HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်တိုင်း အစိုးရနှင့် အလဲဗင်းမီဒီယာတို့ ပြေလည်မှုရရှိ

ရန်ကုန်တိုင်း အစိုးရနှင့် အလဲဗင်းမီဒီယာတို့ ပြေလည်မှုရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

ရန်ကုန် တိုင်းဒေသကြီးအစိုးရနှင့် အလဲဗင်းမီဒီယာကြား ပြေလည်မှုရရှိပြီ ဖြစ်ကြောင်းသိရသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အလဲဗင်းမီဒီယာမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ဇန်နဝါရီ ၁ဝ ရက်တွင် မီဒီယာကောင် စီရုံး၌ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကာ ပြေလည်မှုရရှိခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းမှုအရ အလဲဗင်းမီဒီယာအနေနှင့် ယခုဖြစ်ပွားသည့် ပြဿနာနှင့်ပတ်သက်သည့် ဖြေရှင်းချက်စာကိုရေးသားကာ မီဒီယာ ကောင်စီသို့ ပေးပို့ရမည်ဖြစ် ကြောင်း၊ ယင်းစာကို မီဒီယာကောင်စီမှ ဝန်ကြီးချုပ်ထံပေးပို့မည်ဖြစ် ကြောင်းသိရသည်။

''တစ်ဖက်က ဒါနဲ့ပတ်သက်လို့ ပြေလည်အောင် သတင်းစာမှာ ပြန်ဖြေရှင်းပေးရမယ်။ ဥပဒေအရ ဖြေရှင်းပေးမယ့်စာကို ဝန်ကြီးချုပ်ဆီ ပြန်ပြမယ်။ ဝန်ကြီးချုပ်က ပြင်တာ ဆင်တာလည်းရှိကောင်းရှိမယ်။ အ ချောရေးပြီးတော့ ပြီးသွားကြမယ်။ အဓိပ္ပာယ်ကတော့ ပြီးပါပြီ။ ပြေ လည်သွားပါပြီ''ဟု သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌဟံသာဝတီ ဦးအုန်း ကြိုင်ကပြောသည်။ ယင်းဖြေရှင်းချက်စာကို ဇန်န ဝါရီ၁၁ရက်ထုတ် အလဲဗင်းနေ့စဉ် ၌ဖော်ပြမည်ဟု သိရသည်။ အလဲဗင်း၌ဖော်ပြခဲ့သည့် ဆောင်းပါးတွင် ''အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ချေးငွေ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ'' ဆောင်းပါးတွင် ပြည်သူ့ဘဏ္ဍာအား လူအမည်နှင့် ဆောင်ရွက်ထားကြောင်း၊ ပြည်သူ့ဘဏ္ဍာများနှင့် ရှယ်ယာထူ ထောင်ကာ ရလာသည့်ဘဏ္ဍာကို လူနာမည်ပြောင်းကာ တိုင်းပြည် ဘဏ္ဍာသည် အဆိုပါလူများအတွက် ဖြစ်သွားခြင်းမှာ မြန်မာနိုင်ငံတွင်ဖြစ် ခဲ့ဖူးသည့်ပြဿနာဖြစ်ကြောင်း စသည်ဖြင့် ပါဝင်သည်။


ယင်းဖော်ပြမှုသည် မှားယွင်းပြီး ဘဏ္ဍာငွေများသည် တိုင်းဒေသ ကြီးအစိုးရကို ကိုယ်စားပြုထားခြင်း သာဖြစ်ကြောင်း၊ DICA တွင် အချိန်မရွေး သွားရောက်စစ်ဆေး နိုင်ကြောင်း၊ မီဒီယာများအနေဖြင့် ဒေါသမသင့်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ ''ဒေါသသင့်နေလို့မရပါဘူး'' ဟု ဝန်ကြီးချုပ်က ဆွေးနွေးပွဲတွင် ပြောသည်။ အလဲဗင်းတွင်ဖော်ပြခဲ့သည့် ဆောင်းပါးပါအချက်အလက် များသည် လွှတ်တော်တွင်းဆွေး နွေးချက်များကို အခြေခံရေးသား ထားခြင်းဖြစ်ပြီး ယင်းအချက်အ လက်များသည် မည်သည့်နေရာက ရသည်ဆိုသည်နှင့်ပတ်သက်၍ ရန် ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံ မီဒီယာကောင်စီမှတစ်ဆင့်ဖြေရှင်းချက်ပေးပို့မည်ဖြစ်ကြောင်း အလဲဗင်းအယ်ဒီတာချုပ် ဦးကျော် ဇောလင်းက ပြောသည်။ 

HWA

#theyangontimes

Rate this item
(0 votes)
back to top