HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာဘက်မှ လုံခြုံရေးအရ ပိတ်ထားခဲ့သည့် ကျင့်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်

မြန်မာဘက်မှ လုံခြုံရေးအရ ပိတ်ထားခဲ့သည့် ကျင့်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

မြန်မာဘက်မှ လုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့သည့် ကျင့်စန်းကျော့ဂိတ်ကို ယနေ့ဇန်နဝါရီလ၁ဝရက် နံနက်၉နာရီတွင် ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျင့်စန်းကျော့ဂိတ် ၁၅ရက်ကြာ ယာယီပိတ်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ယင်းဂိတ်အား သတ်မှတ်ချက်နှင့် အညီတရားဝင်ပုံမှန် ဂိတ်ဖြစ်စေရေး ကိစ္စရပ်များအား နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်မှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့၊ ၁ဝ၅မိုင်ကုန်သွယ် ရေးဇုန်၊ သစ်သီးဝလံကုန်စည်ဒိုင် (ဥက္ကဋ္ဌ)ဦးစိုင်းမြင့်ဗိုလ်က''လမ်း ပိတ်ခဲ့တဲ့အတွက်ကြောင့် တောင် သူတွေနစ်နာဆုံးရှုံးမှုအတွက်က နိုင်ငံတော်အတွက် နစ်နာမှုပါပဲ။ ဒီလမ်းအသုံးပြုခြင်းက လမ်းခရီး လည်းတိုတယ်။ နောက်၁ဝ၅မိုင်က နေဘယ်မြို့မှ ဖြတ်သန်းသွားစရာ မလိုတဲ့အတွက်ကြောင့် ကုန်စည် စီးဆင်းမှုအပိုင်းမှာ အချိန်ပိုင်းနဲ့ ကုန်ကျစရိတ်ပိုင်းမှာပါ တောင်သူ တွေအတွက် ပိုမိုအကျိုးဖြစ်ထွန်း စေနိုင်သလို နိုင်ငံတော်အတွက် လည်း အကျိုးဖြစ်ထွန်းစေနိုင်မှာ ဖြစ်တဲ့အတွက် တရားဝင်ဂိတ်ဖြစ် သွားရင်တော့ပိုပြီး အကျိုးအမြတ် ရှိမှာပါ''ဟု ဇန်နဝါရီ ၁ဝ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ဝမ်တိန်ကုန်ချကွင်းသို့ ဝင်ရောက် ရာတွင် အသုံးပြုနေရသည့်အဓိက ဝင်ထွက်ပေါက်ဖြစ်သော ကျင့်စန်း ကျော့နယ်စပ်ဂိတ်ကို တရားဝင် ဖွင့်လှစ်နိုင်ရေးအပြင် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုအဆင်ပြေချော မွေ့စေရေးအတွက် နယ်စပ်ကုန် သွယ်ရေးဂိတ်များ ထပ်မံတိုးချဲ့ဖွင့် လှစ်နိုင်ရေးကိုပါ တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရ ဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံ ဆွေးနွေးမှုပြုခဲ့ကြောင်း သိရသည်။


မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ''ဒီဇင်ဘာ၂၇ရက် နေ့ ကျင့်စန်းကျော့လမ်းမပိတ်ခင် ကဒီလမ်းမှာ တစ်ရက်ကိုအစီးရေ ၁၂ဝပဲသွားလို့ရခဲ့တယ်။ အခုကျွန် တော်တို့ နယ်စပ်ကုန်သွယ်ရေးက တာဝန်ရှိသူတွေမူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်းက တာ ဝန်ရှိသူတွေ၁ဝ၅မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်နဲ့ ရေထွက်ပစ္စည်းဒိုင် ကတာဝန်ရှိသူတွေကတရုတ်နိုင်ငံ ကိုသွားရောက်ပြီး တရားဝင်ဖြစ် တဲ့ဝမ်တိန်ဂိတ်ကို ပြန်ဖွင့်ပေးဖို့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်မှ ဝမ်တိန်ဂိတ်ကိုဖွင့်ပေးတာပါ။ အဲ ဒီဂိတ်ပြန်ဖွင့်လိုက်တော့ တစ်ရက် ကိုကားအစီးရေ ၃၅ဝထိသွားလို့ ရပါတယ်။ တောင်သူတွေဆုံးရှုံးမှု ဖြစ်ခဲ့ရတာဟာ တရုတ်နိုင်ငံရဲ့ လက်ဗွေယူပြည်ဝင်ပြည်ထွက် စနစ်တွေစတင်ကျင့် သုံးချိန်က စပြီးထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး တယ်လို့ဆိုရမှာပဲ။ကုန်သွယ်ရေး နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ စဉ်ဆက်မပြတ်တွေ့ဆုံညှိနှိုင်း ပေါင်းစပ်လုပ်ကိုင်နေသလို မန္တ လေး-မူဆယ်ကုန်သွယ်ရေးလမ်း ကြောင်း လုံခြုံချောမွေ့စွာသွားလာနိုင် စေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပေါင်းစပ်လုပ်ကိုင်နေ ပါတယ်'' ဟုပြောသည်။


ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်မှစတင်၍ မူဆယ်၁ဝ၅မိုင်မှ နေ့စဉ်ရောင်းချသော ဖရဲသီး၊ သခွားသီးကားများသည် ကျင့်စန်း ကျော့ဝင်ထွက်ဂိတ်မှ တရုတ်နိုင်ငံ သို့ဝင်ရောက်ရာတွင် တရုတ်နိုင်ငံ ရှိ ဌာနများမှစစ်ဆေးရာတွင် အချိန် ကြန့်ကြာခြင်း၊ဝင်ရောက်သော လူဦးရေနှင့် တရုတ်စစ်ဆေးရေး ဝန်ထမ်းဦးရေမမျှတခြင်း၊အချိန် စောစွာပိတ်သိမ်းခြင်းစသည့် အ ကြောင်းအရာများမှစတင်၍ မူဆယ်တွင် ကုန်တင်ယာဉ်ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး၊ ဒီဇင်ဘာလ ၂၇ရက် တွင်အဆိုပါ ကျင့်စန်းကျော့ဝင် ထွက်ဂိတ်ကို မြန်မာဘက်မှလုံခြုံ ရေးအခြေအနေအရ ယာယီပိတ် ထားခဲ့ခြင်းကြောင့် သစ်သီးကား များ မူဆယ်တွင်အချိန်ကြာကာ ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ သခွားစိုက်ပျိုး တောင်သူဦးကျော်လွင်က ''ကျင် စန်းကျော့ဂိတ်နဲ့ ပတ်သက်ပြီး ကျွန် တော်တို့တောင်သူတွေ ဆုံးရှုံးနစ် နာခဲ့ရတာတွေက တောင်သူတွေ အတွက်သင်ခန်းစာပါ။ အတိုင်းအ တာတစ်ခု အထိမဆုံးရှုံးအောင် တောင်သူတွေ ရောင်းဝယ်တဲ့နေ ရာမှာစဉ်းစားဖို့ အချိန်ရသွားတာ ပေါ့။ ဒီလမ်းကတိုတော့ ဝမ်တိန် ဘက်ကိုသယ်ယူပို့ဆောင်ရေးစရိတ် အပြင် တစ်နေ့ခူးဆွတ်ပြီးသား သစ် သီးတွေကို အရည်အသွေးကောင်း မွန်စွာနဲ့ အချိန်တိုအတွင်းပို့ဆောင် ရောင်းဝယ်လို့ရပါတယ်။ လွယ်ကူ ချောမွေ့စွာကုန်သွယ်နိုင်တဲ့ တရား ဝင်ဂိတ်ဖြစ်ဖို့မျှော်လင့်ပါတယ်''ဟု ပြောသည်။ 

TEEP,PS

#theyangontimes

Rate this item
(0 votes)
back to top