HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အိမ်ခြံမြေ အမွေကိစ္စနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦး ပြည်ထောင်စု တရားသူကြီးချုပ်ထံ တိုက်ရိုက် အထူးအယူခံလွှာ တင်

အိမ်ခြံမြေ အမွေကိစ္စနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦး ပြည်ထောင်စု တရားသူကြီးချုပ်ထံ တိုက်ရိုက် အထူးအယူခံလွှာ တင်

နေပြည်တော်၊ဇန်နဝါရီ ၁၁

အိမ် ခြံမြေအမွေကိစ္စနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးက နေပြည်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်၍ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးထံတိုက်ရိုက် အထူးအယူခံလျှောက်လွှာတင်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ်၊ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦးထံသို့ဦးအောင်ဆန်းဦး၏ အိမ်ခြံမြေ အမွေကိစ္စ အထူးအယူခံတင်ရခြင်း နှင့်ပတ်သက်၍ ဦးအောင်ဆန်းဦး ၏ ရှေ့နေဖြစ်သူ ဦးအေးလွင် (မိုး ဟိန်းကျော်) တရားလွှတ်တော် ရှေ့နေမှ "ပြည်ထောင်စုတရားစီရင် ရေးဥပဒေပုဒ်မ၂၀ အရ တရားသူကြီးချုပ်ဆီ တိုက်ရိုက်အထူး အယူခံဝင်ရောက်ခွင့်ပြုဖို့ ခွင့်ပြုချက်တောင်းတဲ့ လျှောက်လွှာကို တင်တာ ပြည်ထောင်စု တရားစီ ရင်ရေးဥပဒေပုဒ်မ ၂၀ အရ တရားသူကြီးချုပ်ဆီကိုတင်တယ် ဒီတင် တာက အထူးအယူခံဝင်ရောက်ခွင့် ရဖို့အတွက် တင်တာ။ ကာယက ရှင် မူလရုံးတရားလိုကိုယ်တိုင် အပြီး သတ်ဒီဂရီကတော့ ရပြီးသား။ 

အပြီးသတ်ဒီဂရီချမှတ်တာကို မ ကျေနပ်တဲ့အတွက် ထပ်ပြီးတော့ လျှောက်တာ။ ပြီးခဲ့တဲ့ တရားမ အထွေထွေလျှောက်လွှာအထူးဆို တာ ဝန်ကြီးနှစ်ပါး ထိုင်တယ်။ သဘာ ပတိနဲ့ အဖွဲ့ဝင်ထိုင်တဲ့အခါမှာ ပယ်တယ်ပေါ့။ ပယ်တော့ အထူး အယူခံဝင်ရောက်ခွင့် မရဘူး။ မရ တဲ့အတွက်ကြောင့် ၂၀၁၀ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၀ အရ တရားသူကြီး ချုပ်ကို တိုက်ရိုက်တင်တာ။ တရား သူကြီးချုပ်ရဲ့သဘောပဲ။ သူက ခွင့် ပြုရင် အထူးအယူခံသွားမယ်။ ခွင့် မပြုရင်လည်း ပယ်နိုင်တယ်။ သူ့ ဆီရောက်တဲ့အခါမှာ ခွင့်ပြုချက်ချ ပေးရင် အထူးအယူခံသွားမယ်။

အထူးအယူခံအမှုနံပါတ်လည်း ထွက်မယ်။ ထွက်တဲ့အခါမှာ တရား ပြိုင်အမကြီးဘက်က သမ္မာန်စာထုတ်ပြီးတော့ ရှေ့နေပါဝါတင်မယ်။ လျှောက်လဲချက်ထွက်ပေးရ မယ့်နေ့ကျမှ ကျွန်တော်တို့နှစ် ဖက်လျှောက်လဲချက် အပြိုင်ပေးရ မယ်။ ပေးပြီးကာမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ချုပ်အပါအဝင် တရားရေးဝန်ကြီး ဆယ်ပါးထိုင်ပြီးတော့ ကြားနားမယ်။ ဆုံးဖြတ်မယ်။ အဲဒီအဆင့် ရောက်ဖို့အတွက် အခုခွင့်တောင်း တာ။ တရားသူကြီးချုပ် ဆီကိုပါ။ ခွင့်မပြုရင်တော့ပြီးပြီ""ဟု သတင်း ထောက်များအား ပြောကြားခဲ့ သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ဦး အောင်ဆန်းဦးက ပြောကြားခဲ့ရာတွင် "ကျွန်တော်တို့ ပြောတာမှန် တယ်လို့ပဲယူဆရမယ်။ အရင်တုန်းကလည်းမှန်တယ်လို့ ယူဆရမယ့် အချက်တွေကိုကျွန်တော်တို့အယူ ခံတက်တုန်းကလည်း ပလပ်လိုက် တယ်။ နောက်ဆုံး ဥပဒေအတိုင်း ပဲအခုထက်ထိ လုပ်နေတုန်းပဲ။ ဥပဒေဘောင်အတွင်းက လုပ်နေ တုန်း။အဲ့ဒါကိုမှန်အောင် လုပ်ပေး သင့်တယ်။ သူတို့ယူထားတဲ့ တာဝန် ဝတ္တရားအရကျွန်တော့်ကို မှန်မှန် ကန်ကန်လုပ်ပေးဖို့ မီဒီယာကနေ တစ်ဆင့်ပြောချင်တယ်။ ကျွန်တော် တို့အဖေပြတိုက်က ရှိပြီးနေပြီ။ မိခင် ဒေါ်ခင်ကြည်လည်းသူလည်း အဲဒီပြတိုက်နဲ့ပတ်သက်လို့ ပါသင့်တဲ့နေရာမှာရှိနေပြီ။ ကျွန်တော်တို့က မိသားစုအနေနဲ့ ပါနေပြီ။ 

ဒါကြီးက ဘာလို့သမိုင်းဝင်လဲ ဟီလာရီကလင်တန်နဲ့ အိုဘားမားလာတယ်။ အဲဒီ သမိုင်းဝင်တယ်ဆိုတဲ့ဟာကြီးကလည်း ဒေါ်ခင်ကြည် နဲ့သူတို့တွေ့တာ မဟုတ်ဘူး။ ဒေါ် ခင်ကြည်ပြတိုက်အနေနဲ့ ဘာမှ သမိုင်းဝင်တာမဟုတ်ဘူး။ အဲ့လိုအ နေနဲ့။ သူတို့မလာခင်ကတည်းက ၂၀၁၂မှာ ကျွန်တော့်မှာ ပိုင်ဆိုင်မှု ကြီးရှိတယ်ဆိုတာ ပထမဒီဂရီမှာဆုံးဖြတ်ပြီးသား။ ဘာမှမဆိုင်ဘူး။ကျွန်တော်ပိုင်ဆိုင်မှုရှိတဲ့ဟာကြီး ကိုသူတို့က ပြတိုက်လုပ်ရမယ်ဆို ပြီးတော့ ဥပဒေကိုကျော်ပြီးတော့ လုပ်တာဆိုတာ အဓိပ္ပါယ်မရှိနိုင် ဘူး""ဟု သတင်းထောက်များသို့ ပြောကြားခဲ့သည်။ 

MP
#Democracytoday

Rate this item
(0 votes)
back to top