြေရှင်းပြီးတော့ လုပ် ငန်းခွင်အေးချမ်းမှုရှိရေး၊ လုပ်ငန်းခွင်မှာ ပြဿနာဖြစ်ပေါ်လာရင်လည်း ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီးဦးသိန်းဆွေက ရှင်းပြခဲ့သည်။


ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်၊ အမျိုးသားလွှတ် တော်၊ ပြည်တွင်း၊ ပြည်ပအလုပ်သမား ဆိုင်ရာကော်မတီနှင့် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အ ကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦး ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန် ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

MP

#theyangontimes

Rate this item
(0 votes)
back to top