HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တက္ကသိုလ်များရှိ ဘာသာရပ် ဌာနများတွင် စီမံခန့်ခွဲရေး အဖွဲ့များ ဖွဲ့စည်းသွားရမည်၊ ပါမောက္ခနှစ်ဦးရှိသော ဌာနများတွင် ဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ တာဝန်ယူရမည် ဟုဆို

တက္ကသိုလ်များရှိ ဘာသာရပ် ဌာနများတွင် စီမံခန့်ခွဲရေး အဖွဲ့များ ဖွဲ့စည်းသွားရမည်၊ ပါမောက္ခနှစ်ဦးရှိသော ဌာနများတွင် ဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ တာဝန်ယူရမည် ဟုဆို

ရန်ကုန်၊ဇန်နဝါရီ ၁၁

တက္ကသိုလ်အသီးသီးရှိ ဘာသာရပ်ဌာနများ တွင် စီမံခန့်ခွဲရေးအဖွဲ့များကို ဖွဲ့ စည်းသွားရမည်ဖြစ်ပြီး ပါမောက္ခ နှစ်ဦးရှိသောဌာနများတွင် ဥက္ကဋ္ဌ တာဝန်ကို နှစ်နှစ်လျှင် တစ်ကြိမ်အလှည့်ကျတာဝန်ယူရမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။ တက္ကသိုလ်များတွင် ဘာသာ ရပ်ဌာနများ၏ သင်ကြားရေး၊သင် ယူရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ ဘာသာရပ်သင်ကြား ချိန်ခွဲဝေပေးခြင်း၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများစီမံခန့်ခွဲရေးကိစ္စရပ် များနှင့်ဌာနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဘာသာရပ်ဌာနစီမံခန့်ခွဲရေး အဖွဲ့များကို ဌာနတွင်းဖွဲ့စည်းတည် ထောင်မှုများ ပြုလုပ်သွားရမည်ဖြစ် ကြောင်း၊ ပါမောက္ခနှစ်ဦးရှိသော ဌာနများတွင် ဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင် တစ်ကြိမ်အလှည့်ကျတာ ဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုလုပ်တာကလည်း တစ်ခုကောင်းတယ်။ ပါမောက္ခ ဌာနမှူးဆိုတာက ဌာနမှာအကြီး ဆုံးပေါ့။ အခုကလိုအပ်ရင်ရွေး ကောက်ပွဲလုပ်ပြီး ဌာနမှူးတာဝန် ကိုရွေးချယ်တင်မြှောက်နိုင်တယ်။ ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျတာ ဝန်ယူခိုင်းတယ်ဆိုတာက တချို့ ကျောင်းတွေမှာ ပြဿနာနည်း နည်းရှိတယ်။ ဘာလဲဆိုတော့ ပါမောက္ခဌာနမှူးက ဂျူနီယာ၊ ပါမောက္ခက စီနီယာဖြစ်နေတာမျိုး တွေရှိတယ်။ အခုလိုအလှည့်ကျ တာဝန်ယူရမယ်ဆိုတော့ အဲဒီ ပြဿနာအတွက် ကောင်းသွားတာ ပေါ့။ ရွေးချယ်တင်မြှောက်ပြီးရင် တော့ လက်ရှိပါမောက္ခဌာနမှူးက ပြန်အရွေးမခံရဘူးဆိုရင်ဖယ်ပေး ရမှာပေါ့"ဟု အဆင့်မြင့်ပညာဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာအောင်အောင်မင်း က ဇန်နဝါရီ ၁၁ ရက်တွင်ပြော ကြားသည်။ 



စီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့များ ကို ဖွဲ့စည်းရာတွင်ပါမောက္ခ(ဌာနမှူး)သည်ဥက္ကဋ္ဌ၊ပါမောက္ခသည်ဒု တိယဥက္ကဋ္ဌ၊ ကထိက၊ လက် ထောက် ကထိက၊နည်းပြသရုပ်ပြ၊ ကျောင်းသားသမဂ္ဂမှ ကိုယ်စားလှယ်ငါးဦးတို့သည် အဖွဲ့ဝင်ဖြစ်ပြီး တွဲဖက်ပါမောက္ခသည် အတွင်းရေး မှူးအဖြစ် ဖွဲ့စည်းရမည်ဖြစ်ကြောင်းသိရသည်။ "တက္ကသိုလ်တွေမှာ ဌာနမှူးက ဘိုင်သေပဲနေရတာ။ အခုကနှစ်နှစ်တစ်ကြိမ်လုပ်ရမယ်၊ ဖယ် ပေးရမယ်ဆိုတဲ့သဘောဖြစ်နေတယ်။ ညွှန်ကြားချက်က မရှင်းမ လင်းဖြစ်နေတယ်"ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ကထိက ဒေါက်တာဇော်မျိုးလှိုင်ကပြော ကြားသည်။ ပညာရေးဝန်ကြီးဌာနအဆင့် မြင့်ပညာဦးစီးဌာနလက်အောက် တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဒီဂရီ ကောလိပ် ၄၀ ကျော်ရှိနေသည်။

ATK
#Democracytoday

Rate this item
(0 votes)
back to top